ရှမ်းပြည်မြောက်ပိုင်း မြန်မာအစိုးရတပ် နှင့် KIA တိုက်ပွဲ ဖြစ်ပွား

ရှမ်းပြည်မြောက်ပိုင်း မြန်မာအစိုးရတပ် နှင့် KIA တိုက်ပွဲ ဖြစ်ပွား

ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် မုန်းဘော် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း (၃၆) နယ်မြေမှာ မြန်မာအစိုးရတပ်နှင့် ယနေ့ ဒီဇင်ဘာလ (၂၀)ရက်နေ့ နံနက်ပိုင်းမှ တိုက်ပွဲဖြစ်ပွားနေသည်။

KIA တပ်ရင်း (၃၆) တပ်ဖွဲ့များရှိသော Mungbaw (မုန်းဘော်)ကျေးရွာ အနီး Maw Tawng နှင့် Mungli လမ်းခွဲသို့ အစိုးရစစ်ကြောင်းများ တက်လာသောကြောင့် KIA ဘက်က ခုခံတိုက်ခိုက်ရာမှ တိုက်ပွဲဖြစ်ပွားကြောင်း KIA တပ်ရင်း (၃၆) သတင်းရပ်ကွက်က ဆိုသည်။

“တပ်ရင်း (၃၆)တွေရှိနေတဲ့ Maw Tawng နဲ့ Mungli လမ်းခွဲဘက်ကို မြန်မာစစ်ကြောင်းတွေ တက်လာတာလို့ ခုခံတိုက်ခိုက်တာပါ” ဟု အမည်မဖော်သူ KIA အရာရှိ တစ်ဦးက ကချင်သတင်းဌာန KNG ကို အတည်ပြုပြောပါသည်။

ရှမ်းပြည်မြောက်ပိုင်း KIA တပ်မတော် (၆) နယ်မြေ မူဆယ်ခရိုင်၊ မုံးကိုဒေသသို့ ပြီးခဲ့သည့် တစ်ပတ်ကျော်က တပ်မတော်စစ်ကြောင်းများ တက်လာသည်ဟု ဒေသခံများ ဆိုပါသည်။

August 28, 2026
မြစ်ကြီးနား - မန္တလေး ကားလမ်းပိုင်း၊ အင်းတော်ကွင်းလမ်းတွင် ခရီးသွားယာဉ်နှင့် ကုန်ကား...
ဓာတ်ပုံ - (စစ်အုပ်စုတပ်ပါဝင်သည့် စက်လှေတစ်စီး ပစ်ခတ်တိုက်ခိုက်ခံရသည့် မြင်ကွင်း / Crd)
August 27, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် စစ်အုပ်စုတပ်က မော်တော်ယာဉ်၊ ကားသမားနှင့် အရပ်သားများကို အဓမ္မ...
ဓာတ်ပုံ - (ပူတာအိုဒေသအတွင်း တွေ့ရသည့် တန်ဂူးတန်ရဝမ် ပြည်သူ့စစ်အဖွဲ့ / Crd)
August 27, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်...
ဓာတ်ပုံ - (စစ်အုပ်စုတပ်၏ စစ်ရေယာဉ်အုပ်စု / Crd)
August 26, 2026
မန္တလေးမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ဘက်သို့ ဆန်တက်လာသည့် စစ်အုပ်စုတပ်၏ သင်္ဘောအုပ်စု...