ကိုယ်ပိုင်ပြဌာန်းခွင့်ပြန်လည်ရရှိရေး ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေးအတွက် ၇၁နှစ်မြောက် ချင်းအမျိုးသားနေ့တွင် အားသစ်လောင်းကြိုးပမ်းရန် ချင်းအမျိုးသားတပ်ဦး(CNF) ကြေငြာချက်ထုတ်ပြန်

ကိုယ်ပိုင်ပြဌာန်းခွင့်ပြန်လည်ရရှိရေး ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေးအတွက် ၇၁နှစ်မြောက် ချင်းအမျိုးသားနေ့တွင် အားသစ်လောင်းကြိုးပမ်းရန် ချင်းအမျိုးသားတပ်ဦး(CNF) ကြေငြာချက်ထုတ်ပြန်

ချင်းပြည်သူလူထုအနေဖြင့် အမျိုးသားရေးအကျိုးစီးပွားကို ဦးထိပ်ထားလျက် ကိုယ်ပိုင်ပြဌာန်းခွင့် ပြန်လည်ရရှိရေး၊ ဖက်ဒရယ်ပြညန်ထောင်စုပေါ်ထွန်းရေးနှင့် ဒီမိုကရေစီစနစ်ပြန်လည်ထွန်းကားရေးတို့အတွက် ၇၁ နှစ်မြောက် ချင်းအမျိုးသားနေ့တွင် အားသစ်လောင်းကာကြိုးပမ်းကြရန် စသည့်အချက်များပါဝင်သည့် ထုတ်ပြန်ကြေညာချက်တစ်စောင်ကို ချင်းအမျိုးသားတပ်ဦးမှ ဖေဖော်ဝါရီ ၁၂ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ထိုထုတ်ပြန်ချက်ထဲတွင် ချင်းအမျိုးသားနေ့အခါသမယတွင် ချင်းလူမျိုးတို့၏ အမျိုးသားအင်္ဂါရပ်လက္ခဏာဖြစ်သော ချင်းအမျိုးသားနေ့ဖြစ်ပေါ်လာရေး၊ ပြန်လည်ရှင်သန်ရေးနှင့် တရားဝင်မှုရှိရေးတို့အတွက် အသက်၊သွေး၊ ချွေးပေါင်းများစွာရင်းပြီး ကြိုးစားဖော်ထုတ်ပေးဆပ်ခဲ့သည့် ချင်းအမျိုးသားခေါင်းဆောင်များ ချင်းပြည်သူများအား ဦးညွတ်ပြုပါသည်ဟု ဖော်ပြထားသည်။

ထို့ပြင် ချင်းအမျိုးသားရေးအနှစ်သာရများ ဆက်လက်ရှင်သန်ရေးအတွက် အနှစ် (၇၀)ကျော်ကြာ ပြည်တွင်းစစ်ကို အဆုံးသတ်ပြီး အဓိပ္ပါယ်ပြည့်ဝသော နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများမှတစ်ဆင့် ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် အမျိုးသားတန်တူမှုရှိသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်သွားကြရမည် ဟုလည်းရေးသားဖော်ပြထားသည်။

ချင်းအမျိုးသားနေ့ဖြစ်သည့် ဖေဖော်ဝရီ ၂၀ရက်နေ့သည် ချင်းပြည်၌တိုက်သူကြီး အုပ်ချုပ်ရေးနှစ်အစား ဒီမိုကရေစီစနစ်ကို စတင်ကျင့်သုံးရန် ချင်းပြည်သူ ငါးထောင်ကျော် တက်ရောက်ခဲ့သည့် “ပထမအကြိမ် ချင်းအမျိုးသားညီလာခံ”က ၁၉၄၈ခုနှစ်၊ ဖေဖော်ဝါရိလ (၂၀)ရက်နေ့တွင် တခဲနက်အတည်ပြု ခဲ့ကြသည့်နေ့ဖြစ်ကြောင်း အဆိုပါထုတ်ပြန်ချက်တွင်ပါဝင်သည်။

ဓာတ်ပုံ - Crd
August 27, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အငှားယာဉ်မောင်းနှင်နေသည့် အသက် ၂၇ နှစ်အရွယ် ချင်းလူငယ် Pa Do Sian...
ဓာတ်ပုံ - (CPU/CPA က ဂိတ်ဆောက်လုပ်မှုကို ဒေသခံများ ကန့်ကွက် ဆန္ဒဖော်ထုတ်နေစဉ်)
August 24, 2026
ချင်းပြည်၊ မတူပီမြို့နယ်၊ လေဆင်းကျေးရွာတွင် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/...
ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...
ဓါတ်ပုံ - Crd
August 13, 2026
စစ်တပ်က ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့တွင် ပြန်လည်ထိန်းချုပ်လိုက်သည့် ချင်းပြည်၊ ဖလမ်းမြို့ပေါ်သို့...