သုံးပွဲဆက်တိုက် ဂိုးပြတ်နိုင်ပွဲရထားသည့် ချင်း U 12 အသင်း ကွာတားဖိုင်နယ်ကို ကစားသမား၁၂ဦးဖြင့် ဆက်လက်ကစားရမည်

သုံးပွဲဆက်တိုက် ဂိုးပြတ်နိုင်ပွဲရထားသည့် ချင်း U 12 အသင်း ကွာတားဖိုင်နယ်ကို ကစားသမား၁၂ဦးဖြင့် ဆက်လက်ကစားရမည်

ပြည်နယ်နှင့်တိုင်း ၁၂ နှစ်အောက် ဘောလုံးပြိုင်ပွဲတွင် ပွဲပယ်ခံရသူများ နေမကောင်းသူများရှိခြင်းကြောင့် သုံးပွဲဆက်တိုက် ဂိုးပြတ်နိုင်ပွဲရထားသည့် ချင်း U 12 အသင်း ကွာတားဖိုင်နယ်ကို ကစားသမား ၁၂ ဦးဖြင့် ဆက်လက်ရုံးကန်နေရမည်ဖြစ်ကြောင်းသိရသည်။

“၂ယောက်က အထုတ်ခံရတယ် ၂ယောက်ကနေမကောင်းဆိုတော့ ကွာတားဖိုင်နယ်ကို အဓိက ကစားသမား ၁၂ ဦးနဲ့ပဲ ဆက်လက် ရုံးကန်ရမှာဖြစ်တယ် ” လို့ ချင်း U-12 နည်းပြ ဦး ကီလိန်းထံမှ သိရသည်။

ကွာတားအဆင့်တွင် မနက်ဖြန်ယှဉ်ပြိုင်ကစားမည့် ရန်ကုန် Vs စစ်ကိုင်း ၊ ဧရာဝတီ Vs ကချင် တွင် နိုင်သည့် အသင်းအပေါ်မူတည်ပြီး ချင်း U-12 အသင်းဖြင့် ကွာတားဖိုင်နယ် အဆင့် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။

ကျန်ပြိုင်ပွဲများနဲ့ ပတ်သက်ပြီး ဦးကီးလိန်း မှ “ပုံမှန်တော့ training လုပ်တယ် တခြားသင်းကစားတဲ့ပွဲတွေကို ကြည့်ပြီးမှ သူတို့ရဲ့အားနည်းချက် အားသာချက်တွေကိုကြည့်ရတယ်” ဟုပြောသည်။

အားကစားသမား၁၂ ဦးဖြင့် ရုံးကန်ရမှာဖြစ်သော်လည်း ဗိုလ်စွဲမည့် အဆင့်ထိရောက်ပြီး အကောင်းဆုံးဆုများကိုလည်း ဆွတ်ခူးရန်ယုံကြည်ကြောင်း နည်းပြ ဦးကီးလိန်းထံမှ သိရသည်။

“လူစားအားလုံး ဒုတိယပိုင်းမှာ မဖြစ်မနေ လှဲရမှာ ဆိုတော့ နာတဲ့လူတွေကို ပထမပိုင်းမှာ တစ်ယောက် ဒုတိယပိုင်းမှာ ၁ယောက် အဲဒီပုံစံနဲ့ သွားရတယ် ပြီးတော့ ကျန်တဲ့ အမာခံထဲက ပိုကောင်းတဲ့လူကို ၂ပိုင်း လုံးကစားနိုင်အောင် ကျွန်တော်တို့ Line -Up ဆွဲရတယ် ဒီပုံစံနဲ့ပဲ ဆက်သွားရမှာဖြစ်တယ် “ဟု ယင်းမှ ထပ်ပြောသည်။

ချင်း U-12 ဘောလုံးအသင်းသည် အုပ်စု (C)တွင် ပဲခူးအသင်းကို ၆ဂိုး၂ဂိုး၊ရခိုင်အသင်းကို ၁၅ဂိုး ဂိုးမရှိ ၊ ရှမ်း(မြောက်) အသင်းကို ၈ဂိုး ဂိုးမရှိဖြင့်အုပ်စုဗိုလ်အဖြင့်ရပ်တည်ကာ ကွားတားဖိုင်နယ် အဆင့်ကို Oct၂၇ ရက်နေ့ မနက်၈နာရီတွင် ဆက်လက်ကစားသွားမည်ဖြစ်ကြောင်းသိရသည်။

May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း မြို့နယ်များနဲ့ မကွေးတိုင်း ယောဒေသအစပ်နေရာတွေကို စစ်ကော်မရှင်က ဧပြီလ ၃၀...
April 30, 2026
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို ဧပြီလ ၂၉ ရက်နေ့ မနက်ပိုင်း ၁၀ နာရီ ၁၅...
April 28, 2026
မင်းတပ်မြို့နဲ့ ဆယ်မိုင်ကျော်အကွာသာရှိတဲ့ မကွေးတိုင်း၊ ကံကြီးကျေးရွာထဲကို စစ်ကော်မရှင်တပ်တွေက...
April 27, 2026
ချင်းလက်နက်ကိုင် ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဖလမ်းမြို့ ကို အာဏာသိမ်းစစ်အုပ်စုက...