ဇလုံတောင် ဘုရားဖူးဧည့်သည် ဝင်ရောက်မှု ယမန်နှစ်ထက် နည်းပါးနေ

ဇလုံတောင် ဘုရားဖူးဧည့်သည် ဝင်ရောက်မှု ယမန်နှစ်ထက် နည်းပါးနေ

စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့နယ်ရှိ ဇလုံတောင်သို့ ဘုရားဖူးလာရောက်ကြသော ခရီးသွားဧည့်သည် အရေအတွက် ယမန်နှစ်ထက် နည်းပါး လျော့ကျသွားကြောင်း ဒေသခံများနှင့် တောင်တက်မော်တော်ယာဉ်အသင်းထံမှ သိရသည်။

"ဒီနှစ်က ရာဂဏန်းလောက်ပဲ၊ လွန်ခဲ့တဲ့နှစ်တွေက ကိုးရာ၊ တစ်ထောင်ကြားတွေပဲ။ ဒီနှစ်က ဘယ်လို ဖြစ်နေလဲဆိုတာကို မခန့်မှန်းနိုင်ဘူး"ဟု ဇလုံတောင် ဦးပဉ္ဇင်း ဦးအာလောကက မိန့်ကြားသည်။

နှစ်စဉ် ဒီဇင်ဘာလတွင် ခရီးသွားဧည့်သည်များ ပိုမို လာရောက်လေ့ ရှိကြောင်း၊ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလတွင် ကားအခေါက်ရေ ၂၇၀၀ ကျော် ပြေးဆွဲခဲ့ရသော်လည်း လွန်ခဲ့သော ၂၀၁၉ ဒီဇင်ဘာတွင်မူ ခေါက်ရေ ၆၀၀ ကျော် လျော့နည်းသွားကြောင်း ဇလုံတောင်တက်ကား ဂိတ်မှူး ဦးမြတ်ဦးက ပြောသည်။

"မိုးရွာပြီဆိုရင် ပိတ်ထားလိုက်တာကို ဂိတ်က။ လမ်းအခြေအနေအရ မနှစ်က အတွေ့အကြုံအရရော၊ ဒီနှစ် အတွေ့အကြုံအရရော ပိတ်ထားလိုက်တဲ့အတွက် တစ်ချို့က လာတယ်ဆိုရင် မတက်ရတော့ မလာချင်တော့ဘူး။ ရာသီဥတုလေး စုံစမ်းပြီးတော့ လာကြပါလို့တော့ ကျွန်တော်တို့က ပြောတယ်"ဟု ၎င်းက ဆက်ပြောသည်။

ယင်းသို့ ဘုရားဖူး ရီးသွားဧည့်သည် လာရောက်မှု နည်းပါးခြင်းသည် စီးပွားရေးနှင့် လမ်းပန်းဆက်သွယ်ရေး အဆင်မပြေမှုများကြောင့် အဓိက ဖြစ်နိုင်ကြောင်း ဦးမြတ်ဦးက ပြောသည်။

ဇလုံတောင်တက်ကားအသင်းသည် လက်ရှိ ကားစီးရေ ၁၈၀စီး ရှိပြီး ဆောင်းဦးကာလမှ မိုးဦးကျကာလအထိ ပြေးဆွဲလျက်ရှိသည်။

September 3, 2026
ရေပန်းစားသည့် ဆက်သွယ်ရေး လူမှုကွန်ရက်များဖြစ်ကြသော Viber နှင့် Telegram တို့မှတစ်ဆင့် အွန်လိုင်း...
September 2, 2026
မြစ်ကြီးနား-မန္တလေး-ရန်ကုန် လေယာဉ်လက်မှတ်များ ဝယ်ယူရန် ပိုမိုခက်ခဲလာပြီး နှစ်လဝန်းကျင်အထိ...
ဓာတ်ပုံ - (တောင်ကြီးမြို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီးတွင် RCSS/SSA မှ စဝ်အောင်မောင်းနှင့် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းတို့ တွေ့ဆုံစဉ်။ / Crd)
August 31, 2026
ရှမ်းပြည် တော်လှန်ရေးအတွင်း ပါဝင်ခဲ့သည့် ရှမ်းနီ တိုင်းရင်းသား အများအပြား ရှိခဲ့ဖူးပြီး...
ဓာတ်ပုံ - (ရှမ်းနီအသံ / ပုံဟောင်း)
August 28, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ် အပါအဝင် ပြည်နယ်တွင်း၌ ရက်သတ္တပတ်ကျော်အတွင်း ဆန်ဈေးနှုန်းများ သိသိ...