ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ယနေ့အချိန်ထိ အင်တာနက်မရရှိသေး

ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ယနေ့အချိန်ထိ အင်တာနက်မရရှိသေး

ချင်းပြည်နယ် ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ်မြောက်ပိုင်း(၈)မြို့နယ်မှာ ယနေ့အချိန်ထိ အင်တာနက်လိုင်းမရရှိသေးသောကြောင့် ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာနှင့် လူမှုအဖွဲ့အစည်းများတွင် အခက်အခဲများစွာ ကြုံတွေ့နေရကြောင်း သိရသည်။

ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဇွန်လ(၂၁)ရက်နေ့မှစပြီး ချင်းပြည်နယ် ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ်မြောက်ပိုင်း(၈)မြို့နယ်ကို အင်တာနက်လိုင်း ဖြတ်တောက်ခဲ့သည်။

စစ်ဘေးရှောင်ကယ်ဆယ်ရေးအဖွဲ့ ဥက္ကဌ ဦးဝေတန်းက “အင်တာနက်သုံးလို့မရတာ ဇွန်လ၂၁ရက်လောက်ကနေ သုံးလို့မရတာ  ဒီကနေ့အထိပါဘဲ ပြည်တွင်း ပြည်ပသတင်းတွေ ဖက်လို့မရဘူး နောက်ပြီး အကူညီတောင်းခံဖို့ အချင်းချင်းချိက်ဆက်မှုပိုင်းမှာ အခက်ခဲတွေတော့ ကြုံရတယ်။ နောက်ပြီးမြို့ပေါ်က NGOလုပ်တဲ့သူ အခြားအရပ်ဖက်အဖွဲ့အစည်းတွေ အင်တင်နက်နဲ့ ချိက်ဆက်ပြီး အလုပ်လုပ်တဲ့တွေအတွက်လည်း အခွင့်ရေးဆုံးရှုံးသလိုဖြစ်တယ်”ဟုပြောသည်။

ရက္ခိုင့်တပ်မတော်AAနှင့် မြန်မာတပ်မတော်တို့အကြား တိုက်ပွဲအဖြစ်များသော ဒေသများတွင် အင်တာနက်လိုင်းများဖြတ်တောက်ခြင်းကြောင့် ပလက်ဝမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများ၏ သတင်းအချက်အလက်ရရှိမှု ဆုံးရှုံးခြင်း၊ ရေမြေခြားတွင်ရှိသော ဆွေမျိုးများအဆက်အသွယ် မရှိနိုင်ခြင်းစသော အခွင့်ရေးများ ဆုံးရှုံးကြောင်း စစ်ဘေးရှောင်ကယ်ဆယ်ရေးအဖွဲ့ ဥက္ကဌ ဦးဝေတန်းကပြောသည်။

မြန်မာတပ်မတော်နှင့် ရက္ခိုင့်တပ်မတော်AAတို့ တိုက်ပွဲဖြစ်ပွားသည့် ဘူးသီးတောင်၊ မောင်တော၊ မြောက်ဦး၊ ကျောက်တေ်၊ မင်းပြား၊ပုဏ္ဍားကျွန်း၊ ရသေ့တောင်၊ မြေပုံ၊ ချင်းပြည်နယ်အတွင်းရှိ ပလက်ဝမြို့နယ် အပါအဝင်(၉)မြို့နယ်အား ဆက်သွယ်ရေးဝန်ကြီးဌာနမှ အင်တာနက်လိုင်းဆက်သွယ်မှုကို ဖြက်တောက်ထားခဲ့ပြီး ဖုန်းပြောဆိုမှုကို ဖွင့်ထားပေးကြောင်းသိရသည်။

Most read this week

ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...
ဓါတ်ပုံ - Crd
August 13, 2026
စစ်တပ်က ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့တွင် ပြန်လည်ထိန်းချုပ်လိုက်သည့် ချင်းပြည်၊ ဖလမ်းမြို့ပေါ်သို့...
August 10, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် လူငယ်များကို စစ်မှုထမ်းရန် ဖမ်းဆီးရာ၌ နာမည်ကြီးသည့်...
ဓါတ်ပုံ - ပုံဟောင်း (Crd)
August 7, 2026
ချင်းပြည်၊ ဖလမ်းမြို့နှင့် ဟားခါးမြို့တို့တွင် စစ်တပ်က လမ်းသွားလမ်းလာ ဒေသခံပြည်သူများနှင့်...