ချင်းအမျိုးသားနေ့ ဟားခါးမြို့တွင် စတင်ကျင်းပ နိုင်ငံတော်သမ္မတဦးဝင်းမြင့် တက်ရောက်မည်

ချင်းအမျိုးသားနေ့ ဟားခါးမြို့တွင် စတင်ကျင်းပ နိုင်ငံတော်သမ္မတဦးဝင်းမြင့် တက်ရောက်မည်

ချင်းပြည်နယ်အစိုးရမှ ဦးဆောင်ကျင်းပသည့် (၇၁)နှစ်မြောက် ချင်းအမျိုးသားနေ့ကို ဟားခါးမြို့တွင် ဖေဖော်ဝါရီလ ၁၈ရက်နေ့မှစတင်ကျင်းပလျက်ရှိပြီး နိုင်ငံတော်သမ္မတဦးဝင်းမြင့်မှာ ဖေဖော်ဝါရီလ ၂၀ရက်နေ့တွင် ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။

ချင်းအမျိုးသားနေ့ကို ဟားခါးမြို့ရှိ ဝမ္မသူးမောင်အားကစားကွင်းတွင် ကျင်းပလျက်ရှိပြီး ဌာနဆိုင်ရာပြခန်းများ၊ စားသောက်ဆိုင်များ၊ ကုန်ပစ္စည်းအရောင်းဆိုင်များ ခင်းကျင်းထားပြီး ရိုးရာနပန်းပွဲလည်း ကျင်းပလျက်ရှိသည်။

အခန်းအနားကျင်းပမည့် ဖေဖော်ဝါရိလ ၂၀ရက်နေ့တွင် သမ္မတဦးဝင်းမြင့်မှ ဖွင့်ပွဲ ဖွင့်လှစ်ပေးမည်ဖြစ်ပြီး ၇၁နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားကျင်းပခြင်း၊ ချင်းရိုးရာနပန်းပြိုင်ပွဲ၊ ချင်းရိုးရာစုပေါင်းဝါးညှပ်အက၊ ချင်းရိုးရာ ခွေါင်ကြွှဲပွဲ များထည့်သွင်းကျင်းပသွားမည်ဖြစ်ပြီး ညပိုင်းတွင် ချင်းရိုးရာအက၊ ချင်းရိုးရာဝတ်စားဆင်ယင်မှုပြိုင်ပွဲနှင့် စင်တင်တေးဂီတများ ဖျော်ဖြေကျင်းပသွားမည်။

ဟားခါးမြို့တွင်ကျင်းပသည့် ယခုနှစ် ချင်းအမျိုးသားနေ့တွင် ဆယ်စုနှစ် တစ်ခုအကြာ ကျင်းပခြင်းမရှိသည့် မြင်းစီးပြိုင်ပွဲကို ဖေဖော်ဝါရီ ၁၉ရက်နေ့တွင် The Hakha Post မှ ဦးဆောင်ကာ ဦးကီးယိုမန်း အားကစားကွင်းတွင် ကျင်းပခဲ့ပြီး ဝင်ရောက်ယှဉ်ပြိုင်သူ ၁၀ဦးရှိခဲ့ကြောင်း သိရသည်။

၇၁နှစ်မြောက် ချင်းအမျိုးသားနေ့ကိုတက်ရောက်မည့် သမ္မတဦးဝင့်မြင့်သည် ဖေဖော်ဝါရီ ၂၁ရက်နေ့တွင် လူထုတွေ့ဆုံပွဲ ပြုလုပ်သွားမည်ဖြစ်သည်။

လက်ရှိအစိုးရလက်ထက်ချင်းပြည်နယ်အစိုးရမှ ဦးဆောင်ကျင်းပသည့် ချင်းအမျိုးသားနေ့များအနက် ဖလမ်းမြို့တွင်ကျင်းပသည့် ၆၉နှစ်မြောက် ချင်းအမျိုးသားနေ့တွင် သမ္မတဦးထင်ကျော်တက်ရောက်ခဲ့ပြီး ယခုနှစ်ဟားခါးမြို့တွင် ကျင်းပသည့် ၇၁နှစ်မြောက် ချင်းအမျိုးသားနေ့ကို သမ္မတဦးဝင်းမြင့် တက်ရောက်မည်ဖြစ်သည်။

ချင်းအမျိုးသားနေ့ကို ပထမဆုံးကြိမ်အဖြစ် ၁၉၅၁ခုနှစ် ဖေဖော်ဝါရီ ၂၀ရက်နေ့တွင် ချင်းပြည်နယ်မင်းတပ်မြို့တွင် ကျင်းပခဲ့ပြီး နိုင်ငံတော်ဝန်ကြီးချုပ် ဦးနုကိုယ်တိုင် တက်ရောက်ချီးမြှင့်ပေးခဲ့သည်။

ဓာတ်ပုံ - Crd
August 27, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အငှားယာဉ်မောင်းနှင်နေသည့် အသက် ၂၇ နှစ်အရွယ် ချင်းလူငယ် Pa Do Sian...
ဓာတ်ပုံ - (CPU/CPA က ဂိတ်ဆောက်လုပ်မှုကို ဒေသခံများ ကန့်ကွက် ဆန္ဒဖော်ထုတ်နေစဉ်)
August 24, 2026
ချင်းပြည်၊ မတူပီမြို့နယ်၊ လေဆင်းကျေးရွာတွင် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/...
ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...
ဓါတ်ပုံ - Crd
August 13, 2026
စစ်တပ်က ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့တွင် ပြန်လည်ထိန်းချုပ်လိုက်သည့် ချင်းပြည်၊ ဖလမ်းမြို့ပေါ်သို့...