လိုင်ဇာ KIO အုပ်ချုပ်ရေးရုံးကုန်းကို မြန်မာစစ်တပ် လက်နက်ကြီးများ ပစ်ခတ်

လိုင်ဇာ KIO အုပ်ချုပ်ရေးရုံးကုန်းကို မြန်မာစစ်တပ် လက်နက်ကြီးများ ပစ်ခတ်

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ၏ အုပ်ချုပ်ရေးဌာန အနှစ် (၅၀)ပြည့် ကျေးဇူးတော်ချီးမွမ်း ဆုတောင်းပွဲကို ပြုလုပ်ရန် ပြင်ဆင်ထားသောနေရာ လိုင်ဇာမြို့ ကုန်းပေါ်ကို နိုဝင်ဘာလ (၇)ရက် ကြသာပတေးနေ့ည က မြန်မာအစိုးရတပ်မှ လက်နက်ကြီးများ ပစ်ခတ်ခဲ့ကြောင်း KIO အရာရှိများဆိုပါသည်။

“ယမန်နေ့ည မြန်မာစံတော်ချိန် ည ၁၁ နာရီကျော်လောက်မှာ လိုင်ဇာ DGA (အုပ်ချုပ်ရေး)ကုန်းပေါ်ကို မြန်မာစစ်တပ်မှ လက်နက်ကြီး (၈)ကြိမ်လောက် ပစ်ခတ်လို့ တချို့ ပြေးကုန်ကြတယ်” ဟု နာမည်မဖော်လိုသူ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) စစ်ဗိုလ် တစ်ဦး ကချင်သတင်းဌာန KNG ကို ပြောပါသည်။

လိုင်ဇာမြို့ပေါ် Alen Bum တောင်ကုန်းပေါ်ရှိ အဆိုပါ အထွေထွေအုပ်ချုပ်ရေးဌာန DGA (Department of General Administration) ရုံးစိုက်ရာ တောင်ကုန်းပေါ်မှာ ကျေးဇူးတော်ချီးမွမ်းပွဲတော်ကြီးကို နိုဝင်ဘာလ ၁၄၊ ၁၅ နှစ်ရက်ကြာ ကျင်းပရန် ပြင်ဆင်ထားခြင်းဖြစ်သည်။

ယခု ပစ်ခတ်မှုသတင်းကို KIO မှ တရားဝင် သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

January 10, 2026
စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲက NSCN-K ယုန်းအောင်အဖွဲ့ စိုးမိုးထားတဲ့...
January 9, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် နမ့်ဖတ်ကာမြို့အနီး နမ့်အွမ်ကျေးရွာမှာ ဒေသခံတွေထိန်းသိမ်းထားတဲ့...
January 7, 2026
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ရဒေသဖြစ်တဲ့ လေရှီး၊ လဟယ်၊ နန်းယွန်းမြို့နယ်တွေမှာ...
January 7, 2026
ကသာမြို့လုံးကျွတ် နီးပါး ဘေးလွှတ်ရာကို စစ်ဘေးတိမ်းရှောင်နေကြရချိန် ဒေသခံတချို့ဟာ...