ရေးမြို့တွင် မြေပြို၍ လူတစ်ဦးသေဆုံးပြီး လူ ၁၄၀၀ ခန့် ရေဘေးခိုလှုံ

ရေးမြို့တွင် မြေပြို၍ လူတစ်ဦးသေဆုံးပြီး လူ ၁၄၀၀ ခန့် ရေဘေးခိုလှုံ

မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်း ယနေ့ညနေပိုင်း နောက်ဆုံးရရှိသော သတင်းများအရ မြေပြို၍ လူတစ်ဦးသေဆုံးခဲ့ပြီး လူ ၁၄၀၀ ခန့် ရေဘေးခုံလှုံနေရကြောင်း သက်ဆိုင်ရာက သိရှိရသည်။

ရေးမြို့နယ်၊ ခေါဇာမြို့၊ မကျီးကျေးရွာမှာ ယနေ့နံနက် ၃ နာရီအချိန်က မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုသဖြင့် ကွမ်းသီးခြံတွင်နေထိုင်နေသော ကိုစိုးလွန် (အသက် ၂၈)မှာ အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ပြီးဇနီးဖြစ်သူမှာ ဖူးယောင်ဒဏ်ရာများ ရရှိခဲ့သည်။

ထို့ပြင် ရေးမြို့နယ်အတွင်း ရန်ကြီးအောင်၊ ရန်မျိုးအောင်၊ သီရိနန္ဒာရပ်ကွက်များနှင့် ကျောင်းရွာကျေးရွာ၊ ချောင်းတောင်ကျေးရွာတို့တွင် ရေနစ်မြုပ်မှုများကြောင့် ကယ်ဆယ်ရေးစခန်း ၃ ခု ဖွင့်လှစ်ထားရှိပြီးလူဦးရေ ၁၃၇၆ ဦး အသီးသီးခိုလှုံနေရကာ နယ်မြေခံတပ်ရင်းတပ်ဖွဲ့များ၊ မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုအဖွဲ့အစည်းများ၊ စေတနာရှင်ပြည်သူများတို့က လိုအပ်သည့် အစားအစာနှင့် သောက်သုံးရေရရှိရေး ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

May 13, 2026
မွန်ပြည်နယ် ရေးမြို့နယ် လမိုင်းမြို့မှာ အမှတ် ၁၀၆ ခြေလျင်တပ်ရင်းက ဒုတပ်ရင်းမှူး ဗိုလ်မှူး...
May 12, 2026
တနင်္သာရီတိုင်း ထားဝယ်မြို့ ဆန်ချီးရပ်ကွက်မှာ အုပ်ချုပ်ရေးမှူး လင်မယား နှစ်ဦး သေနတ်နဲ့...
May 11, 2026
မွန်ပြည်နယ် ပေါင်မြို့နယ်မှာ လွှတ်တော် ကိုယ်စားလှယ်များရုံး ဆောက်လုပ်ဖို့ ဆိုကာ မွန်ညီညွတ်...
May 9, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်အစိုးရဲ့ မွန်ပြည်နယ် အစိုးရအဖွဲ့က တရားဝင်သဖွယ် ခွင့်ပြုထားတဲ့...