ရိုးရာနတ်ပွဲများနှစ်စဉ်ကျင်းပသည့် မင်းတပ်မြို့ ရှိကုမ်သီခန်းမနားတွင် ရပ်ကွက်အုပ်ချုပ်ရေးရုံး တည်ဆောက်ခြင်းကို ဒေသခံများလက်မခံ

ရိုးရာနတ်ပွဲများနှစ်စဉ်ကျင်းပသည့် မင်းတပ်မြို့ ရှိကုမ်သီခန်းမနားတွင် ရပ်ကွက်အုပ်ချုပ်ရေးရုံး တည်ဆောက်ခြင်းကို ဒေသခံများလက်မခံ

မင်းတပ်မြို့ တွင်ရိုးရာနတ်ပွဲများ နှစ်စဉ် ကျင်းပသည့် ကုမ်သီခန်းမနားတွင် စံပြရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး တည်ဆောက်ခြင်းကို ဒေသံများမှကန့်ကွက်လျှက် ရှိကြောင်းသိရသည်။

ဒေသခံ ဆရာ အွမ်ပိုင်းက “ဖြစ်နိုင်ရင်ဒီမှာ အမျိုးသားပြတိုက်ဆောက်ဖို့ လှူတဲ့သူကလည်း ရည်ရွယ်ပြီးလှူထားတာဖြစ်တယ်။ ပွဲတော်တွေရှိမယ် အမျိုးသားပြတိုက်ရှိမယ်။ ရိုးရာယဉ်ကျေးမှုနဲ့ ဆိုင်တဲ့ဟာတွေ ဒီအတွက်ဘဲ လှူထားတယ်ဆိုတော့ တခြားဌာနနဲ့ ဘာမှတော့မဆိုင်ဘူး။ ဆိုင်တာက တိုင်းရင်းသား ရေးရာဝန်ကြီးနဲ့ ဘာသာအားလုံးကပိုင်တဲ့ ရိုးရာမြေနေရာဖြစ်တဲ့အတွက်  စည်ပင်ကလည်း မပိုင်ဘူး၊ တခြားဌာနနဲ့လည်းမဆိုင်ဘူး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့လည်းမဆိုင်ဘူး အလှူရှင်ရဲ့မှုလ ဦးတည်ချက်နဲ့ သွေဖယ်နေရင် ဝင်ရောက်စွက်ဖက်ရာရောက်တယ်၊ အလှူရှင်တွေရဲ့ သားတွေကလည်း တခြားရည်ရွယ်ချက်နဲ့ လုပ်လို့မရဘူးဆိုပြီး ပြောနေကြြ့ပီ”ဟုပြောသည်။

လက်ရှိရပ်ကွက်အုပ်ချုပ်ရေးရုံး တည်ဆောက်ရန် စီစဉ်နေသော မြေနေရာသည် ချင်းပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးဟုန်းငိုင်း လက်ထက်တွင် မြို့တော်ခန်းမဆောက်လုပ်ရန် သိန်းခြောက်ထောင်ဖြင့် ရာထားခဲ့သော်လည်း မြို့သူမြို့သားများမှ ၎င်းနေရာသည် ရိုးရာယဉ်ကျေးမှု ကျင်းပရန်နေရာဖြစ်ကြောင်း အစိုးရနှင့် ပက်သက်သည့် ကိစ္စလည်း မဖြစ်နိုင်ကြောင်း လက်မှတ်ရေးထိုး ကန့်ကွက်ခဲ့ကြသဖြင့် မြို့တော်ခန်းမ ဆောက်လုပ်ရန်အစီအစဉ်ပျက်ခဲ့ဖူးသည်။

ဒေသခံ ဆရာအွမ်ပိုင်းက “ဦးဖေလိန်းမောင်း အရင်တုန်းက သူ့အိမ်က စံပြရပ်ကွက်ရုံး အဲဒီရုံးက သူ့လက်ထဲရောက်သွားတော့  ရုံးမရှိဘူး။ မရှိတော့ ကုမ်သီခန်းမ ရိုးရာယဉ်ကျေးမှုကျင်းပသည့် နေရာက အခန်းတစ်ခန်းကို ယူကြတယ်။ ယူတာကိုလည်း လူထုကမကြိုက်ကြဘူး မကြိုက်ကြတဲ့ အကြားမှာ နောက်ထပ် ကုမ်တီခန်းမ အဆောက်အဦးနောက်မှာ နေရာပိုလေးရှိတယ်။ အဲဒီနေရာမှာ ထပ်ပြီးမှ အုပ်ချုပ်ရေးမှူးဆောက်လုပ်ဖို့ လုပ်လာကြတော့ ထပ်ပြီး ကန့်ကွက်ကြတာဖြစ်တယ်”ဟုပြောသည်။

ဒေသခံများ၏ ကန့်ကွက်မှုများကို လစ်လျူရှုပြီး လုပ်ငန်းဆက်လက်ဆောင်ရွက်ပါက လူထုအနေဖြင့် ဆန္ဒထုတ်ဖော်သည့်အထိ ဆက်လက်ကန့်ကွက်သွားမည်ဖြစ်ကြောင်း သိရသည်။

December 18, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခွန်လီ ( Khuangli )ကျေးရွာအနီးအနားကို မနေ့ဒီဇင်ဘာလ ၁၆ ရက်နေ့က...
December 17, 2025
ချင်းပြည်နယ်ရှိ ချင်းဘာသာစကားများ အပါအဝင် မြန်မာပြည်ရှိ ဘာသာစကား (၂၀) မျိုးဖြင့်...
December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...