ဟားခါးကောလိပ်တွင် ကျောင်းသား ၄၃ဝထပ်တိုးမည်ဖြစ်ပြီး ကျောင်းနေဆောင်များအတွက်အခက်ခဲရှိနေ

ဟားခါးကောလိပ်တွင် ကျောင်းသား ၄၃ဝထပ်တိုးမည်ဖြစ်ပြီး ကျောင်းနေဆောင်များအတွက်အခက်ခဲရှိနေ

ချင်းပြည်နယ် ဟားခါးမြို့ရှိ ဟားခါးကောလိပ်တွင် လာမည့်နှစ်အတွက် ကျောင်းသား ၄၃ဝဦး ထပ်တိုးလာမည်ဖြစ်ပြီး ကျောင်းသားဦးရေတိုးလာသည်နှင့်အမျှ စာသင်ဆောင်များလုံလောက်သော်လည်း ကျောင်းနေအဆောင်များအတွက်အခက်ခဲရှိနေသေးကြောင်းသိရသည်။

“ဒီနှစ်က နေ့ကျောင်းသားဦးရေ ၄၃ဝဦး ထပ်တိုးလာမှာဖြစ်တယ်၊ ကျောင်းသားဆောင်ကတော့ လောလောဆယ် အဆင်ပြေတယ် ကျောင်းသူဆောင်က လောလောဆယ်အခက်ခဲရှိနေသေးတယ်၊ထပ်ပြီး မိန်းကလေးဆောင်ဆောက်နေတဲ့ဟာကလည်း ဒီဇင်ဘာလမှာမပြီးနိုင်လောက်ဘူး” ဟု မော်ကွန်းထိန်း ဦးမျိုးမင်း ထံမှ သိရသည်။

ဟားခါးကောလိပ်တွင် စာသင်ဆောင် (၅) ဆောင် နှင့် လူဦးရေ ၈၀ ကျော်ဆန့် မိန်းကလေးဆောင် (၁) ဆောင် ၊ ယောကျာ်းလေးဆောင် (၁) ဆောင်ရှိပြီး မိန်းကလေးဆောင်တွင် အဆောင်နေသူများ အပြည့်ရှိပြီး ယောက်ကျာင်္းလေးဆောင်တွင် ယောက် ၃၀ လောက်သာရှိသည်ဟုလည်း ယင်းထံမှ သိရသည်။

၎င်းကိစ္စနှင့်ပတ်သတ်ပြီး “ မိန်းကလေးဆောင် တစ်ဆောင် ရှိတယ်ဆိုတာကလည်း ဆရာတို့က အခုနည်းပညာဖက်က လူ (၁၀၀) ဆန့် တစ်ဆောင်ပြီးပြီလေ ဆိုတော့ အဲဒီ (၁၀၀) ဆန့်အဆောင်ကို ဆရာတို့က ယောကျာ်းလေးအဆာင်အဖြစ်ထားပြီး ဒီဘက်က နီးစပ်တဲ့ ၂ဆောင်ကို ၈၀-၈၀ နဲ့ မိန်းကလေးဆောင်လုပ်လိုက်ရင် အဆင်ပြေသွားမှာပါ “ ဟု ဟားခါးကောလိပ် ကျောင်းအုပ်ဆရာကြီး ဒေါက်တာ လျန်ဇခုပ် မှပြောကြားသည်။

ဟားခါးကောလိပ်ကို ၂၀၁၆ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး လက်ရှိတွင်နေ့ကျောင်းသားဦးရေ ၈၃၇ ဦးရှိကြောင်းသိရသည်။

Most read this week

December 18, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခွန်လီ ( Khuangli )ကျေးရွာအနီးအနားကို မနေ့ဒီဇင်ဘာလ ၁၆ ရက်နေ့က...
December 17, 2025
ချင်းပြည်နယ်ရှိ ချင်းဘာသာစကားများ အပါအဝင် မြန်မာပြည်ရှိ ဘာသာစကား (၂၀) မျိုးဖြင့်...
December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...