မိုးညှင်းမြို့နယ်တွင် အိတ်စ်အိုင်ဗီပိုး ခံစားနေရသူ နှစ်ရာ ကျော်ထက် မနည်းရှိနေ

မိုးညှင်းမြို့နယ်တွင် အိတ်စ်အိုင်ဗီပိုး ခံစားနေရသူ နှစ်ရာ ကျော်ထက် မနည်းရှိနေ
မိုးညှင်းမြို့ရွှေသာလျောင်းဘုရား ကဇာတ်ရုံတွင်ပြုလုပ်သည့် ကမ္ဘာ့အေအိုင်ဒီအက်စ်နေ့ အခမ်းအနား
မိုးညှင်းမြို့ရွှေသာလျောင်းဘုရား ကဇာတ်ရုံတွင်ပြုလုပ်သည့် ကမ္ဘာ့အေအိုင်ဒီအက်စ်နေ့ အခမ်းအနား

မိုးညှင်းမြို့တွင် အိတ်စ်အိုင်ဗီပိုး ခံစားနေရသူ နှစ်ရာကျော်ထက် မနည်းရှိကြောင်း အိတ်စ်အိုင်ဗီ/ အေအိုင်ဒီအက်စ် အရေးလုပ် ဆောင်နေသည့် အားမာန်သစ်ကွန်ရက်မှ ပရောဂျက်မန်နေဂျာ နန်းသင်းသင်း စိုးကပြောသည်။

“ မိုးညှင်းမြို့နယ်မှာ ဆိုရင် ခြောက် ၊ ခုနှစ် ၊ ရှစ်၊ ကိုး ၊ တစ်ဆယ် ၊ စသည်အားဖြင့် ဒီသုံးလေး ငါးတန်းကနေပြီးတော့မှလည်း အိတ်စ်အိုင်ဗီခံစားနေရတဲ့ ကလေးတွေလည်းရှိတယ်၊ ပါဝင်တယ် ။ လူ ပေါင်းနှစ်ရာကျော်ဟာဆိုရင် အိတ်စ်အိုင်ဗီပိုးခံစားနေရတာဖြစ်တယ်” ဟု ၎င်းကဆိုသည်။

ကချင်ပြည်နယ်အတွင်း မူးယစ်ဆေးဝါးကြောင့် အိတ်စ်အိုင်ဗီ/အေအိုင်ဒီအက်စ် ကူးစက်ခံရမှုအ အများဆုံးဖြစ်သည်ဟု ၂၀၁၈ ခုနှစ် အိတ်စ်အိုင်ဗီ/အေအိုင်ဒီအက် သုတေသနစာတမ်းထဲတွင်ပြောကြား ထားသည်။

ဒီဇင်ဘာလ (၁) ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့အေအိုင်ဒီအက်စ်နေ့ အခမ်းအနားကို မိုးညှင်းမြို့ရွှေသာလျောင်း ကဇာတ်ရုံတွင် ပြုလုပ်ကျင်းပခဲ့သည်။

ထိုအခမ်းအနားကို မိုးညှင်းမြို့နယ်ရှိ အရပ်ဘက်အဖွဲ့အစည်းများ ၊ စာပေနှင့် ယဉ်ကျေးမှု အဖွဲ့များ ၊ ပြည်သူလူထုများ စုစုပေါင်း (၅၀၀) ကျော်တက်ရောက်ခဲ့သည်။

September 3, 2026
ရေပန်းစားသည့် ဆက်သွယ်ရေး လူမှုကွန်ရက်များဖြစ်ကြသော Viber နှင့် Telegram တို့မှတစ်ဆင့် အွန်လိုင်း...
September 2, 2026
မြစ်ကြီးနား-မန္တလေး-ရန်ကုန် လေယာဉ်လက်မှတ်များ ဝယ်ယူရန် ပိုမိုခက်ခဲလာပြီး နှစ်လဝန်းကျင်အထိ...
ဓာတ်ပုံ - (တောင်ကြီးမြို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီးတွင် RCSS/SSA မှ စဝ်အောင်မောင်းနှင့် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းတို့ တွေ့ဆုံစဉ်။ / Crd)
August 31, 2026
ရှမ်းပြည် တော်လှန်ရေးအတွင်း ပါဝင်ခဲ့သည့် ရှမ်းနီ တိုင်းရင်းသား အများအပြား ရှိခဲ့ဖူးပြီး...
ဓာတ်ပုံ - (ရှမ်းနီအသံ / ပုံဟောင်း)
August 28, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ် အပါအဝင် ပြည်နယ်တွင်း၌ ရက်သတ္တပတ်ကျော်အတွင်း ဆန်ဈေးနှုန်းများ သိသိ...