ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်ရာတွင် ချင်းပြည်သူများလည်း လက်တွဲကြိုးပမ်းဆောင်ရွက်ရန်လိုအပ်ကြောင်း သမ္မတဦးဝင်းမြင့်ဆို

ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်ရာတွင် ချင်းပြည်သူများလည်း လက်တွဲကြိုးပမ်းဆောင်ရွက်ရန်လိုအပ်ကြောင်း သမ္မတဦးဝင်းမြင့်ဆို

ပြည်ထောင်စုမြန်မာနိုင်ငံတောသမ္မတမှ ၇၁နှစ်မြောက် ချင်းအမျိုးသားနေ့ သဝဏ်လွှာပေးပို့ရာတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် နိုင်ငံတော်အစိုးရ၊ ပြည်နယ်အစိုးရနှင့်အတူ ချင်းတိုင်းရင်းသားပြည်သူများကလည်း လက်တွဲကြိုးပမ်းဆောင်ရွက်ရန်လိုအပ်ကြောင်း ထည့်သွင်းရေးသားထားသည်။

အဆိုပါသဝဏ်လွှာထဲတွင် တောင်တန်းထူထပ်ပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် ချင်းတောင်တန်းများအပေါ်တွင် ဆက်သွယ်သွားလာရေးအဆင်ပြေစေရေးအတွက် မိမိတို့အစိုးရအနေဖြင့် လမ်းများအသစ်ဖောက်လုပ်ခြင်းနှင့် အဆင့်မြှင့်တင်ခြင်းများ ဦးစားပေးဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားသည်။

ထို့ပြင် ချင်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ေိရးအတွက် အခြေခံပညာကျောင်းများဖွင့်လှစ်ပေးခြင်း၊ အဆင့်တိုးမြှင့်ပေးခြင်း၊ ပညာရေးဆိုင်ရာအဆောက်အသီများ ပြုပြင်ပေးခြင်းနှင့် ဆရာ/ဆရာမများ တိုးချဲ့ခန့်ထားပေးခြင်း ကျန်းများရေးစောင့်ရှောက်မှုအတွက် ဆေးရုံ၊ ဆေးပေးခန်းများ တိုးချဲ့ဖွင့်လှစ်ပေးခြင်းနှင့် ဆရာဝန်လိုအပ်မှုဖြည့်ဆည်းပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်းလည်း ပါဝင်သည်။

လက်ရှိဆောင်ရွက်နေသည့် စီမံကိန်းများနှင့်ပါတ်သတ်ပြီး ချင်းပြည်နယ်အနှံ့အပြားတွင် မဟာဓာတ်အားလိုင်းမှ လျှပ်စစ်မီးရရှိေိရး၊ ဖလမ်းမြို့တွင် ချင်းပြည်နယ်၏ ပထမဆုံးလေယဉ်ကွင်းတည်ဆောက်ရေးစီမံကိန်းနှင့် ပလက်ဝမြို့တွင် ကုလားတန်မြစ်ဝှမ်းဖွံ့ဖြိုးရေးစီမံကိန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ကဏ္ဍအလိုက် သိသာထင်ရှားသည့် ဖွံ့ဖြိုးတိုးတက်မှုများ ရရှိနေပြီဖြစ်ကြောင်း ဖော်ပြထားသည်။

သမ္မတဦးဝင်းမြင့်၏ သဝဏ်လွှာတွင် တိုင်းရင်းသားပြည်သူများအားလုံး လိုလားတောင့်တနေသည့် ဒီမိုကရေစီရေး၊ အမျိုးသားတန်တူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံချက်ပေးနိုင်မည့် အနာဂတ်ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေး စသည်တို့အတွက် ချင်းတိုင်းရင်းသား ညီအစ်ကိုမောင်နှမများအနေဖြင့် ခိုင်မာသည့် ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ဆက်လက်ပူးပေါင်း ကြိုးပမ်းဆောင်ရွက်ပေးကြရန် အလေးအနက်တိုက်တွန်းကြောင်းလည်း ရေးသားထားသည်။

ချင်းပြည်နယ်အစိုးရဦးဆောင်မှုဖြင့် ဟားခါးမြို့တွင် ကျင်းပနေသည့် ၇၁နှစ်မြောက် ချင်းအမျိုးသားနေ့တွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး၊ ပြည်ထောင်စုဝန်ကြီးများ တက်ရောက်ချီးမြှင့်ခဲ့ကြောင်းသိရသည်။

May 2, 2026
အိန္ဒိယ - မြန်မာနယ်စပ်အနီးမှာရှိတဲ့ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ Khawpuichhip ကျေးရွာကို...
May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း မြို့နယ်များနဲ့ မကွေးတိုင်း ယောဒေသအစပ်နေရာတွေကို စစ်ကော်မရှင်က ဧပြီလ ၃၀...
April 30, 2026
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို ဧပြီလ ၂၉ ရက်နေ့ မနက်ပိုင်း ၁၀ နာရီ ၁၅...
April 28, 2026
မင်းတပ်မြို့နဲ့ ဆယ်မိုင်ကျော်အကွာသာရှိတဲ့ မကွေးတိုင်း၊ ကံကြီးကျေးရွာထဲကို စစ်ကော်မရှင်တပ်တွေက...