မင်းတပ်မြို့နယ် NLD ပါတီရုံးအတွက် နေရာသစ်ပြန်ရှာမည်

မင်းတပ်မြို့နယ် NLD ပါတီရုံးအတွက် နေရာသစ်ပြန်ရှာမည်

မင်းတပ်မြို့စံပြရပ်ကွက်ရှိ ရေစမ်းဦးနေရာတွင် NLD ပါတီရုံးတည်ဆောက်နေမှုကို ဒေသခံများက ကန့်ကွက်မှုများကြောင့် လုပ်ငန်းဆောင်ရွက်မှု ရပ်ဆိုင်းထားပြီး တခြားနေရာတွင်ပြန်ရှာတော့မည်ဖြစ်ကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဦးစိုးထက်ကပြောသည်။

စည်ပင်ဝန်ကြီးဦးစိုးထက်က “အဲဒီနေရာက ပြည်သူလူထု အများသုံးနေတယ် ဆိုတဲ့ပြောသံတွေရှိတယ်။ နောက်ပြီး အရင်ကလည်း အဲဒီနေရာမှာဘဲ အစဉ်အဆက် အိမ်ဆောက်ခွင့်မပြုခဲ့ဘူး ဆိုတာ တွေလည်းရှိခဲ့တယ်။ အရင်ကလည်းစာတင်ထားတာ တွေလည်းရှိတယ်။ အဲဒါကြောင့်  အခြားနေရာမှာ ဆောက်လို့ရအောင်လို့ အခုဆောက်လက်စ နေရာကို ရပ်နားခိုင်းလိုက်တာဖြစ်တယ်”ဟုပြောသည်။

NLD ပါတီရုံးတည်ဆောက်ရန် ခွင့်ပြုချက်ရထားသော်လည်း ဇူလိုင်လ ၉ ရက်နေ့က လက်ရှိဆောင်ရွက်နေသည့် အဆောက်အဦအောက်ဖက်တွင် မြေအောက်ရေထွက်ရှိမှု ရှိလာသဖြင့် လုပ်ငန်းအားလုံးကို ယာယီရပ်ဆိုင်းထားရန် မင်းတပ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ကပြန်လည် ညွှန်ကြားခဲ့သည်။

ဦးစိုးထက်က “အရင်က အဲဒီနေရာ လွတ်နေတော့ အဲဒီနေရာမှာဆောက်ဖို့စဉ်းစားပြီးမှ ဆောက်ဖို့ခွင့်ပြုထားလိုက်တာ၊ အခုနောက်ပိုင်းကျတော့ အဲဒီဟာက ခေတ်အဆက်ဆက် ရေစမ်းဦးဖြစ်တယ် ဆိုတော့ပတ်ဝန်းကျင်ရဲ့ အနေထားပေါ်မူတည်ပြီးမှ ရပ်လိုက်တာဖြစ်တယ်။ လောလောဆယ် တခြားနေရာမှာဘဲ နေရာရှာပြီးတော့ ဒါမှမဟုတ် ဝယ်ပြီးလုပ်ဖို့ ထပ်ပြီးမြေနေရာရှာနေတာဖြစ်တယ်”ဟုပြောသည်။

အဆိုပါရေစမ်းဦးနေရာတွင် ချင်းပြည်နယ်လွှတ်တော် ဒု – ဥက္ကဌ အမည်ဖြင့် မြေနေရာကို လျှောက်ထားခဲ့ခြင်းဖြစ်ပြီး ပါတီရုံးအတွက် မြေထိန်းနံရံနှင့် အဆောက်အဦးဖောင်ဒေးရှင်း စတင်ဆောက်လုပ်ချိန် လုပ်ငန်းရပ်ဆိုင်းရခြင်းဖြစ်သည်။

Most read this week

ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...
ဓါတ်ပုံ - Crd
August 13, 2026
စစ်တပ်က ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့တွင် ပြန်လည်ထိန်းချုပ်လိုက်သည့် ချင်းပြည်၊ ဖလမ်းမြို့ပေါ်သို့...
August 10, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် လူငယ်များကို စစ်မှုထမ်းရန် ဖမ်းဆီးရာ၌ နာမည်ကြီးသည့်...
ဓါတ်ပုံ - ပုံဟောင်း (Crd)
August 7, 2026
ချင်းပြည်၊ ဖလမ်းမြို့နှင့် ဟားခါးမြို့တို့တွင် စစ်တပ်က လမ်းသွားလမ်းလာ ဒေသခံပြည်သူများနှင့်...