CBC ၏ အလွတ်သဘောတွေ့ဆုံဆွေးနွေးပွဲ ချင်းပြည်နယ်အစိုးရ ခွင့်မပြု

CBC ၏ အလွတ်သဘောတွေ့ဆုံဆွေးနွေးပွဲ ချင်းပြည်နယ်အစိုးရ ခွင့်မပြု

ချင်းနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(CBC)က ကြီးမှူးလျက် မင်းတပ်မြို့တွင် ကျင်းပမည့် ချင်းအမျိုးသားများ ပိုမို ညီညွတ်ငြိမ်းချမ်းရေးဆိုင်ရာ ဒေသနှင့် လူမှုပတ်ဝန်းကျင် ငြိမ်းချမ်းဖွံ့ဖြိုး ညီညွတ်ရေးဆိုင်ရာ ချင်းအမျိုးသားများ  ဒုတိယအကြိမ် အလွတ်သဘော တွေ့ဆုံဆွေးနွေးပွဲကို ချင်းပြည်နယ်အစိုးရက ခွင့်ပြုချက် မပေးကြောင်း သိရသည်။

ချင်းပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဦးစိုးထက်က “NRPC (အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန)ကနေ ခွင့်ပြုချက် ရမှပဲ ပြည်နယ်ကလည်း ခွင့်ပြုလို့ ရမှာ၊ ဘာဖြစ်လို့လဲဆိုတော့ အခု ကျင်းပမယ့်ပွဲမှာလည်း ချင်းအမျိုးသားတပ်ဦး(CNF)တွေ ပါဝင်နေတယ်။ ဘာသာရေးအတိုင်း လုပ်နေတာ မဟုတ်ဘူး။ ဘာသာရေးသီးသန့်ဆိုရင် ဘာဆိုဘာမှ မဖြစ်ဘူး။ အခုက နိုင်ငံရေးပါတီတွေလည်း ပါဝင်နေတယ်ဆိုတော့ NRPC ခွင့်ပြုချက် လိုတယ်”ဟုပြောသည်။

ဆွေးနွေးပွဲကို မင်းတပ်မြို့တွင် ဇန္နဝါရီ ၂၉ ရက်နေ့မှ ၃၀ ရက်နေ့အထိ ကျင်းပမည်ဖြစ်ပြီး ချင်းအမျိုးသားတပ်ဦးကိုယ်စားလှယ်အဖွဲ့ ၈ ဦးအတွက် NRPC ထံ ခွင့်ပြုချက်တင်ထားမှု မရမီ ပါဝင် တက်ရောက်ခွင့်ရရေးအတွက် ပြည်နယ်အစိုးရသို့ ခွင့်ပြုချက် တင်ထားခြင်း ဖြစ်သည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲကို မင်းတပ်မြို့အရှေ့ပြင်ရပ်ကွက်ရှိ ထွဋ်ခေါင်ကြီးဟိုတယ်တွင် ကျင်းပရန် စီစဉ်ထားခြင်းဖြစ်သည်။

May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း မြို့နယ်များနဲ့ မကွေးတိုင်း ယောဒေသအစပ်နေရာတွေကို စစ်ကော်မရှင်က ဧပြီလ ၃၀...
April 30, 2026
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို ဧပြီလ ၂၉ ရက်နေ့ မနက်ပိုင်း ၁၀ နာရီ ၁၅...
April 28, 2026
မင်းတပ်မြို့နဲ့ ဆယ်မိုင်ကျော်အကွာသာရှိတဲ့ မကွေးတိုင်း၊ ကံကြီးကျေးရွာထဲကို စစ်ကော်မရှင်တပ်တွေက...
April 27, 2026
ချင်းလက်နက်ကိုင် ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဖလမ်းမြို့ ကို အာဏာသိမ်းစစ်အုပ်စုက...