ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်းများ ဖိတ်ခေါ်

ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်းများ ဖိတ်ခေါ်

ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက လာမည့် ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် လွှတ်တော်ကိုယ်စားလှယ်လောင်းများ ဖိတ်ခေါ်ထားကြောင်း ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပူးတွဲ ဥက္ကဌ ဦးနိုးထန်ကပ်က ပြောသည်။

“ကျွန်တော်တို့ကတော့ ကိုယ်ရေးအကျဉ်းကို တောင်းတယ်၊ ၂၀၀၈ အခြေခံဥပဒေအရ ပညာအရည်အချင်း အသင့်အတင့်ဆိုရင် ရပြီ၊ လာလျှောက်တဲ့သူက မဟာရရင်တော့ ထည့်ရေးပေးမယ်၊ ပြီးတော့ လျှောက်တဲ့သူကို မြို့နယ်အဆင့်ကပဲ ရွေးချယ်ပေးမယ်၊ မြို့နယ်အဆင့်က ရွေးချယ်ခံရသူကို ဗဟိုတင်ပြီး အတည်ပြုမယ်၊ လျှောက်လွှာကို လာမယ့် ဧပြီလထိ လက်ခံမယ်”ဟု ဦးနိုးထန်ကပ်က  ပြောသည်။

ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်လိုသော ပုဂ္ဂိုလ်များသည် လျှောက်လွှာများကို သတ်မှတ်ကာလ ဖြစ်သော ၂၀၂၀ ပြည့်နှစ် ဧပြီလကုန်ရက် နောက်ဆုံးထားပြီး သက်ဆိုင်ရာ မြို့နယ်ကော်မတီရုံးများတွင် ရယူနိုင်ပြီဖြစ်ကြောင်း လူမှုကွန်ယက်တွင် ဖော်ပြထားသည်။

ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် ချင်းတိုးတက်ရေးပါတီ၊ ချင်းဒီမိုကရေစီအဖွဲ့ချုပ်နှင့် ချင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ပူးပေါင်းထားသည့် ပါတီဖြစ်သည်။

Most read this week

December 18, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခွန်လီ ( Khuangli )ကျေးရွာအနီးအနားကို မနေ့ဒီဇင်ဘာလ ၁၆ ရက်နေ့က...
December 17, 2025
ချင်းပြည်နယ်ရှိ ချင်းဘာသာစကားများ အပါအဝင် မြန်မာပြည်ရှိ ဘာသာစကား (၂၀) မျိုးဖြင့်...
December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...