တောထဲပစ်ခံထားရသည့် ချင်းလူမျိုး ၂၃ဦးအပါအဝင် မြန်မာလူမျိုး ၄၄ဦးကို ရနောင်းခရိုင်ထဲတွင် ထိုင်းရဲတပ်ဖွဲ့မှ ကယ်ထုတ်

တောထဲပစ်ခံထားရသည့် ချင်းလူမျိုး ၂၃ဦးအပါအဝင် မြန်မာလူမျိုး ၄၄ဦးကို ရနောင်းခရိုင်ထဲတွင် ထိုင်းရဲတပ်ဖွဲ့မှ ကယ်ထုတ်

ထိုင်းနိုင်ငံ ရနောင်းခရိုင်အတွင်းရှိ ဆုခ်ဆမ်လန်းမြို့နယ်၊ နားခါးအုပ်စုရှိ၊ ကုန်းကန်တောအုပ်ထဲတွင် လူကုန်ကူးသူများမှ ပစ်ထားခံရသည့် တရားမဝင် ဝင်ရောက်သည့် ချင်းလူမျိုး ၂၃ ဦးအပါအဝင် မြန်မာလူမျိုး ၄၄ဦးကို ထိုင်းနိုင်ငံ လူကုန်ကူးရဲတပ်ဖွဲ့မှ ဇူလိုင်လ ၂၄ရက်နေ့တွင် ကယ်ထုတ်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ရနောင်းခရိုင် ဆုခ်ဆမ်လန်းမြို့နယ်ရှိ ကုန်းကန်တောအုပ်ထဲတွင် မသင်္ကာသူ တစုရောက်ရှိနေကြောင်း သတင်းရသည့်တွက် ရနောင်းခရိုင်လူကုန်ကူးမှု တားဆီး တိုက်ဖျက်ရေး ရဲတပ်ဖွဲ့နဲ့ မိခင်နှင့် ကလေးကယ်ဆယ်စောင့်ရှောက်ရေးအဖွဲ့ဝင်များမှ ဇူလိုင် ၂၄ ရက်တွင် သွားရောက်စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါကိစ္စတွင် လိုက်လံကူညီပေးနေသူ ကိုထူးချစ်မှ "တရားမဝင်နယ်စပ်ဖြတ်ကျော်တာပါ၊ လောလောဆယ်တော့မစစ်ရသေးပါဘူး၊ လူကုန်ကူးမှုအတွက် သံသယရှိလို့ပါ၊ မနက်ဖြန်မှ စစ်ပါမယ်"ဟု ပြောသည်။

အဆိုပါ ၄၄ဦးမှာ ပွဲစားများမှ မလေးရှားပို့ပေးမည်ဟုပြောပြီး တောထဲတွင်ပစ်ထားခဲ့ကာ အစာရေစာမပေးသည်မှာ ၄ရက်ရှိပြီဖြစ်ပြီး သွားရောက်ကယ်တင်သည့်အချိန်တွင် အချို့မှာ အစာရေစာပြတ်လတ်ပြီး အားအင်ချိနဲ့နေပြီဖြစ်ကြောင်း သိရသည်။

တောထဲတွင်ပစ်ထားခံရသည့် အဆိုပါ ၄၄ယောက်ထဲတွင် တီးတိန် ၁၈ယောက်၊ မင်းတပ် ၃ယောက်၊ ခူမီး ၂ယောက်၊ ရခိုင်လူမျိုး ၈ယောက်၊ ထားဝယ်လူမျိုး ၄ယောက် နှင့် ဗမာလူမျိုး ၉ ယောက်ပါဝင်ပြီး အမျိုးသား ၃၉ ဦး၊ အမျိုးသမီး ၅ ဦး ပါဝင်ကြောင်းသိရသည်။

အဖမ်းခံရသူထဲမှာ တီးတိန် ၁၈ ယောက်မှာ အခြားဘာသာစကားမပြောတတ်သဖြင့် ဘာသာပြန်ပေးနိုင်သူ အသည်းအသန်ရှာဖွေနေကြောင်းသိရသည်။

အဆိုပါ ဖမ်းမိသူများကို ရနောင်းရဲစခန်းတွင် ထိန်းသိမ်းထားပြီး ပါဝင်ပတ်သတ်သည့် လူကုန်ကူးပွဲစားများကို လိုက်လံရှာဖွယ်နေကြောင်းသိရသည်။

Most read this week

ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...
ဓါတ်ပုံ - Crd
August 13, 2026
စစ်တပ်က ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့တွင် ပြန်လည်ထိန်းချုပ်လိုက်သည့် ချင်းပြည်၊ ဖလမ်းမြို့ပေါ်သို့...
August 10, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် လူငယ်များကို စစ်မှုထမ်းရန် ဖမ်းဆီးရာ၌ နာမည်ကြီးသည့်...
ဓါတ်ပုံ - ပုံဟောင်း (Crd)
August 7, 2026
ချင်းပြည်၊ ဖလမ်းမြို့နှင့် ဟားခါးမြို့တို့တွင် စစ်တပ်က လမ်းသွားလမ်းလာ ဒေသခံပြည်သူများနှင့်...