ရှမ်းပြည်မြောက်ပိုင်း မြန်မာအစိုးရတပ် နှင့် KIA တိုက်ပွဲ ဖြစ်ပွား

ရှမ်းပြည်မြောက်ပိုင်း မြန်မာအစိုးရတပ် နှင့် KIA တိုက်ပွဲ ဖြစ်ပွား

ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် မုန်းဘော် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း (၃၆) နယ်မြေမှာ မြန်မာအစိုးရတပ်နှင့် ယနေ့ ဒီဇင်ဘာလ (၂၀)ရက်နေ့ နံနက်ပိုင်းမှ တိုက်ပွဲဖြစ်ပွားနေသည်။

KIA တပ်ရင်း (၃၆) တပ်ဖွဲ့များရှိသော Mungbaw (မုန်းဘော်)ကျေးရွာ အနီး Maw Tawng နှင့် Mungli လမ်းခွဲသို့ အစိုးရစစ်ကြောင်းများ တက်လာသောကြောင့် KIA ဘက်က ခုခံတိုက်ခိုက်ရာမှ တိုက်ပွဲဖြစ်ပွားကြောင်း KIA တပ်ရင်း (၃၆) သတင်းရပ်ကွက်က ဆိုသည်။

“တပ်ရင်း (၃၆)တွေရှိနေတဲ့ Maw Tawng နဲ့ Mungli လမ်းခွဲဘက်ကို မြန်မာစစ်ကြောင်းတွေ တက်လာတာလို့ ခုခံတိုက်ခိုက်တာပါ” ဟု အမည်မဖော်သူ KIA အရာရှိ တစ်ဦးက ကချင်သတင်းဌာန KNG ကို အတည်ပြုပြောပါသည်။

ရှမ်းပြည်မြောက်ပိုင်း KIA တပ်မတော် (၆) နယ်မြေ မူဆယ်ခရိုင်၊ မုံးကိုဒေသသို့ ပြီးခဲ့သည့် တစ်ပတ်ကျော်က တပ်မတော်စစ်ကြောင်းများ တက်လာသည်ဟု ဒေသခံများ ဆိုပါသည်။

January 10, 2026
စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲက NSCN-K ယုန်းအောင်အဖွဲ့ စိုးမိုးထားတဲ့...
January 9, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် နမ့်ဖတ်ကာမြို့အနီး နမ့်အွမ်ကျေးရွာမှာ ဒေသခံတွေထိန်းသိမ်းထားတဲ့...
January 7, 2026
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ရဒေသဖြစ်တဲ့ လေရှီး၊ လဟယ်၊ နန်းယွန်းမြို့နယ်တွေမှာ...
January 7, 2026
ကသာမြို့လုံးကျွတ် နီးပါး ဘေးလွှတ်ရာကို စစ်ဘေးတိမ်းရှောင်နေကြရချိန် ဒေသခံတချို့ဟာ...