ပလက်ဝမြို့နယ်ရှိကျောင်းများတွင် ကျောင်းပြန်ဖွင့်ပြီးသော်လည်း ဆရာ/ဆရာမ (၃၀၆)ဦးလိုအပ်နေ

ပလက်ဝမြို့နယ်ရှိကျောင်းများတွင် ကျောင်းပြန်ဖွင့်ပြီးသော်လည်း ဆရာ/ဆရာမ (၃၀၆)ဦးလိုအပ်နေ

ပလက်ဝမြို့နယ်ရှိ ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်သော်လည်း ကျောင်းဆရာ/ဆရာမ (၃၀၆)ဦး လိုအပ်နေသေးကြောင်း ပလက်ဝမြို့နယ် ပညာရေးမှူး ဦးမျိုးမင်းကပြောသည်။

ပလက်ဝမြို့နယ် ပညာရေးမှူး ဦးမျိုးမင်းက “ပိတ်ထားတဲ့ကျောင်းတွေအားလုံးကိုတော့ ဖွင့်ပြီးပြီ ဒါပေမဲ့ တစ်မြို့နယ်လုံးရဲ့ ကျောင်းသူကျောင်းသား မူလတန်းပြ ဆရာ/ဆရာမ လူဦးရေ ၃၀၆ဦးတော့လိုအပ်နေသေးတယ်။ ပြည်နယ်ကိုတော့ တင်ပြထားပြီးပြီ ပြည်နယ်ကလည်း အထက်ရုံးချုပ်ကို တင်ပြပေးမယ်လို့ ပြောပါတယ်”ဟုပြောသည်။

ချင်းပြည်နယ် ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ် နယ်စပ်အကြား ရက္ခိုင့်တပ်မတော်AAနှင့် မြန်မာတပ်မတော်တို့အကြား တိုက်ပွဲများကြောင့် ပလက်ဝမြို့နယ်ရှိကျောင်းပေါင်း တစ်ရာကျော်ကို ပိတ်လိုက်ရသော်လည်း လက်ရှိတွင် ကျောင်းများပြန်ဖွင့် နေပြီဖြစ်ကြောင်း ပညာရေးမှူး ဦးမျိုးမင်းကပြောသည်။

ပလက်ဝမြို့နယ် ပညာရေးမှူး ဦးမျိုးမင်းက “ ၁၁၈ကျောင်းပိတ်ထားခဲ့ရတယ်။ လက်ရှိပိတ်တဲ့ကျောင်းတော့ တစ်ကျောင်းမှတော့ မရှိတော့ဘူး။ ကျောင်း အားလုံးတော့ဖွင့်ပြီးပြီ ဆိုပေမဲ့ တာဝန်ကျ ဆရာ/ဆရာမတွေအားလုံးနီးပါးက ပြောင်းသွားတဲ့အတွက်ကြောင့် နေရာတွေလစ်လပ်သွားတာဖြစ်တယ်။ ဘာသာရပ် လိုအပ်ချက်အရ ကျောင်းသူကျောင်းသား လူဦးရေအချိုးရ ဆရာ/ဆရာမလိုအပ်တာဖြစ်တယ်”ဟုပြောသည်။

ပလက်ဝမြို့နယ် စစ်ဘေးရှောင်စခန်းများတွင်ရှိသော ကျောင်းသူ/ကျောင်းသားများမှာ ကျောင်းဝတ်စုံ အလုံအလောက်မရှိခြင်း၊ ပုံနှိပ်စာအုပ်များမရှိခြင်း စသည့် အခက်ခဲများလည်း ကြုံတွေ့နေရကြောင်း သိရသည်။

Most read this week

ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...
ဓါတ်ပုံ - Crd
August 13, 2026
စစ်တပ်က ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့တွင် ပြန်လည်ထိန်းချုပ်လိုက်သည့် ချင်းပြည်၊ ဖလမ်းမြို့ပေါ်သို့...
August 10, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် လူငယ်များကို စစ်မှုထမ်းရန် ဖမ်းဆီးရာ၌ နာမည်ကြီးသည့်...
ဓါတ်ပုံ - ပုံဟောင်း (Crd)
August 7, 2026
ချင်းပြည်၊ ဖလမ်းမြို့နှင့် ဟားခါးမြို့တို့တွင် စစ်တပ်က လမ်းသွားလမ်းလာ ဒေသခံပြည်သူများနှင့်...