လိုင်ဇာ KIO အုပ်ချုပ်ရေးရုံးကုန်းကို မြန်မာစစ်တပ် လက်နက်ကြီးများ ပစ်ခတ်

လိုင်ဇာ KIO အုပ်ချုပ်ရေးရုံးကုန်းကို မြန်မာစစ်တပ် လက်နက်ကြီးများ ပစ်ခတ်

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ၏ အုပ်ချုပ်ရေးဌာန အနှစ် (၅၀)ပြည့် ကျေးဇူးတော်ချီးမွမ်း ဆုတောင်းပွဲကို ပြုလုပ်ရန် ပြင်ဆင်ထားသောနေရာ လိုင်ဇာမြို့ ကုန်းပေါ်ကို နိုဝင်ဘာလ (၇)ရက် ကြသာပတေးနေ့ည က မြန်မာအစိုးရတပ်မှ လက်နက်ကြီးများ ပစ်ခတ်ခဲ့ကြောင်း KIO အရာရှိများဆိုပါသည်။

“ယမန်နေ့ည မြန်မာစံတော်ချိန် ည ၁၁ နာရီကျော်လောက်မှာ လိုင်ဇာ DGA (အုပ်ချုပ်ရေး)ကုန်းပေါ်ကို မြန်မာစစ်တပ်မှ လက်နက်ကြီး (၈)ကြိမ်လောက် ပစ်ခတ်လို့ တချို့ ပြေးကုန်ကြတယ်” ဟု နာမည်မဖော်လိုသူ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) စစ်ဗိုလ် တစ်ဦး ကချင်သတင်းဌာန KNG ကို ပြောပါသည်။

လိုင်ဇာမြို့ပေါ် Alen Bum တောင်ကုန်းပေါ်ရှိ အဆိုပါ အထွေထွေအုပ်ချုပ်ရေးဌာန DGA (Department of General Administration) ရုံးစိုက်ရာ တောင်ကုန်းပေါ်မှာ ကျေးဇူးတော်ချီးမွမ်းပွဲတော်ကြီးကို နိုဝင်ဘာလ ၁၄၊ ၁၅ နှစ်ရက်ကြာ ကျင်းပရန် ပြင်ဆင်ထားခြင်းဖြစ်သည်။

ယခု ပစ်ခတ်မှုသတင်းကို KIO မှ တရားဝင် သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

June 13, 2026
ဂျာဘောက်ရာ — မြန်မာနိုင်ငံထဲမှာတော့ ကချင်ပြည်နယ်တင်မကဘဲ ရှမ်းပြည်နယ်ဘက်မှာလည်း...
June 11, 2026
ကချင်ပြည်နယ်၊ ရွှေကူ–ငအိုးဒေသတစ်ဝှိုက်နဲ့ ရွှေကူမြို့နယ်အတွင်း စစ်ရေးတင်းမာနေဆဲဖြစ်ပြီး...
June 10, 2026
ရှမ်းမြောက်၊ နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ကျေးရွာက အိုးမဲ့အိမ်မဲ့ဖြစ်သွားတဲ့ ပြည်သူတွေကို...
June 9, 2026
ကချင်ပြည်နယ် ရွှေကူ–ငအိုးလမ်းကြောတလျှောက်နဲ့ ရွှေကူမြို့နယ်တစ်ဝှိုက်မှာတော့ ဒီနေ့အထိ...