ပြည်ထောင်စုအစိုးရ၏ သဘောထားကို စောင့်ကြည့်ပြီးမှ ကန်ပက်လက်မြို့နယ် ဇာတောင်တွင် ကြေးနီထုတ်လုပ်မည့်လုပ်ငန်းအား ထောက်ခံခဲ့ခြင်းဟုဆို

ပြည်ထောင်စုအစိုးရ၏ သဘောထားကို စောင့်ကြည့်ပြီးမှ ကန်ပက်လက်မြို့နယ် ဇာတောင်တွင် ကြေးနီထုတ်လုပ်မည့်လုပ်ငန်းအား ထောက်ခံခဲ့ခြင်းဟုဆို

ချင်းပြည်နယ် ကန်ပက်လက်မြို့နယ် ရင်ကွဲတောင်ကြိုးဝိုင်းအတွင်းရှိ ဇာတောင်တွင် ကျော်စွာကုမ္ပဏီမှ ကြေးနီထုတ်လုပ်မည့်လုပ်ငန်းအား ထောက်ခံခဲ့ခြင်းမှာ ပြည်ထောင်စုအစိုးရ၏ သဘောထားကို စောင့်ကြည့်ပြီးမှ ထောက်ခံခဲ့ခြင်းဖြစ်ကြောင်း ကန်ပက်လက်မြို့နယ် သတ္တုတွင်း စောင့်ကြည့်ရေးနှင့် ကြီးကြပ်ရေးကော်မတီမှ ဦးစိန်မောင်ကပြောသည်။

“ကုမ္ပဏီကတော့ ကျော်စွာကုမ္ပဏီပေါ့၊ ပြည်ထောင်စုအစိုးရက အဲဒီကုမ္ပဏီကို အချက်နှစ်ချက်တောင်းတယ်ပေါ့၊ အဲဒီဟာကို လိုက်လျောနိုင်ရင် ခွင့်ပြုမယ်ဆိုတဲ့သဘောပေါ့၊ အဲဒီအပေါ်မှာဘဲ ကျနော်တို့က သုံးသပ်တော့ လိုက်လျောတဲ့ သဘောတွေတွေ့ရတယ်၊ အဲတာကြောင့် ကျနော်တို့အနေနဲ့လည်း ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရရဲ့ သဘောထားတွေကို သုံးသပ်ပြီးမှ သူတို့ဘက်က သဘောတူရင်တော့ ကျနော်တို့အနေနဲ့ ကန့်ကွက်စရာမရှိဘူးဆိုပြီးတော့ ကန်ပက်လက်မြို့နယ် အရပ်ဘက်အဖွဲ့အစည်းအနေနဲ့ သဘောတူကြောင်း လက်မှတ်ထိုးထားတာဖြစ်တယ်” ဟု ဦးစိန်မောင်က ပြောသည်။

ကန်ပက်လက်မြို့နယ်တွင် ဇာတောင်တွင် ကြေးနီထုတ်လုပ်ရန် ကျော်စွာကုမ္ပဏီ နှင့် ကန်ပက်လက်မြို့နယ် သတ္တုတွင်း စောင့်ကြည့်ရေးနှင့် ကြီးကြပ်ရေးကော်မတီ တို့ နှစ်ဦးနှစ်ဘက် သဘောတူစာချုပ်ကို ၂၀၁၉ခုနှစ် ဇူလိုင်လ ၂ ရက်နေ့တွင် ချုပ်ဆိုခဲ့ကြောင်း သိရသည်။

အဆိုပါ စာချုပ်တွင် ကျော်စွာကုမ္ပဏီမှ ကြေးနီထွက်ရှိမှု အရေအတွက်အတိုင်း အမှတ် (၁) သတ္တုတွင်း လုပ်ငန်းသို့ ပေးသွင်းမည့်ပမာဏ၏ ၁၀%ကို ကန်ပက်လက်မြို့နယ် သတ္တုတွင်း စောင့်ကြည့်ရေးနှင့် ကြီးကြပ်ရေးကော်မတီသို့ ပေးသွင်းရမည်၊ ကုမ္ပဏီမှ အမှတ် (၁) သတ္တုတွင်းသို့ ပေးသွင်းသည့်နေ့တွင် ပွင့်လင်းမြင်သာမှုရှိအောင် ကော်မတီကို ချပြပြီး ထိုနေ့တွင် ကန်ပက်လက်မြို့နယ်အတွက်လည်း ပေးဆောင်ရမည် စသည့်အချက်များပါဝင်သည်။

ကျော်စွာကုမ္ပဏီမှ ဇာတောင်တွင် ကြေးနီထုတ်လုပ်မည့်ကိစ္စနှင့်ပတ်သတ်ပြီး ချင်းပြည်နယ် သယံဇာတနှင့် သတ္တုတွင်းဝန်ကြီး ဦးမာန်ဟင်းဒါလ်မှ “ဒီကိစ္စကို ပြည်နယ်အစိုးရအနေနဲ့တော့ ဘာမှဆုံးဖြတ်ချက် ချမှတ်ထားခြင်းမရှိသေးပါဘူး၊ ကန်ပက်လက်မြို့နယ် သတ္တုတွင်း စောင့်ကြည့်ရေးနှင့် ကြီးကြပ်ရေးကော်မတီ နှင့် ကုမ္ပဏီနှစ်ဘက်ကြား သဘောတူလက်မှတ်ထိုးထားတာဘဲရှိပါတယ်၊ ပြည်နယ်ကိုတော့ စာတင်ထားတာရှိတယ် မဆုံးဖြတ်ရသေးတာပါ”ဟု ပြောသည်။

May 2, 2026
အိန္ဒိယ - မြန်မာနယ်စပ်အနီးမှာရှိတဲ့ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ Khawpuichhip ကျေးရွာကို...
May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း မြို့နယ်များနဲ့ မကွေးတိုင်း ယောဒေသအစပ်နေရာတွေကို စစ်ကော်မရှင်က ဧပြီလ ၃၀...
April 30, 2026
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို ဧပြီလ ၂၉ ရက်နေ့ မနက်ပိုင်း ၁၀ နာရီ ၁၅...
April 28, 2026
မင်းတပ်မြို့နဲ့ ဆယ်မိုင်ကျော်အကွာသာရှိတဲ့ မကွေးတိုင်း၊ ကံကြီးကျေးရွာထဲကို စစ်ကော်မရှင်တပ်တွေက...