ပြည်ထောင်စုအဆင့် ခွင့်ပြုမှသာချင်းပြည်နယ်၏ နယ်နိမိတ်ကိစ္စများကိုဖြေရှင်းပေးနိုင်မည်ဟုဆို

ပြည်ထောင်စုအဆင့် ခွင့်ပြုမှသာချင်းပြည်နယ်၏ နယ်နိမိတ်ကိစ္စများကိုဖြေရှင်းပေးနိုင်မည်ဟုဆို

ချင်းပြည်နယ် အစိုးရအနေဖြင့် နယ်နိမိန်တိုင်းတာမှုနှင့် ပတ်သက်ပြီး ပြည်ထောင်စုအစိုးရ၏ ခွင့်ပြုချက်ပေးမှသာဆက်လက်ပြီးနယ်နိမိတ်သက်မှတ်ခွင့် ရမည်ဟုချင်းပြည်နယ် စိုက်/မွေး/သစ်တော ဝန်ကြီးဦးမန်ဟင်ဒါလ်းကပြောသည်။

ဝန်ကြီးဦးမန်ဟင်ဒါလ်းက “ဒါကတော့ကျွန်တော်တို့ ပြည်ထောင်စုကိုတင်ထားတယ်၊ သူတို့ကခွင့်ပြုချက်ပေးမှ လုပ်လို့ရမယ်၊ နယ်နိမိတ်ကိစ္စနဲ့တော့ ပြသနာတော့ မရှိသေးဘူး၊ လိုအပ်ရင်တော့ လိုအပ်သလိုညိုမယ်လေ၊ ဒီအတွက် ကျွန်တော်တို့ တိုင်းတာမှုလည်းမစသေးဘူး” ဟုပြောသည်။

ဝန်ကြီးဦးမန်ဟင်ဒါလ်းက “ကျွန်တော်တို့ ညိုနိူင်းပြီးအကောင်အထည်ဖော်မယ်လေ၊ အဲဒါကြောင့် ဘယ်အချိန်အပြီးအစီးလုပ် နိူင်မလဲဆိုတာကတော့ ကျွန်တော်တို့ကလည်းပြောလို့မရသေးဘူး၊ ကျွန်တော်တို့ကလည်း မြန်မြန်လုပ်ချင်တယ်၊ ပြည်ထောင်စုကခွင့်ပြုမှပဲဖြေရှင်းပေးနိူင်မယ်” ဟုပြောသည်။

ယင်းကိစ္စနဲ့ပတ်သက်ပြီး ချင်းပြည်နယ် လယ်ယာမြေအတွက် လုပ်ရှားနေသူ ရပ်ရွာငြိမ်းချမ်းရေးနှင့် ဖွ့ံဖြိုးရေးရှေ့ဆောင် အဖွဲ့ခေါင်းဆောင် ကို GS Mang ကယခုလို မှတ်ချက်ပေးသည်။

GS Mang က “နယ်နိမိတ်ကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျွန်တော့်အမြင်ကတော့ ချင်းပြည်နယ်ကနေ စစ်ကိုင်းတိုင်းဒေသကြီးကို ကျူးကျော်တာလည်းရှိမယ်၊ စစ်ကိုင်းဖက်ကလည်း ကျူးကျော်တာရှိမယ်၊ ဆိုတော့ သူတို့ပြောတာ 1930 ခုနှစ်က ပြည်ထဲရေးဌာန အမိန့်ကြော်ငြာစာအမှတ် 680 အရ နယ်နိမိတ်ဘုတ်တိုင် ပြန်စိုက်မယ် ဆိုတဲ့ဟာကို အဲဒီအတိုင်း ပြန်လုပ်ဖို့ အဆင်မပြေတဲ့ အခြေအနေမျိုးလည်း ရှိနိူင်တယ်၊ ဘာဖြစ်လို့လဲ ဆိုတော့ ကျေးရွာအချို့တွေက ပြောင်းရွှေ့တာတွေရှိတယ်၊ ချက်ခြင်းပြုလုပ်နိူင်မယ့် အနေအထားလို့တော့ ကျွန်တော်မမြင်ဘူး၊ အချိန်ကာလ တစ်ခုယူပြီး နှစ်ဖက်ညိုနှိုင်းပြီးမှပဲ လုပ်လို့ရမယ်လို့ ကျွန်တော်ထင်တယ်” ဟု ဆိုသည်။

သူက ဆက်ပြီး “ချင်းပြည်နယ် အစိုးရအနေနဲ့တော့ အမြန်ဆုံးဖြေရှင်းပေးမယ်လို့ ကျွန်တော်မြင်တယ်၊ ဘာပဲဖြစ်ဖြစ် အစိုးရအနေဖြင့် သူတို့ကြီးပဲ မဟုတ်ပဲ ပြည်သူတွေ၊ ဒေသခံတွေကို ညိုနိူင်းပြီး လုပ်မှအဆင်ပြေမယ်လို့ ကျွန်တော်ယုံတယ်၊ ဒါတွေက မြန်မြန်လုပ်လို့လည်း မရတဲ့ကိစ္စလေ” ဟု ဆက်လက်ရှင်းပြသည်။

ချင်းပြည်နယ် အစိုးရအနေဖြင့် ပြည်ထောင်စုအဆင့်မှ ဖွဲ့ပေးထားသည့် နယ်နိမိတ်ပြန်လည်သတ်မှတ်ရေးကော်မတီနှင့် ပူးပေါင်းကာ နယ်နိမိတ်ဘုတ်တိုင် ပြန်လည်သတ်မှတ်ရန် လူထုတွေ့ဆုံမှုများ၊ ကွင်းဆင်းလေ့လာမှုများဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း မြို့နယ်များနဲ့ မကွေးတိုင်း ယောဒေသအစပ်နေရာတွေကို စစ်ကော်မရှင်က ဧပြီလ ၃၀...
April 30, 2026
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို ဧပြီလ ၂၉ ရက်နေ့ မနက်ပိုင်း ၁၀ နာရီ ၁၅...
April 28, 2026
မင်းတပ်မြို့နဲ့ ဆယ်မိုင်ကျော်အကွာသာရှိတဲ့ မကွေးတိုင်း၊ ကံကြီးကျေးရွာထဲကို စစ်ကော်မရှင်တပ်တွေက...
April 27, 2026
ချင်းလက်နက်ကိုင် ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဖလမ်းမြို့ ကို အာဏာသိမ်းစစ်အုပ်စုက...