ချင်းလွှတ်တော်ဒုဥက္ကဌ ရာထူးမှအနားယူမည်ဟု လွှတ်တော်ရေးရာကော်မတီအစည်းအဝေးတွင် လွှတ်တော်ဥက္ကဌမှ အရိပ်အမွတ်ပြောဆိုခဲ့ဟုဆို

ချင်းလွှတ်တော်ဒုဥက္ကဌ ရာထူးမှအနားယူမည်ဟု လွှတ်တော်ရေးရာကော်မတီအစည်းအဝေးတွင် လွှတ်တော်ဥက္ကဌမှ အရိပ်အမွတ်ပြောဆိုခဲ့ဟုဆို

ချင်းပြည်နယ်လွှတ်တော် ဒုဥက္ကဌဦးအောင်သန်း မကြာခင်အနားယူမည်ဟု ချင်းလွှတ်တော်ရေးရာကော်မတီအစည်းအဝေးတွင် လွှတ်တော်ဥက္ကဌ ဦးဇိုဘွေမှ အရိပ်အမွတ်ပြောဆိုခဲ့ကြောင်း သိရသည်။

“ရေးရာကော်မတီအစည်းအဝေးမှာ ဦးဇိုဘွေက ဦးအောင်သန်းအနားယူမယ်လို့ အရိပ်အမွတ်ထည့်ပြောတယ်၊ အဲဒီတုန်းက ဦးအောင်သန်းလည်း နေပြည်တော်ရောက်နေတယ်၊ အဲဒီနောက်ပိုင်း ဘာမှထပ်ပြီး မသိရသေးဘူး၊ တရားဝင်စာလည်းမထွက်သေးဘူး၊ ဘာကြောင့်အဲလိုပြောတာလဲဆိုတာ ခုထိမသိရသေးပါဘူး”ဟု ဖလမ်းလွှတ်တော်အမတ် ဦးရာလ်နှင်းမှပြောသည်။

အဆိုပါကိစ္စနှင့်ပါတ်သတ်ပြီး လွှတ်တော်ဒုဥက္ကဌ ဦးအောင်သန်းကို ဆက်သွယ်မေးမြန်းသော်လည်း မအားသေးသဖြင့် နောက်မှပြန်ခေါ်ရန်ပြောသည်။

ရေးရာကော်မတီအစည်းအဝေးတက်ရောက်ခဲ့သူ မတူပီလွှတ်တော်အမတ် ဦးအောင်လျန်းမှ “လွှတ်တော်အမတ်တွေဘဲ သီးသန့်လုပ်တဲ့အစည်းအဝေးမှာပြောရင်တော့တစ်မျိုးပေါ့၊ ရေးရာကော်မတီအစည်းအဝေးမှာကျတော့ အပြင်လူတွေလည်းပါတယ်၊ လေ့လာသူတွေလည်းပါတယ်၊ ထန်တလန်က မြို့မိမြို့ဖတစ်ချို့လည်း ရှိနေတုန်းပြောတာဆိုတော့ သေချာလို့ပြောတာလို့ထင်တယ်၊ လက်ရှိတော့ တရားဝင်ကြေညာတာတော့မရှိသေးပါဘူး”ဟုပြောသည်။

လွှတ်တော်ဒုဥက္ကဌဦးအောင်သန်းမှာ ယခင်က မင်းတပ်မြို့ လမ်းတာချဲ့ရာတွင် နေအိမ်အချို့ရွှေ့ခိုင်းသဖြင့် ပြည်သူအချို့နှင့် ပြသနာအနည်းငယ်ဖြစ်ခဲ့ဖူးသည်ဟုသိရသော်လည်း လွှတ်တော်ဥက္ကဌမှ ပြောဆိုရာတွင် မည်သည့်အတွက်ကြောင့် အနားယူရမည်ကို ထည့်သွင်းပြောကြားခဲ့ခြင်းမရှိကြောင်း သိရသည်။

လွှတ်တော်ဒုဥက္ကဌဦးအောင်သန်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင် ၁၉၉၀ခုနှစ်ကတည်းက ပါဝင်ခဲ့ပြီး ၂၀၁၅အထွေထွေရွေးကောက်ပွဲတွင် မင်းတပ်မြို့နယ်မှ အနိုင်ရရှိခဲ့ကာ ချင်းပြည်နယ် လွှတ်တော်အမတ် စုစုပေါင်း ၂၄ ဦးထဲမှ ပြန်လည်ရွှေးချယ်က လွှတ်တော်ဒုဥက္ကဌရာထူး ရရှိလာသူဖြစ်သည်။

May 2, 2026
အိန္ဒိယ - မြန်မာနယ်စပ်အနီးမှာရှိတဲ့ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ Khawpuichhip ကျေးရွာကို...
May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း မြို့နယ်များနဲ့ မကွေးတိုင်း ယောဒေသအစပ်နေရာတွေကို စစ်ကော်မရှင်က ဧပြီလ ၃၀...
April 30, 2026
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို ဧပြီလ ၂၉ ရက်နေ့ မနက်ပိုင်း ၁၀ နာရီ ၁၅...
April 28, 2026
မင်းတပ်မြို့နဲ့ ဆယ်မိုင်ကျော်အကွာသာရှိတဲ့ မကွေးတိုင်း၊ ကံကြီးကျေးရွာထဲကို စစ်ကော်မရှင်တပ်တွေက...