ဇိုမီးဒီမိုကရေစီအဖွဲ့ချူပ်မှ တီးတိန်ခရိုင်အဖြစ်တိုးမြှင့်ပေးရန် နိုင်ငံတော်အတိုင်ပင်ခံ ထံသို့ အိတ်ဖွင့်စာပေးခဲ့

ဇိုမီးဒီမိုကရေစီအဖွဲ့ချူပ်မှ တီးတိန်ခရိုင်အဖြစ်တိုးမြှင့်ပေးရန် နိုင်ငံတော်အတိုင်ပင်ခံ ထံသို့ အိတ်ဖွင့်စာပေးခဲ့

တွန့်ဇံမြို့နယ်နှင့်တီးတိန်မြို့နယ်နှစ်ခုကို တီးတိန်ခရိုင်အဖြစ် တိုးမြှင့်ပေးရန် နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၏ တီးတိန်မြို့ ခရီးစဉ်တွင် ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်မှ ၂၁ ရက်နေ့တွင် အိတ်ဖွင့်ပေးစာ ပေးခဲ့ကြောင်းသိရသည်။

တီးတိန်မြို့နယ်နှင့် တွန့်ဇံမြို့နယ်တို့သည် ချင်းပြည်နယ်လူဦးရေ၏ လေးပုံတစ်ပုံခန့် ရှိသော မြို့နယ်များဖြစ်ကြသည့်အပြင် ဖလမ်းခရိုင်တွင်နှစ်ပေါင်း (၆၀) ခန့်တွဲထားလျက် ပြည်သူလူထုနှင့် ဌာနဆိုင်ရာအစိုးရရုံးများသည် မိုင်ပေါင်း (၁၆၀) ကျော်ဝေးကွာသော ခရိုင်သို့သွားလာနေရသော အခက်ခဲများကြုံနေရကြောင်းလည်း အိတ်ဖွင့်စာတွင်ပါဝင်သည်။

တီးတိန်မြို့နယ်နှင့် တွန့်ဇံမြို့နယ်ကို တီးတိန်ခရိုင်အဆင့်ဖြင့် တိုးမြှင့်ပေးရန် တီးတိန်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ပူခမ်ခန့်ထန်၊ တွန့်ဇံမြို့နယ်ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် တို့နှစ်ဦး နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် နေအိမ်တွင် ၂၀၁၆ နှစ်၊ဒီဇင်ဘာလ ပထမပတ်တွင် တီးတိန်ခရိုင်အဆင့် တိုးမြှင့်ပေးရေးအတွက် တင်ပြခဲ့ဖူးကြောင်းသိရသည်။

နိုင်ငံတော်အတိုင်ပင်ခံမှလည်း တွန်းဇံမြို့နယ်နှင့် တီးတိန်မြို့နယ် တို့အားစုပေါင်း၍ တီးတိန်ခရိုင်အဖြစ် တိုးမြှင့်ပေးရေးကို ပံ့ပိုးကူညီနိုင်မည်ဟု ပြည်သူလူထုက မျော်လင့်စောင့်ဆိုင်းနေကြကြောင်းလည်းအိတ်ဖွင့်ပေးစာတွင် ဖော်ပြထားသည်။

ဓာတ်ပုံ - Crd
August 27, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အငှားယာဉ်မောင်းနှင်နေသည့် အသက် ၂၇ နှစ်အရွယ် ချင်းလူငယ် Pa Do Sian...
ဓာတ်ပုံ - (CPU/CPA က ဂိတ်ဆောက်လုပ်မှုကို ဒေသခံများ ကန့်ကွက် ဆန္ဒဖော်ထုတ်နေစဉ်)
August 24, 2026
ချင်းပြည်၊ မတူပီမြို့နယ်၊ လေဆင်းကျေးရွာတွင် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/...
ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...
ဓါတ်ပုံ - Crd
August 13, 2026
စစ်တပ်က ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့တွင် ပြန်လည်ထိန်းချုပ်လိုက်သည့် ချင်းပြည်၊ ဖလမ်းမြို့ပေါ်သို့...