အစိုးရပြောင်းရုံဖြင့် ပြုပြင်ပြောင်းလဲမှုမဖြစ်ဘဲ ဌာနဆိုင်ရာအဖွဲ့အစည်း အသီးသီးလိုက်ပါပြောင်းလဲမှ ပြုပြင်ပြောင်းလဲမှုဖြစ်မည်ဟု သမ္မတဦးဝင်းမြင့်မှပြော

အစိုးရပြောင်းရုံဖြင့် ပြုပြင်ပြောင်းလဲမှုမဖြစ်ဘဲ ဌာနဆိုင်ရာအဖွဲ့အစည်း အသီးသီးလိုက်ပါပြောင်းလဲမှ ပြုပြင်ပြောင်းလဲမှုဖြစ်မည်ဟု သမ္မတဦးဝင်းမြင့်မှပြော

ပြည်ထောင်စု မြန်မာနိုင်ငံတော် သမ္မတ ဦးဝင်းမြင့်မှ နိုင်ငံတော်ပြုပြင်ပြောင်းလဲမှုဆောင်ရွက်ရာတွင် အစိုးရတစ်ရပ်ပြောင်းလဲရုံဖြင့် ပြုပြင်ပြောင်းလဲမှုမဖြစ်ဘဲ ဌာနဆိုင်ရာအဖွဲ့အစည်း အသီးသီးလိုက်ပါပြောင်းလဲမှ ပြုပြင်ပြောင်းလဲမှုဖြစ်မည်ဟု ချင်းပြည်နယ် မဏ္ဍိုင်သုံးရပ်နှင့် ဖေဖော်ဝါရီလ ၂၁ရက်နေ့ ဟားခါးမြို့ မြို့တော်ခန်းမတွင် တွေ့ဆုံစဉ်ပြောခဲ့သည်။

“နိုင်ငံသူ နိုင်ငံသားများ ထင်မြင်ကြတာက အစိုးရအဖွဲ့ပြောင်းရင် ပြုပြင်ပြောင်းလဲမှုဖြစ်တယ် ထင်ကြပါတယ်၊ အမှန်တကယ်က အစိုးရအဖွဲ့ ပြုပြင်ပြောင်းလဲခြင်း ပြုလုပ်ရုံမဟုတ်ဘဲ အဆင့်ဆင့်သော ဌာနဆိုင်ရာ အဖွဲ့အစည်း အသီးသီးက လိုက်ပါပြောင်းလဲရမှာဖြစ်တယ်၊ ထို့အတူ နိုင်ငံသူနိုင်ငံသားများ ကလည်း မိမိတို့၏ပြုပြင်ပြောင်းလဲလိုသည့် စိတ်ဓာတ်များ၊ ခံယူချက်များကို ပြောင်းလဲ နိုင်မှ ပြုပြင်ပြောင်းလဲမှုဖြစ်ပါတယ်၊ တစ်နည်းအားဖြင့် အစိုးရ၊ လွှတ်တော်နှင့် ကျန်ဌာနဆိုင်ရာအားလုံး တက်ညီလက်ညီ ပြောင်းလဲကြရမှာဖြစ်တယ်”ဟု သမ္မတဦးဝင်းမြင့်မှပြောသည်။

ထို့ပြင် မိမိတို့နိုင်ငံသည် ခေတ်ဟောင်းစနစ်ဟောင်းမှ ခေတ်သစ်စနစ်သစ် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလကို စတင်၍ ခြေလှမ်းနေကြခြင်းဖြစ်ပြီး တစ်ချို့မှာ ပြုပြင်ပြောင်းလဲ ရေးအတွက် စိုးရိမ်ခြင်းများရှိနေကြောင်း၊ ပြုပြင်ပြောင်းလဲရေးသည် ရန်သူ မဟုတ်ပါဘဲ မိတ်ဆွေကောင်းတစ်ဦး ဖြစ်တာကြောင့် မိမိတို့နိုင်ငံနှင့် နိုင်ငံသူ နိုင်ငံသားများအတွက် အခွင့်အခါကောင်း၊ အခွင့်အလမ်းကောင်း ဖြစ်သည်ကို ဌာနဆိုင်ရာ အသီးသီးက သိရှိစေလိုကြောင်းလည်း ပြောခဲ့သည်။

အစိုးရအဖွဲ့၏ ပြုပြင်ပြောင်းလဲသည့် ပေါ်လစီကို အကောင်အထည်ဖော်ရာတွင် ပြည်နယ် နှင့်တိုင်းဒေသကြီး အစိုးရအဖွဲ့များသည် အဓိကကျပြီး အကောင်အထည်ဖော် ပေးရမည်ဖြစ်ပြီး မိမိတို့တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရန်နှင့် အနာဂတ်မျိုးဆက်သစ်များ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအသီးအပွင့်များကို ခံစားနိုင်အောင် လက်တွေ့ ပြုပြင် ပြောင်းလဲရေးများကို ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်းပြောခဲ့သည်။

နိုင်ငံတော်သမ္မတဦးဝင်းမြင့်မှ အစိုးရဝန်ထမ်းများနှင့် ပတ်သတ်ပြီး နိုင်ငံဝန်ထမ်းများအနေဖြင့် ပေးအပ်သည့် တာဝန်အပေါ် ကျေပွန်စွာတာဝန်ထမ်း ဆောင်ရန်လိုအပ်ပြီး ပြည်သူကိုဗဟိုပြုသည့် ဝန်ဆောင်မှု ကောင်းကောင်းပေးရမည်ဖြစ်ပြီး အခြေခံစိတ်ထားမှာ ပြည်သူက မိမိတို့ကို နိုင်ငံ့တာဝန်ထမ်းဆောင်ရန် ပြည်သူ့ အခွန် ဘဏ္ဍာများနှင့် လစဉ်ချီးမြှင့်ငွေ ပေးထားခြင်းဖြစ်သည်ကို သဘောပေါက်ရန်လိုအပ်ကြောင်း ပြောခဲ့သည်။

အဆိုပါမဏ္ဍိုင်သုံးရပ်တွေ့စုံပွဲအခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ ချင်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လွှတ်တော်၊ ပြည်နယ်တရားလွှတ်တော်၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်များမှ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။

ဓာတ်ပုံ - Crd
August 27, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အငှားယာဉ်မောင်းနှင်နေသည့် အသက် ၂၇ နှစ်အရွယ် ချင်းလူငယ် Pa Do Sian...
ဓာတ်ပုံ - (CPU/CPA က ဂိတ်ဆောက်လုပ်မှုကို ဒေသခံများ ကန့်ကွက် ဆန္ဒဖော်ထုတ်နေစဉ်)
August 24, 2026
ချင်းပြည်၊ မတူပီမြို့နယ်၊ လေဆင်းကျေးရွာတွင် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/...
ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...
ဓါတ်ပုံ - Crd
August 13, 2026
စစ်တပ်က ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့တွင် ပြန်လည်ထိန်းချုပ်လိုက်သည့် ချင်းပြည်၊ ဖလမ်းမြို့ပေါ်သို့...