၈နှစ်ကြာ ပိတ်ထားသော မိုင်ဂျာယန်-လွယ်ဂျယ်လမ်း KIO ပြန်ဖွင့်ပေး

၈နှစ်ကြာ ပိတ်ထားသော မိုင်ဂျာယန်-လွယ်ဂျယ်လမ်း KIO ပြန်ဖွင့်ပေး

တိုက်ပွဲကြောင့် ၈နှစ်ကျော် ပိတ်ထားရသည့် ကချင်ပြည်နယ်အရှေ့ဘက် မိုင်ဂျာယန်မြို့ -လွယ်ဂျယ် ကားလမ်းမကို ကချင်လွတ်လပ်ရေးအဖွဲ့ #KIO က ဇူလိုင်လ ၂၉၊ တနင်္လာနေ့ နံနက်ပိုင်းမှ တရားဝင်ပြန်ဖွင့်ပေးလိုက်ကြောင်း ဒေသခံများဆိုသည်။

တရုတ်နယ်စပ် KIO ထိန်းချုပ်သော Mai Ja Yang (မိုင်ဂျာယန်)မြို့ နှင့် မြန်မာအစိုးရ ထိန်းချုပ်သော Loije (လွယ်ဂျယ်)မြို့ ကြား ဆယ်သွယ်သော ကားလမ်းမကို KIO က ပြန်လည်ဖွင့်ပေးလိုက်ခြင်း ဖြစ်သည်။

“မိုင်ဂျာယန် နဲ့ လွယ်ဂျယ်ကို ဆယ်သွယ်ပေးတဲ့ ကားလမ်းကို KIO ဘက်က စဖွင့်လိုက်ပါပြီ။ အစိုးရနဲ့ KIO နှစ်ဖက် သဘောတူပြီး ပြန်ဖွင့်တာလားတော့ မသိရသေးဘူး” ဟု မိုင်ဂျာယန် ဒေသခံ တစ်ဦး ကချင်သတင်းဌာန KNG ကို ပြောသည်။

ယခုဖွင့်လိုက်သည့်လမ်းသည် ယခင်ပုံမှန်သွားနေကျ Kawng Sa (ကောင်းဆာ)လမ်းကြောင်း မဟုတ်ဘဲ သင်္ချိုင်းဘက်က လမ်းဖြစ်ကြောင်း သိရသည်။

မိုင်ဂျာယန်-လွယ်ဂျယ်လမ်း ပြန်ဖွင့်လာသောကြောင့် မိုင်ဂျာယန် ခရီးသည်များ တရုတ်ပြည်ကနေ ဝိုက်ပြီးသွားစရာမတော့လိုဘဲ လွယ်ဂျယ်ကနေ တိုက်ရိုက် သွားနိုင်ပြီဖြစ်ကြောင်း သိရသည်။

ရွှေကူမြို့နယ်အတွင်း ဇင်းဘုံကျေးရွာ၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် မြင်ကွင်း
September 2, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်၊ ဧရာဝတီမြစ်ကမ်းဘေးရှိ ဇင်းဘုံကျေးရွာဘက်သို့ ဩဂုတ်လ ၂၅ ရက်နေ့က...
မြစ်ဆုံစီမံကိန်း ဖော်ဆောင်မည့် မေခနှင့် မလိခ ဆုံဆည်းရာ မြစ်ဆုံဒေသ။ / KNG
August 31, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့နယ်အတွင်းရှိ မြစ်ဆုံရေကာတာစီမံကိန်းနေရာသို့ တရုတ်နိုင်ငံသား...
ဓာတ်ပုံ - (မြစ်ကြီးနားမြို့တွင်း မြင်ကွင်းတစ်ခု / Crd)
August 31, 2026
စစ်အုပ်စုတပ် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ရေးနှင့် စီးပွားရေး အခက်အခဲများကြား ရုန်းကန်နေရသည့်...
August 31, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်ဘက်သို့ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်အုပ်စုတပ် စစ်သင်္ဘော...