သတင်းအချက်အလက်ရယူပိုင်ခွင့် ဥပဒေအမြန်ဆုံးပြဌန်းရန် တိုင်းရင်းမီဒီယာညီလာခံမှတောင်းဆို

သတင်းအချက်အလက်ရယူပိုင်ခွင့် ဥပဒေအမြန်ဆုံးပြဌန်းရန် တိုင်းရင်းမီဒီယာညီလာခံမှတောင်းဆို

ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် သုံးရက်ကြာကျင်းပခဲ့သည့် တိုင်းရင်းမီဒီယာညီလာခံမှ သတင်းအချက်အလက်ရယူပိုင်ခွင့် ဥပဒေအမြန်ဆုံးပြဌာန်းရန် တောင်းဆိုလိုက်သည်။

တောင်းဆိုချက်များတွင် ၂၀၂၀ ရွေးကောက်ပွဲတွင် သတင်းရယူခွင့် နယ်မြေနေရာ အကန့်အသတ်မရှိဘဲ လွတ်လပ်စွာ သတင်းသွားရောက်ယူခွင့်ရရှိရန်၊ မီဒီယာဥပဒေ၊ နည်းပညာဥပဒေများကို တိုင်းရင်းသားဘာသာဖြင့် ဘာသာပြန်ဆို ထုတ်ဝေပေးရန်၊ မီဒီယာပံ့ပိုးသူများအနေဖြင့်လည်း ဒေသအခြေစိုက် သတင်းဌာနများအား နည်းပညာပိုင်း၊ ဘဏ္ဍာရေးပိုင်း ဆက်လက် ကူညီသွားရန်၊ အစိုးရအနေဖြင့် အကြီးစား ဖွံ့ဖြိုးရေးစီမံကိန်းများနှင့် ပက်သက်ပြီး မူဝါဒများ ချမှတ်ကာ သတင်းမီဒီယာများအပါအဝင် အများပြည်သူ သိရှိနိုင်ရေးအတွက် ပွင့်လင်းမြင်သာစွာ ချမှတ်ပေးရန်၊ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရာတွင် ပါဝင်ပက်သက်သူများ၏ အစုအဖွဲ့ အသီးသီးတွင် မီဒီယာမူဝါဒများကို တရားမျှတမူရှိစွာဖြင့် ချမှတ်ပြဠာန်းသွားရန် ပါရှိသည်။

ကေအိုင်စီသတင်းဌာနမှ အယ်ဒီတာချုပ် နန်းဖော့ဂေက “သတင်းအချက်အလက်အမှန် ရယူခွင့်နဲ့ပက်သက်ပြီးတော့ တောင်းဆိုပြီးတဲ့နောက် အရပ်ဖက်လူမူအဖွဲ့အစည်းတွေ ဖက်ကိုလည်း အတူတူလုပ်ဆောင်သွားဖို့ တိုက်တွန်းချက်တွေ ကိုလည်း လုပ်ဆောင်ဖို့လည်းရှိတယ်”ဟုပြောသည်။

သုံးရက်တာပြုလုပ်သည့် ညီလာခံတွင် သတင်းမီဒီယာလွတ်လပ်ခွင့်၊ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ သတင်းသမားများ၏လုံခြုံရေး၊ တိုင်းရင်းမီဒီယာများရေရှည်တည်တံ့ရေး၊ ကချင်ဒေသအတွင်းရှိ ပဋိပက္ခများ၊ ဖွံ့ဖြိုးရေးကိန်း၊ သဘာဝပတ်ဝန်းကျင်နှင့်အများပြည်သူအပေါ် ဆိုးကျိုးသက်ရောက်မှုများ၊ စစ်ဘေးရှောင်စခန်းမှ ဒေသခံများ၏ အခက်အခဲများ၊ တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာကိစ္စရပ်များ၊ ဒီမိုကရေစီအသွင်ကူးပြောင်းရေးနှင့်မီဒီယာအလားအာများကို အဓိကဆွေးနွေးခဲ့ကြကြောင်းသိရသည်။

သတ္တမအကြိမ်မြောက် ကျင်းပသော တိုင်းရင်းမီဒီယာညီလာခံတွင် ကချင်ပြည်နယ် ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာန၊ ဘီအဲန်အိုင်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၊ ပြည်တွင်းရှိနိုင်ငံရေးပါတီများ၊ မျိုးနွယ်စုအလိုက် ရိုးရာယဉ်ကျေးမှုအဖွဲ့များ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ ဘာသာရေးခေါင်းဆောင်များ၊ စစ်ဘေးရှောင်စခန်းမှ ရပ်မိရပ်ဖများ၊ မြန်မာနိုင်ငံတွင်းရှိ မီဒီယာဌာနများ၊ သတင်းမီဒီယာကွန်ရက်များ အပါအဝင် အလှူရှင်များနှင့် သံရုံးကိုယ်စားလှယ်များ စုစုပေါင်း ၂၀၀ ကျော်တက်ရောက်ခဲ့ကြသည်။

Most read this week

ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...
ဓါတ်ပုံ - Crd
August 13, 2026
စစ်တပ်က ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့တွင် ပြန်လည်ထိန်းချုပ်လိုက်သည့် ချင်းပြည်၊ ဖလမ်းမြို့ပေါ်သို့...
August 10, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် လူငယ်များကို စစ်မှုထမ်းရန် ဖမ်းဆီးရာ၌ နာမည်ကြီးသည့်...
ဓါတ်ပုံ - ပုံဟောင်း (Crd)
August 7, 2026
ချင်းပြည်၊ ဖလမ်းမြို့နှင့် ဟားခါးမြို့တို့တွင် စစ်တပ်က လမ်းသွားလမ်းလာ ဒေသခံပြည်သူများနှင့်...