ရခိုင်ပြည်နယ်ရှိ ကျောင်းသားများကို ပညာသင်ဆုပေးမည်

ရခိုင်ပြည်နယ်ရှိ ကျောင်းသားများကို ပညာသင်ဆုပေးမည်
မောင်ကံ ရခိုင်ပြည်နယ်၊ မောင်တောမြို့မှ အခြေခံပညာအထက်တန်းကျောင်းနှင့် ကျောင်းသူ/သားများ ကိုတွေ့ရစဉ်။
မောင်ကံ ရခိုင်ပြည်နယ်၊ မောင်တောမြို့မှ အခြေခံပညာအထက်တန်းကျောင်းနှင့် ကျောင်းသူ/သားများ ကိုတွေ့ရစဉ်။

ဖူးအိအိနွယ်  — ရခိုင်ပြည်နယ်ရှိ ထိခိုက်လွယ်သော အသိုင်းအဝိုင်းများမှ ကျောင်းသားများအနေဖြင့် အဆင့်မြင့်ပညာရေးကို လက်လှမ်းမှီစေရန်၊ လူမှုအသိုင်းအဝိုင်း အားလုံးကြားတွင် လူမှုရေး သဟဇာတ ရှိလာစေရန် ရည်ရွယ်ပြီး ရခိုင်ပြည်နယ်ရှိ ကျောင်းသားများကို ပညာသင်ဆုပေးမည့် အစီအစဉ်ကို စတင်သွားမည်ဖြစ်ကြောင်း သိရ သည်။

အဆိုပါ ပညာသင်ဆုပေးမည့် အစီအစဉ်ကို မြန်မာနိုင်ငံရှိ နော်ဝေးသံရုံးနှင့် ဒိန်းမတ်သံရုံးတို့က ကွဲပြားခြားနား မှုနှင့် အမျိုးသားရေး သဟဇာတ ဖြစ်မှုဆိုင်ရာ လေ့လာရေးအဖွဲ့ (CDNH)တို့ ပူးပေါင်းပြီး  ပထမဦးဆုံး အကြိမ် အဖြစ် ပြုလုပ်ခြင်း ဖြစ်သည်။

 မြန်မာနိုင်ငံဆိုင်ရာ နော်ဝေးသံအမတ်ကြီး Tone Tinnes “ဒီပညာသင်ဆု အစီအစဉ်က ပထမဆုံးအကြိမ် ဆောင်ရွက်တဲ့ အစီအစဉ်ပါပဲ။ ရခိုင်ပြည်နယ်က အခွင့်မသာတဲ့ လူတွေရဲ့ အခြေအနေတွေ အနာဂါတ်မှာ တိုးတက်လာဖို့ မျှော်လင့်ပါတယ်”ဟု ပြောသည်။



GA(ဘေလာ့) ရခိုင်ပြည်နယ်အတွင်းမှ အခြေခံပညာမူလတန်းကျောင်း တစ်ကျောင်းကိုတွေ့ရစဉ်။

ရခိုင်အကြံပေးကော်မရှင်မှ ဖွံ့ဖြိုးရေးဆိုင်ရာ စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရဆဲ ရခိုင်ပြည်နယ်တွင် အရည် အသွေးရှိသည့် ပညာရေးကို လက်လှမ်းမှီနိုင်အောင် ဆောင်ရွက်ပေးရေးကို အဓိက အကြံပေးထောက်ခံခဲ့ပြီး နိုင်ငံတကာ အသိုင်းအဝိုင်းမှလည်း ပါဝင်ပံ့ပိုးရန် တိုက်တွန်းထားခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံအမတ်ကြီး ဂျွန်နေလ်ဆင်က “ ဒီပညာသင်ဆုက ရခိုင်အကြံပေးကော်မရှင်ရဲ့ အကြံပြုချက်ကို အကောင်အထည်ဖော်ဖို့ ကူညီတာပါပဲ။ ရခိုင်ပြည်နယ်က ထိခိုက်လွယ်တဲ့ လူမှု အသိုင်းအဝိုင်း တွေက လူငယ်တွေအတွက် အနာဂတ်မှာ ပိုမိုကောင်းမွန်တဲ့ အခွင့်အလမ်းတွေ ရရှိရေးအတွက် အထောက် အကူပြုပြီး သူတို့ရဲ့ ဒေသခံလူမှု အသိုင်းအဝိုင်း အတွက်လည်း ဒီအစီအစဉ်က အပြောင်းအလဲကို ဖော်ဆောင် ပေးပါလိမ့်မယ်” ဟု ဆိုသည်။

ပညာသင်ဆု လျှောက်ထားနိုင်မည့်သူများမှာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင် အဆင့်မြင့်ပညာရေး ကောလိပ်၊ တက္ကသိုလ် တစ်ခုခုတွင် ပထမနှစ် သင်တန်းတက်ရန် အပ်နှံထားသူများ လျှောက်ထားနိုင်မည်ဖြစ်ပြီး ပညာရေး ကဏ္ဍ၊ အစိုးရနှင့် အရပ်ဘက် လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ပါဝင်သည့် ကော်မတီက ရွေးချယ် သွားမည်ဖြစ်ကြောင်း သိရသည်။

<><><><>

ပုံ -

ပုံ  -

ဒိုက်ဦးထောင်တွင် နိုင်ကျဉ်းများကို မိလ္လာခပ်ခိုင်းနေ
March 24, 2026
ဓာတု — ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများကို ဖိနှိပ်မှုများ...
March 23, 2026
စက်သုံးဆီ သုံးစွဲမှု လျှော့ချရေးအတွက် စစ်ကော်မရှင်လက်အောက်ခံ အရာထမ်း၊ အမှုထမ်း...
March 21, 2026
နိုင်ငံအတွင်း စက်သုံးဆီ ဈေးနှုန်းများသည် မတ် ၂၀  ရက်၌ ဆီအမျိုးအစားပေါ်မူတည်၍ ကျပ် ၁,၀၀၀...
March 20, 2026
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ယင်းမာပင်ခရိုင် အမှတ် (၃၅) တပ်ရင်းတပ်စခန်းကို...