အစိုးရမှ ကျူးကျော်အိမ်များကို ဖျက်စီးခဲ့သည့် စည်ပင်ဧရိယာ ၆၇၆ ဧကကို အကွက်ဖော်ပြီး ရောင်းချမည်

အစိုးရမှ ကျူးကျော်အိမ်များကို ဖျက်စီးခဲ့သည့် စည်ပင်ဧရိယာ ၆၇၆ ဧကကို အကွက်ဖော်ပြီး ရောင်းချမည်
Photo: The Chinland Post
Photo: The Chinland Post

ဟားခါးမြို့တွင် ကျူးကျော်အိမ်များ ဖျက်စီးခဲ့သည့် မြို့ပြစီမံကိန်း စည်ပင်ဧရိယာ ဧက ၆၇၆ ကို အကွက်ပေါင်း (၇၁၇)ကွက်ဖော်ပြီး မြေကွက်များကို ပြည်နယ်အစိုးရအနေဖြင့် ရောင်းချသွားမည် ဖြစ်ကြောင်း စည်ပင်ဝန်ကြီးဦးစိုးထက်ကပြောသည်။

စည်ပင်ဝန်ကြီး ဦးစိုးထက်က “အဆောက်အဦးလည်း မနေ့ကလည်း အားလုံးရှင်းလင်းပြီးပြီဆိုတော့ အကွက်ဖော်ထားတဲ့ အကွက်ပေါင်း၇၁၇အကွက်ရှိတယ်။ အဲဒါကို ရောင်းဖို့ လျှောက်လွှာရောင်း ထားတဲ့ မြေကွက်စိစစ်တဲ့သူတွေက စိစစ်ပြီးတော့ ချပေးဖို့ လုပ်နေတယ်။ ချင်းပြည်နယ်က လမ်းဖောက်တဲ့ စရိတ်တွေ အခုမြေသားလမ်းတွေကို ကားလည်း သွားလို့မရ ဆိုင်ကယ်လည်း သွားလို့မရ အဲဒါတွေကို ကျောက်ခင်းလမ်းလုပ်ရမယ်။ ကွန်ကရစ်လမ်း ဒါမှမဟုတ် ကတ္တရာလမ်း လုပ်ရမယ် အဲလိုမျိုးအဆင့်မြှင့်ဖို့တွေရှိတယ်  နောက်ပြီးအဲဒီမှာ အိမ်ရာမြေတွေ အကွက်ဖော်ပြီဆိုရင် မီးရအောင်လုပ်ပေးရမယ်၊ ရေရအောင်လုပ်ပေးရမယ်။ မြို့တစ်မြို့ရဲ့စီမံကိန်းမှာ ရှိသင့်တဲ့ ကုန်ကျစရိတ်တွေက အများကြီးဘဲ အဲဒါတွေရဖို့အတွက်ကို နေမယ့် တောင်သူတွေ လူထုတွေအားလုံး စရိတ်မျှတဲ့အနေနဲ့ နည်းနည်းတော့ ထည့်ဝင်ရမှာဖြစ်တယ်”ဟုပြောသည်။

ဟားခါးမြို့ မြို့ပြစီမံကိန်း စည်ပင်ဧရိယာ ဧက ၆၇၆ ကို အကွက်ပေါင်း (၇၁၇)ကွက်ပြုလုပ်ပြီး မြေကွက်ဝယ်ယူနိုင်ရန် မြေကွက်လျှောက်လွှာများကို သြဂုတ်လ(၁၈)ရက်နေ့မှစပြီး လျှောက်လွှာများကို ဖြန့်ဝေထားပြီး လျှော်လွှာများကို ယခုလ (၃၁)ရက်နေ့တွင် လျှောက်လွှာပိတ်မည်ဖြစ်ကြောင်း စည်ပင်ဝန်ကြီးဦးစိုးထက်ကပြောသည်။

ထို့အပြင် မြေကွက် စိစစ်ချထားရေးအဖွဲ့မှ နောက်ထပ်အစည်းအဝေးထပ်လုပ်ပြီး ဈေးနှုန်းကိစ္စကိုလည်း ထပ်ဆွေးနွေးအုံးမည်ဟုပြောသည်။

မြေကွက်များကို အကြမ်းဖျင်းမြေကွက်ဈေးအဖြစ် ၁၀၀×၁၀၀ ပတ်လည်ကို (၂၂)ကွက်ဖော်ထားပြီး  တစ်ကွက်ကို သိန်း၅၀၊  ၈၀×၉၀ ကို (၇၅)ကွက်ဖော်ထားပြီး တစ်ကွက်ကို (၃၅)သိန်း၊ ၆၀×၈၀ကို အကွက်ပေါင်း (၄၄၅)ကွက်ဖော်ထားပြီး တစ်ကွက်ကို (၂၅)သိန်း၊ ၄၀× ၆၀ကိုအကွက်ပေါင်း (၁၇၅)ကွက်ဖော်ထားပြီး တစ်ကွက်ကို (၁၀)သိန်းဖြင့် သတ်မှတ်ထားကြောင်း ဦးစိုးထက်ကပြောသည်။

လက်ရှိမြေကွက်ဝယ်ယူရန် လျှောက်လွှာ လျှောက်ထားသူ နှစ်ထောင်ပြည့်ပြီဖြစ်ပြီး ၎င်းမြေရောင်းချမှုမှ ရရှိသော ငွေများကို လမ်းလုပ်ရာတွင် အသုံးပြုသွားမည်ဖြစ်ကာ လမ်းပြုလုပ်မှုတွင် အနည်းဆုံး သိန်းပေါင်း နှစ်သောင်းကုန်ကျမည်ဖြစ်ကြောင်းလည်း  သိရှိရသည်။

ဟားခါးမြို့ပြစီမံကိန်း ဧက ၆၇၆ ဧကတွင် တည်ရှိသည့် ကျူးကျော်ဟုသတ်မှတ်ထားသည့် အိမ်များကိုလည်း ချင်းပြည်နယ်အစိုးရမှ သြဂုတ်လ (၂၀)ရက်နေ့တွင် စက်ကြီးများ ဖျက်စီးခဲ့ပြီးဖြစ်သည်။

December 18, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခွန်လီ ( Khuangli )ကျေးရွာအနီးအနားကို မနေ့ဒီဇင်ဘာလ ၁၆ ရက်နေ့က...
December 17, 2025
ချင်းပြည်နယ်ရှိ ချင်းဘာသာစကားများ အပါအဝင် မြန်မာပြည်ရှိ ဘာသာစကား (၂၀) မျိုးဖြင့်...
December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...