ကချင်ပြည်နယ် အမည်ပြောင်းလဲပေးရန် မြန်မာပြည်မြောက်ပိုင်း ရှမ်းရေးရာအဖွဲ့ သဘောထား ထုတ်ပြန်

ကချင်ပြည်နယ် အမည်ပြောင်းလဲပေးရန် မြန်မာပြည်မြောက်ပိုင်း ရှမ်းရေးရာအဖွဲ့ သဘောထား ထုတ်ပြန်

ကချင်ပြည်နယ်ကို ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံအရ သတ်မှတ်ပေးခဲ့သော်လည်း ရှမ်းတိုင်းရင်းသားများ နေထိုင်ရာဒေသ အများဆုံးကို ထည့်သွင်း သတ်မှတ်ပေးခဲ့မှုများကြောင့် ပြည်နယ်အမည်အား ပြန်လည်သတ်မှတ်ပေးရန်အတွက် မြန်မာပြည်မြောက်ပိုင်း ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့က ထုတ်ပြန်ကြေညာခဲ့သည်။

 အဆိုပါ သဘောထားကြေညာချက်ကို ဇန်နဝါရီ ၉ ရက်နေ့က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည် ။

“ ငါတို့ ရှမ်းမြို့ရှမ်းရွာတွေကို ကချင်ပြည်နယ်ထဲ သွပ်သွင်းခံရတော့ ငါတို့ကလည်း အစကတည်းက မကြိုက်ဘူး၊ အစိုးရက လုပ်ထားတဲ့ဟာဆိုတော့ ၊ သူတို့ ကချင်မှာလည်း ဂျိမ်းဖောပြည်နယ် ၊ ကချင်ပြည်နယ်ဆိုပြီး အငြင်းပွားနေတာတွေရှိတယ် ၊ ငါတို့လည်း ငါတို့ရဲ့ သဘောထားတွေကို ဖော်ထုတ်တာ ” ဟု ရှမ်းမျိုးနွယ်စုရေးရာမှ ဥက္ကဌ ဦးစိုင်းစန်းဝေက ပြောသည်။

 ဇန်နဝါရီလ (၁၀) ရက်နေ့ကို ကချင်ပြည်နယ်အဖြစ်သတ်မှတ်ထားပြီး ယခုနှစ်လျှင် (၇၂)နှစ် ရှိပြီ ဖြစ်သည်။

ထိုထုတ်ပြန်ချက်တွင် ဗန်းမော်ခရိုင် ၊ ကသာခရိုင် ၊ ပူတာအိုခရိုင်တို့အား ၁၉၄၈ ခုနှစ်တွင် ကချင်ပြည်နယ်ထဲသို့ သွပ်သွင်းသတ်မှတ်ခဲ့ကြောင်း ၊ ထိုဒေသများသည် ရှမ်းတိုင်းရင်းသားများ အများဆုံးနေ ထိုင်သည့် နယ်မြေဒေသများလည်း ဖြစ်သည်ဟု ရေးသားထားသည်။

ယင်းသို့ သွတ်သွင်းလိုက်မှုများကြောင့် ရှမ်းတိုင်းရင်းသားများမှာ တိုင်းရင်းသားလူမျိုးစုတစ်ခု၏ ရပိုင်ခွင့် အခွင့်အရေးများကို ဆုံးရှုံးခဲ့ရသည်ဟု ရှမ်းနီတိုင်းရင်းသားများက ပြောဆိုကြသည်။

September 3, 2026
ရေပန်းစားသည့် ဆက်သွယ်ရေး လူမှုကွန်ရက်များဖြစ်ကြသော Viber နှင့် Telegram တို့မှတစ်ဆင့် အွန်လိုင်း...
September 2, 2026
မြစ်ကြီးနား-မန္တလေး-ရန်ကုန် လေယာဉ်လက်မှတ်များ ဝယ်ယူရန် ပိုမိုခက်ခဲလာပြီး နှစ်လဝန်းကျင်အထိ...
ဓာတ်ပုံ - (တောင်ကြီးမြို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီးတွင် RCSS/SSA မှ စဝ်အောင်မောင်းနှင့် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းတို့ တွေ့ဆုံစဉ်။ / Crd)
August 31, 2026
ရှမ်းပြည် တော်လှန်ရေးအတွင်း ပါဝင်ခဲ့သည့် ရှမ်းနီ တိုင်းရင်းသား အများအပြား ရှိခဲ့ဖူးပြီး...
ဓာတ်ပုံ - (ရှမ်းနီအသံ / ပုံဟောင်း)
August 28, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ် အပါအဝင် ပြည်နယ်တွင်း၌ ရက်သတ္တပတ်ကျော်အတွင်း ဆန်ဈေးနှုန်းများ သိသိ...