အိန္ဒိယအကူအညီဖြင့် ပြုလုပ်မည့် ကလေး-တီးတိန်-ရိဒ်လမ်း ၅ နှစ်ခန့်ကြာမည်ဟု ဝန်ကြီးပြော

အိန္ဒိယအကူအညီဖြင့် ပြုလုပ်မည့် ကလေး-တီးတိန်-ရိဒ်လမ်း ၅ နှစ်ခန့်ကြာမည်ဟု ဝန်ကြီးပြော

အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံ၏ အဓိက ကုန်သွယ်ရေးလမ်းဖြစ်သော ကလေး-တီးတိန်-ရိဒ်ဆက်သွယ်ရေးလမ်းကို ၅ နှစ်ခန့်ကြာမည် ဖြစ်ကြောင်း ချင်းပြည်နယ် အစိုးရ ပြောရေးဆိုခွင့်ရှိသူ စည်ပင် ဝန်ကြီး ဦး စိုးထက်ကပြောသည်။

ဝန်ကြီး ဦး စိုးထက်က “လမ်းကြောင်းအသစ်ကိုကျတော့ ကျွန်တော်တို့ မိုင် ၃၀ လောက်ပဲတိုင်းတယ်၊ အကုန်လုံးကတော့ မိုင် ၆၀ လောက်ဖြစ်မယ်၊ နှစ် နိုင်ငံကျွန်တော်တို့ Survey လုပ်ထားတာကတော့ ပြီးသွားပြီ၊ ပြီးတော့ လမ်းအူကြောင်း ပြီးသွားရင်တော့ ကျွန်တော်ထင်တယ် နောက်၅နှစ်လောက်ကျရင်တော့ ပြီးတော့မှာပေါ့၊” ဟု ပြောသည်။

အိန္ဒိယအစိုးရ၏ ကူညီမှုဖြင့် ပြုလုပ်မည့် ကလေး-ရိဒ် ဆက်သွယ်မည့် လမ်းကြောင်းကို ပြည်သူများ ဆုံးရှုံးမှုမရှိအောင်း စီစဉ်လျှက်ရှိပြီး၊ နှစ်နာကြေးအတွက်လည်း အစိုးရအနေဖြင့် ပေးဆောင်ပေးမည် ဖြစ်ကြောင်း သိရသည်။

ဝန်ကြီးက “ပြီးတော့ လမ်းအူကြောင်းလုပ်မယ်ဆိုတော့ တောင်ယာတွေ ဖျက်တာတွေရှိမယ်၊ ရွာတွေဖျက်တာတွေရှိမယ် အဲ့ဒီအတွက်လည်း လမ်းပန်းကနေ လုပ်ပေးဖို့ ဘတ်ဂျတ် လည်း လုပ်ထားပြီးပြီ၊ ဒါတွေကို ကျွန်တော်တို့ ပေးပြီးရင်တော့ ကျွန်တော်တို့ လုပ်ငန်းခွင်ကို စဝင်လို့ရပြီ” ဟုပြောသည်။

ယင်းနှစ်နိုင်ငံ ဆက်သွယ်ရေးလမ်းကို မိုင် ၆၀ ကျော်လုပ်ဆောင်သွားမည်ဖြစ်ပြီး နိုင်လွန်ကတ္တရာလမ်းခင်းမည် ဖြစ်ကြောင်း ချင်းပြည်နယ် လမ်းပန်း ဝန်ကြီးက ဆိုသည်။

ဝန်ကြီး ဦး ရွှေထီးအိုးက “သူတို့ လုပ်လိုက်ရင်တော့ Nylon ကတ္တရာ ဖြစ်မယ်၊ သူတို့ ကိုယ်တိုင်ကလည်း Nylon ကတ္တရာပဲလိုချင်ကြတယ်၊ အကုန်လုံး ၆၂ မိုင်ကျော်ဖြစ်မယ်၊ အမြန်လုပ်ဖို့ အိန္ဒိယ အစိုးရကို ဆက်သွယ်ရင်လည်း သူတို့ လုပ်မလို့တော့ အမြဲတမ်းပြောကြတယ်” ဟု ပြောသည်။ ပြီးခဲ့သည့် အောက်တိုဘာလ (၁၄) ရက်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦး ဟန်ဇော်နှင့် ချင်းပြည်နယ် ဝန်ကြီးချုပ် ဆလိုင်း လျန်လွယ်၊ ပြည်နယ်ဝန်ကြီးများနှင့် အိန္ဒိယနိုင်ငံအကူအညီဖြင့် ဆောင်ရွက်မည့် ရိခေါ်ဒါရ်-တီးတိန်ကားလမ်းကို ကွင်းဆင်းစစ်ဆေးခဲ့သည်။

Most read this week

December 18, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခွန်လီ ( Khuangli )ကျေးရွာအနီးအနားကို မနေ့ဒီဇင်ဘာလ ၁၆ ရက်နေ့က...
December 17, 2025
ချင်းပြည်နယ်ရှိ ချင်းဘာသာစကားများ အပါအဝင် မြန်မာပြည်ရှိ ဘာသာစကား (၂၀) မျိုးဖြင့်...
December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...