သတင်းအချက်အလက်ရယူပိုင်ခွင့် ဥပဒေအမြန်ဆုံးပြဌန်းရန် တိုင်းရင်းမီဒီယာညီလာခံမှတောင်းဆို

သတင်းအချက်အလက်ရယူပိုင်ခွင့် ဥပဒေအမြန်ဆုံးပြဌန်းရန် တိုင်းရင်းမီဒီယာညီလာခံမှတောင်းဆို

ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် သုံးရက်ကြာကျင်းပခဲ့သည့် တိုင်းရင်းမီဒီယာညီလာခံမှ သတင်းအချက်အလက်ရယူပိုင်ခွင့် ဥပဒေအမြန်ဆုံးပြဌာန်းရန် တောင်းဆိုလိုက်သည်။

တောင်းဆိုချက်များတွင် ၂၀၂၀ ရွေးကောက်ပွဲတွင် သတင်းရယူခွင့် နယ်မြေနေရာ အကန့်အသတ်မရှိဘဲ လွတ်လပ်စွာ သတင်းသွားရောက်ယူခွင့်ရရှိရန်၊ မီဒီယာဥပဒေ၊ နည်းပညာဥပဒေများကို တိုင်းရင်းသားဘာသာဖြင့် ဘာသာပြန်ဆို ထုတ်ဝေပေးရန်၊ မီဒီယာပံ့ပိုးသူများအနေဖြင့်လည်း ဒေသအခြေစိုက် သတင်းဌာနများအား နည်းပညာပိုင်း၊ ဘဏ္ဍာရေးပိုင်း ဆက်လက် ကူညီသွားရန်၊ အစိုးရအနေဖြင့် အကြီးစား ဖွံ့ဖြိုးရေးစီမံကိန်းများနှင့် ပက်သက်ပြီး မူဝါဒများ ချမှတ်ကာ သတင်းမီဒီယာများအပါအဝင် အများပြည်သူ သိရှိနိုင်ရေးအတွက် ပွင့်လင်းမြင်သာစွာ ချမှတ်ပေးရန်၊ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရာတွင် ပါဝင်ပက်သက်သူများ၏ အစုအဖွဲ့ အသီးသီးတွင် မီဒီယာမူဝါဒများကို တရားမျှတမူရှိစွာဖြင့် ချမှတ်ပြဠာန်းသွားရန် ပါရှိသည်။

ကေအိုင်စီသတင်းဌာနမှ အယ်ဒီတာချုပ် နန်းဖော့ဂေက “သတင်းအချက်အလက်အမှန် ရယူခွင့်နဲ့ပက်သက်ပြီးတော့ တောင်းဆိုပြီးတဲ့နောက် အရပ်ဖက်လူမူအဖွဲ့အစည်းတွေ ဖက်ကိုလည်း အတူတူလုပ်ဆောင်သွားဖို့ တိုက်တွန်းချက်တွေ ကိုလည်း လုပ်ဆောင်ဖို့လည်းရှိတယ်”ဟုပြောသည်။

သုံးရက်တာပြုလုပ်သည့် ညီလာခံတွင် သတင်းမီဒီယာလွတ်လပ်ခွင့်၊ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ သတင်းသမားများ၏လုံခြုံရေး၊ တိုင်းရင်းမီဒီယာများရေရှည်တည်တံ့ရေး၊ ကချင်ဒေသအတွင်းရှိ ပဋိပက္ခများ၊ ဖွံ့ဖြိုးရေးကိန်း၊ သဘာဝပတ်ဝန်းကျင်နှင့်အများပြည်သူအပေါ် ဆိုးကျိုးသက်ရောက်မှုများ၊ စစ်ဘေးရှောင်စခန်းမှ ဒေသခံများ၏ အခက်အခဲများ၊ တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာကိစ္စရပ်များ၊ ဒီမိုကရေစီအသွင်ကူးပြောင်းရေးနှင့်မီဒီယာအလားအာများကို အဓိကဆွေးနွေးခဲ့ကြကြောင်းသိရသည်။

သတ္တမအကြိမ်မြောက် ကျင်းပသော တိုင်းရင်းမီဒီယာညီလာခံတွင် ကချင်ပြည်နယ် ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာန၊ ဘီအဲန်အိုင်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၊ ပြည်တွင်းရှိနိုင်ငံရေးပါတီများ၊ မျိုးနွယ်စုအလိုက် ရိုးရာယဉ်ကျေးမှုအဖွဲ့များ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ ဘာသာရေးခေါင်းဆောင်များ၊ စစ်ဘေးရှောင်စခန်းမှ ရပ်မိရပ်ဖများ၊ မြန်မာနိုင်ငံတွင်းရှိ မီဒီယာဌာနများ၊ သတင်းမီဒီယာကွန်ရက်များ အပါအဝင် အလှူရှင်များနှင့် သံရုံးကိုယ်စားလှယ်များ စုစုပေါင်း ၂၀၀ ကျော်တက်ရောက်ခဲ့ကြသည်။

Most read this week

December 18, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခွန်လီ ( Khuangli )ကျေးရွာအနီးအနားကို မနေ့ဒီဇင်ဘာလ ၁၆ ရက်နေ့က...
December 17, 2025
ချင်းပြည်နယ်ရှိ ချင်းဘာသာစကားများ အပါအဝင် မြန်မာပြည်ရှိ ဘာသာစကား (၂၀) မျိုးဖြင့်...
December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...