ချင်းမြောက်ပိုင်းတွင် ခရီးသွားလာမှု ယခင်နှစ်ထက် သိသိသာသာ တိုးလာဟု ဆို

ချင်းမြောက်ပိုင်းတွင် ခရီးသွားလာမှု ယခင်နှစ်ထက် သိသိသာသာ တိုးလာဟု ဆို

ချင်းပြည်နယ် မြောက်ပိုင်းတွင် လာရောက်လည်ပတ်သည့်ခရီးသည်များ ယခင်နှစ်ထက် သိသိသာသာတိုးတက်လာကြောင်း ခရီးသည်များ လိုက်လံပို့ဆောင်ပေးသူ ကိုလှိုင်ထွန်းထံမှ သိရသည်။

“ဒီနှစ်က များတယ်၊ Tour ကုမ္ပဏီတွေဝင်တာများတယ်၊ အဓိက ရန်ကုန် မန္တလေးဘက်ကပေါ့၊ လူဦးရေ အရင်ထက်စာရင် အရမ်းပိုတက်တာပေါ့၊ ကိုယ့်အစီစဉ်နှင့်ကို လာတဲ့လူတွေလည်း တော်တော်များတယ်၊ ကျနော့်ကိုဘဲ ခရီးသွားလာဖို့ အကြံညဏ်တောင်းတာတောင် ၁၁လိပိုင်းနှင့် ၁၂လပိုင်းမှာတော်တော်များတယ်၊ ၁၂လပိုင်းဆိုရင် တစ်လလုံးပြည့်တယ်”ဟု ကိုလှိုင်ထွန်းက ပြောသည်။

ချင်းပြည်နယ်မြောက်ပိုင်းကို လာရောက်လည်ပတ်သည့် ခရီးသည်များအနေဖြင့် ကနေဒီတောင်နှင့် ရိဒ်ရေကန်သို့ အဓိက လာရောက်လည်ပတ်ကြပြီး ကနေဒီတောင်သို့ ကလေးမြို့မှ လမ်းလျှောက်ပြီး သွားရောက်လည်ပတ်သည့် ခရီးစဉ်လည်း စိတ်ဝင်စားမှုမြင့်တက်လာကြောင်း သိရသည်။

ချင်းပြည်နယ် ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာနမှ ပြည်နယ်တာဝန်ခံ ဦးအောင်ဖြိုးမှ “ချင်းပြည်နယ်က လွန်ခဲ့တဲ့ သုံးနှစ်လောက်ကတော့ တိမ်မြုပ် ပျောက်ကွယ်နေတဲ့ နေရာဒေသတစ်ခုပါ၊ အဲဒီလို နေရာဒေသကို ခရီးသွားဒေသအသစ် တစ်ခုအနေနဲ့ ဖော်ထုတ်ခဲ့ပြီဆိုတော့ နောက်ပိုင်းကျရင်လည်း ဒီထက်ပိုပြီး ခရီးသွားလာမှုများတဲ့ ဒေသတစ်ခုဖြစ်လာမှာပါ၊ လာရောက်လည်ပတ်တဲ့ ခရီးသည်တွေကို အရည်အသွေးမြင့်တဲ့ ခရီးစဉ်တွေကို ပေးနိုင်ဖို့ ဆက်လက်လုပ်ဆောင်သွားမှာပါ”ဟု ပြောသည်။

ချင်းပြည်နယ်မြောက်ပိုင်းသည် ယခင်က ချင်းပြည်နယ်တောင်ပိုင်းထက် လာရောက်လည်ပတ်သည့် ခရီးသည် ပိုမိုနည်းပါးခဲ့သော်လည်း ယခုနှစ်ပိုင်းအတွင်း လာရောက်လည်ပတ်သူ မြင့်တက်လာခဲ့ခြင်းဖြစ်သည်။

May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း မြို့နယ်များနဲ့ မကွေးတိုင်း ယောဒေသအစပ်နေရာတွေကို စစ်ကော်မရှင်က ဧပြီလ ၃၀...
April 30, 2026
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို ဧပြီလ ၂၉ ရက်နေ့ မနက်ပိုင်း ၁၀ နာရီ ၁၅...
April 28, 2026
မင်းတပ်မြို့နဲ့ ဆယ်မိုင်ကျော်အကွာသာရှိတဲ့ မကွေးတိုင်း၊ ကံကြီးကျေးရွာထဲကို စစ်ကော်မရှင်တပ်တွေက...
April 27, 2026
ချင်းလက်နက်ကိုင် ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဖလမ်းမြို့ ကို အာဏာသိမ်းစစ်အုပ်စုက...