ပလက်ဝမြို့နယ်တွင် ရေကြီးမှုကြောင့် နေအိမ်များစွန့်ခွာရသူ လူဦးရေ ကိုးရာကျော်ထိရှိလာ

ပလက်ဝမြို့နယ်တွင် ရေကြီးမှုကြောင့် နေအိမ်များစွန့်ခွာရသူ လူဦးရေ ကိုးရာကျော်ထိရှိလာ

ပလက်ဝမြို့နယ်တွင် ဇူလိုင်လ ၁၂-၁၃ ရက်နေ့များတွင် မိုးသည်းထန်စွာရွာသွန်းပြီး မြစ်ရေကြီးမှုကြောင့် ဘေးလွတ်ရာသို့ တိမ်းရှောင်နေရသူပေါင်း လူဦးရေ ကိုးရာကျော်ရှိနေကြောင်း သိရသည်။

စစ်ဘေးရှောင်ကယ်ဆယ်ရေးဥက္ကဌ ဦးဝေတန်းက “မိုးများတော့ ကုလားတန်မြစ်တစ်ကြောလုံး ပလက်ဝမြို့ပေါ်သင်္ကန်းကျောင်းမှာဆိုရင် လူဦးရေ(၁၇၈)ယောက်ကို ပလက်ဝအားကစားခန်းမမှာနေရာချပေးထားလိုက်ရတယ်။ မြို့မရက်ကွက်ကဆိုရင် လူဦးရေ (၃၀၂)ဦးကို မြို့မဘုန်းကြီးကျောင်းနဲ့ နီးစပ်ရာဆွေးမျိုးတွေစီမှာ နေရာချပေးထားတယ်။ ရွာမရပ်ကွက်ဆိုရင်လည်း ဘုန်းကြီးကျောင်းတို့ ရပ်ကွက်မှာရှိတဲ့ အ.မ.က ကျောင်းတို့ နီးစပ်ရာဆွေမျိုးတွေစီမှာ အိမ်ထောင်စုပေါင်း (၃၃၆)အိမ်ထောင်စုကို ထားပေးတယ်။နောက်ပြီး ပလက်ဝမြို့ပေါ်မှာ စစ်ဘေးရှောင်တွေလာနေတုန်းက လက်ကျန် ဆန်၊ အချိုရေဗူးတို့ မာမီးခေါက်ဆွဲတို့ မုန့်တို့ကို မနေ့ညက မီးသတ်အဖွဲ့နဲ့ ထောက်ပံ့ကူပေးခဲ့တယ်”ဟုပြောသည်။

ပလက်ဝမြို့နယ်တွင် ဇူလိုင်လ ၁၂-၁၃ရက်နေ့က မိုးများပြီးမြစ်ရေကြီး၍ ပလက်ဝမြို့ပေါ်ရှိ ရပ်ကွက်လေးရပ်ကွက်နှင့် ကျေးရွာပေါင်း(၁၁)ရွာမှ လူဦးရေ ကိုးရာကျော်မှာ မိမိတို့နေအိမ်များကိုစွန့်ကာ ပြောင်းရွှေ့နေထိုင်ရခြင်းဖြစ်သည်။

ဦးဝေတန်းက “ကုလားတန်မြစ်ချောင်းတစ်လျှောက် မြစ်ကမ်းနားမှာနေတဲ့ ရပ်ကွက်ပေါင်းလေးရက်ကွက် ကျေးရွာပေါင်း (၁၁)ရွာလောက်က ဘုန်းကြီးကျောင်းတို့ ၊ ဘုရားကျောင်းတို့မှာ ပြောင်းရွှေ့နေထိုင်လိုက်ရတယ်”ဟုပြောသည်။

အဆိုပါမြစ်ရေကြီးမှုမှာ ယနေ့တွင် မိုးနည်းသွားသဖြင့် မြစ်ရေ တစ်ဖြည်းဖြည်းကျသွားနိုင်ခြေရှိကြောင်း ဒေသခံများထံမှသိရသည်။

May 2, 2026
အိန္ဒိယ - မြန်မာနယ်စပ်အနီးမှာရှိတဲ့ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ Khawpuichhip ကျေးရွာကို...
May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း မြို့နယ်များနဲ့ မကွေးတိုင်း ယောဒေသအစပ်နေရာတွေကို စစ်ကော်မရှင်က ဧပြီလ ၃၀...
April 30, 2026
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို ဧပြီလ ၂၉ ရက်နေ့ မနက်ပိုင်း ၁၀ နာရီ ၁၅...
April 28, 2026
မင်းတပ်မြို့နဲ့ ဆယ်မိုင်ကျော်အကွာသာရှိတဲ့ မကွေးတိုင်း၊ ကံကြီးကျေးရွာထဲကို စစ်ကော်မရှင်တပ်တွေက...