ချင်းအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (CNLD)ပါတီ မှတ်ပုံတင်နှစ်လ အတွင်းရရှိတော့မည်

ချင်းအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (CNLD)ပါတီ မှတ်ပုံတင်နှစ်လ အတွင်းရရှိတော့မည်

ချင်းနိုင်ငံရေးပါတီ ၃ ပါတီပှုးပေါင်းသည့် ချင်းအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(CNLD) ပါတီ အနေဖြင့် တရားဝင်ပါတီ မှတ်ပုံတင်ထားမှု နောက် ၂ လအတွင်းရရှိတော့မည် ဖြစ်ကြောင်း ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ အတွင်းရေးမှုး ဆလိုင်းကျဲအိုဘိခ်ထောင်းကပြောသည်။

ဆလိုင်းကျဲအိုဘိခ်ထောင်းက “လဝက ကနေစစ်ဆေးနေတဲ့ အပိုင်းဘဲကျန်တော့တယ်။ တော်တော်များများက ပြီးသွားပြီ ရဲတွေ၊SP အပိုင်းတွေက ပြီးသွားပါပြီ လဝကပိုင်းလေးတွေ ပြီးသွားရင်တော့ ပထမအဆင့်တော့ ပြီးသွားမှာပါ ပေါင်းစည်းထားတဲ့ ပါတီတွေရဲ့ မှတ်ပုံတင်တဲ့သူတွေ ကယားတို့ ကရင်တို့ရဲ့ အတွေ့ကြုံကို ကြည့်မယ်ဆိုရင် ငါးလလောက်ကြာတယ် ကျွန်တော်တို့က သုံးလလောက်ဘဲ ရှိသေးတယ်ဆိုတော့ နှစ်လလောက်တော့ ကြာဦးမယ့် သဘောမှာရှိတယ် အလွန်ဆုံး တစ်လ၊နှစ်လလောက်ဘဲ ကြာမှာပါ”ဟုပြောသည်။

ပါတီမှတ်ပုံတင်ရရှိလာပြီးလျှင် ပထမဆုံး ခြေလှမ်းအနေဖြင့် ဟိုအရင်ကလို ချင်းပြည်နယ် မြောက်ပိုင်းခရီးစဉ် သွားခဲ့သကဲ့သို့ တောင်ပိုင်းခရီးစဉ်မှ စတင်ပြီး သွားပြီးသားနေရာအပါအဝင် မသွားရသေးသည့် နေရာများကို သွားရောက်မည်ဖြစ်ပြီး ချင်းပြည်နယ်ကိုးမြို့နယ် အပြင် ချင်းလူမျိုးများ ရှိသော အခြားတိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ မြို့နယ်ပေါင်း ၂၀ လောက်သွားပြီး ပါတီရုံးများဖွင့် နိုင်ရန် ဌာနချုပ်ဖက်က ဦးဆောင်သွားမည်ဖြစ်ကာ ပါတီ၏ မှုဝါဒ နှင့် နှိုင်ငံရေးအခြေနေများကို မိတ်ဆက်ခြင်းများကို ပြုလုပ်သွားမည် ဖြစ်ကြောင်း ဆလိုင်းကျဲအိုဘိခ်ထောင်းကပြောသည်။

ဆလိုင်းကျဲအိုဘိခ်ထောင်းက “တစ်ဆက်တည်းမှာဘဲ ကျွန်တော်တို့ ပါတီရဲ့ ၂၀၂၀ အောင်နှိုင်ရေးနဲ့ ရွေးကောက်ပွဲမှာ အသုံးချမယ့် ရွေးကောက်ပွဲ ကြေညာစာတမ်းတွေပေါ့။ ကဏ္ဍအလိုက် ခွဲထားတာ တွေရှိတယ်။ အဲတာတွေက ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ နယ်နိမိတ်အရေး စတဲ့ ကဏ္ဍ အကုန်လုံးကို ၂၀ ကနေ ၃၀ လောက်ကို လောလောဆယ် ခေါင်းစဉ်ခွဲပြီးတော့ လုပ်ထားတာရှိတယ်။ အဲတာကို လိုအပ်ရင်လိုအပ်သလို သုံးသပ်ပြီးမှ ကဏ္ဍအလိုက် တာဝန်ကို ကျွန်တော်တို့ ကော်မတီနဲ့ ပညာရှင်တွေပေါင်း စပ်ပြီးမှ ဆွေးနွေးပွဲတွေ မှုဝါဒရေးဆွဲရေးတွေကို ကျွန်တော်တို့လုပ်ပြီး စာတမ်းတွေပြုစုတာတွေကိုဆောင်ရွက်မယ်။ အဲတာကို ၂၀၁၉ အတွင်း ပါတီတည်ထောင်ရေး အပိုင်းနဲ့ မှုဝါဒရေးတာတွေ အဲဒီအပိုင်းတွေကို အဓိကလုပ်မယ်”ဟုပြောသည်။

ချင်းပါတီ ၃ ပါတီဖြစ်တဲ့ CNDP ၊ CPP ၊ CLD ပါတီတို့သည် ပြီးခဲ့သည့် စက်တင်ဘာလ ၂၉ ရက်နေ့တွင် တစ်ပါတီတည်းအဖြစ်ပူးပေါင်းရန် သဘောတူလက်မှတ် ရေးထိုးပြီးဖြစ်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တွင် ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (CNLD) ပါတီအမည်ဖြင့် မှတ်ပုံတင်ဆဲဖြစ်သည်။ အဆိုပါ မှတ်ပုံတင်ကျပြီ ဆိုပါက ပါတီသုံးခုလုံးကိုဖျက်သိမ်းကာ CNLD တစ်ပါတီအဖြစ် ရပ်တည်တော့မည်ဖြစ်သည်။

December 18, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခွန်လီ ( Khuangli )ကျေးရွာအနီးအနားကို မနေ့ဒီဇင်ဘာလ ၁၆ ရက်နေ့က...
December 17, 2025
ချင်းပြည်နယ်ရှိ ချင်းဘာသာစကားများ အပါအဝင် မြန်မာပြည်ရှိ ဘာသာစကား (၂၀) မျိုးဖြင့်...
December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...