ဟားခါးကောလိပ်တွင် ကျောင်းသား ၄၃ဝထပ်တိုးမည်ဖြစ်ပြီး ကျောင်းနေဆောင်များအတွက်အခက်ခဲရှိနေ

ဟားခါးကောလိပ်တွင် ကျောင်းသား ၄၃ဝထပ်တိုးမည်ဖြစ်ပြီး ကျောင်းနေဆောင်များအတွက်အခက်ခဲရှိနေ

ချင်းပြည်နယ် ဟားခါးမြို့ရှိ ဟားခါးကောလိပ်တွင် လာမည့်နှစ်အတွက် ကျောင်းသား ၄၃ဝဦး ထပ်တိုးလာမည်ဖြစ်ပြီး ကျောင်းသားဦးရေတိုးလာသည်နှင့်အမျှ စာသင်ဆောင်များလုံလောက်သော်လည်း ကျောင်းနေအဆောင်များအတွက်အခက်ခဲရှိနေသေးကြောင်းသိရသည်။

“ဒီနှစ်က နေ့ကျောင်းသားဦးရေ ၄၃ဝဦး ထပ်တိုးလာမှာဖြစ်တယ်၊ ကျောင်းသားဆောင်ကတော့ လောလောဆယ် အဆင်ပြေတယ် ကျောင်းသူဆောင်က လောလောဆယ်အခက်ခဲရှိနေသေးတယ်၊ထပ်ပြီး မိန်းကလေးဆောင်ဆောက်နေတဲ့ဟာကလည်း ဒီဇင်ဘာလမှာမပြီးနိုင်လောက်ဘူး” ဟု မော်ကွန်းထိန်း ဦးမျိုးမင်း ထံမှ သိရသည်။

ဟားခါးကောလိပ်တွင် စာသင်ဆောင် (၅) ဆောင် နှင့် လူဦးရေ ၈၀ ကျော်ဆန့် မိန်းကလေးဆောင် (၁) ဆောင် ၊ ယောကျာ်းလေးဆောင် (၁) ဆောင်ရှိပြီး မိန်းကလေးဆောင်တွင် အဆောင်နေသူများ အပြည့်ရှိပြီး ယောက်ကျာင်္းလေးဆောင်တွင် ယောက် ၃၀ လောက်သာရှိသည်ဟုလည်း ယင်းထံမှ သိရသည်။

၎င်းကိစ္စနှင့်ပတ်သတ်ပြီး “ မိန်းကလေးဆောင် တစ်ဆောင် ရှိတယ်ဆိုတာကလည်း ဆရာတို့က အခုနည်းပညာဖက်က လူ (၁၀၀) ဆန့် တစ်ဆောင်ပြီးပြီလေ ဆိုတော့ အဲဒီ (၁၀၀) ဆန့်အဆောင်ကို ဆရာတို့က ယောကျာ်းလေးအဆာင်အဖြစ်ထားပြီး ဒီဘက်က နီးစပ်တဲ့ ၂ဆောင်ကို ၈၀-၈၀ နဲ့ မိန်းကလေးဆောင်လုပ်လိုက်ရင် အဆင်ပြေသွားမှာပါ “ ဟု ဟားခါးကောလိပ် ကျောင်းအုပ်ဆရာကြီး ဒေါက်တာ လျန်ဇခုပ် မှပြောကြားသည်။

ဟားခါးကောလိပ်ကို ၂၀၁၆ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး လက်ရှိတွင်နေ့ကျောင်းသားဦးရေ ၈၃၇ ဦးရှိကြောင်းသိရသည်။

ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...
ဓါတ်ပုံ - Crd
August 13, 2026
စစ်တပ်က ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့တွင် ပြန်လည်ထိန်းချုပ်လိုက်သည့် ချင်းပြည်၊ ဖလမ်းမြို့ပေါ်သို့...
August 10, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် လူငယ်များကို စစ်မှုထမ်းရန် ဖမ်းဆီးရာ၌ နာမည်ကြီးသည့်...
ဓါတ်ပုံ - ပုံဟောင်း (Crd)
August 7, 2026
ချင်းပြည်၊ ဖလမ်းမြို့နှင့် ဟားခါးမြို့တို့တွင် စစ်တပ်က လမ်းသွားလမ်းလာ ဒေသခံပြည်သူများနှင့်...