အိန္ဒိယ-မြန်မာ နှစ်နိုင်ငံနယ်စပ်တံတားကို အိန္ဒိယဖက်မှ လေးရက်ပိတ်မည်

အိန္ဒိယ-မြန်မာ နှစ်နိုင်ငံနယ်စပ်တံတားကို အိန္ဒိယဖက်မှ လေးရက်ပိတ်မည်

အိန္ဒိယနိုင်ငံ၏ (Republic Day )အထိမ်းအမှတ်အခမ်းအနား ကျင်းပမည်ဖြစ်၍ ရိခေါ်ဒါရ်မြို့ရှိ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ နယ်စပ်တံတားအပေါ် ဖြတ်သန်းသွားလာခြင်း ကို ဇန်နဝါရီ ၂၁ ရက်နေ့မှစ၍ အိန္ဒိယ နိုင်ငံဖက်မှ ခတ္တရပ်ဆိုင်းထားမည် ဖြစ်ကြောင်းသိရသည်။

ရိခေါ်ဒါရ်ပြန်/ဆက် မြို့ဦးစီးမှုး ဦးလာလ်ပက်လောမ်က “မြန်မာနဲ့ - အိန္ဒိယ နှစ်နိုင်ငံ နယ်စပ်တံတားကို စုစုပေါင်းလေးရက်ပိတ်မှာဖြစ်တယ်။ အိန္ဒိယနိုင်ငံ အာသံတပ်မတော်က ဒုတိယဗိုလ်ချုပ်ကြီး က အိန္ဒိယ နယ်စပ်ဖြစ်တဲ့ ဇိုခေါထာရ်စခန်းကို အလည်ပတ်လာရောက်မှာ ဖြစ်လို့ ၂၁ ရက်နေ့ကနေ ၂၂ ရက်အထိ ပိတ်မှာဖြစ်ပြီး ၂၅ ရက်ကနေ ၂၆ ရက်အထိတော့ သူတို့ရိုးရာပွဲဖြစ်လို့ပိတ်မှာဖြစ်တယ် စုစုပေါင်း လေးရက်အကြာ ပိတ်မှာဖြစ်တယ်”ဟုပြောသည်။

နယ်စပ်တံတားအပေါ် ဖြတ်သန်းသွားလာမှု ခေတ္တရပ်ဆိုင်းရာတွင် မော်တော်ယာဉ်ငယ်များ၊ ဆိုင်ကယ်များ၊ လူနှင့် ကုန်စည်စီးဆင်းမှုများကို တစ်ဖက်အိန္ဒိယနိုင်ငံဖက်မှ ခေတ္တရပ်ဆိုင်းသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

အိန္ဒိယနိုင်ငံ အာသံတပ်မတော်မှ Director General(GD)တွင် တာဝန်ထမ်းဆောင်နေသူ ဒုတိယဗိုလ်ချုပ်ကြီး Sangwan သည် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ် (အိန္ဒိယဖက်ခြမ်း)ရှိ ဇိုခေါထာရ်စခန်းသို့ အလည်အပက်လာရောက်မည် ဖြစ်ပါသဖြင့် နှစ်ရက်အကြာပိတ်မည်ဖြစ်သည်။

အိန္ဒိယနိုင်ငံ၏ (၇၀) နှစ်မြောက် (Republic Day) အထိမ်းအမှတ် အခမ်းအနားကြောင့်လည်း နှစ်ရက်အကြာပိတ်မည်ဖြစ်ပြီး စုစုပေါင်း လေးရက်အကြာ နယ်စပ်တံတားကို အိန္ဒိယနိုင်ငံဖက်မှ ပိတ်သွားမည်ဟုသိရသည်။

ဓာတ်ပုံ - Crd
August 27, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အငှားယာဉ်မောင်းနှင်နေသည့် အသက် ၂၇ နှစ်အရွယ် ချင်းလူငယ် Pa Do Sian...
ဓာတ်ပုံ - (CPU/CPA က ဂိတ်ဆောက်လုပ်မှုကို ဒေသခံများ ကန့်ကွက် ဆန္ဒဖော်ထုတ်နေစဉ်)
August 24, 2026
ချင်းပြည်၊ မတူပီမြို့နယ်၊ လေဆင်းကျေးရွာတွင် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/...
ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...
ဓါတ်ပုံ - Crd
August 13, 2026
စစ်တပ်က ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့တွင် ပြန်လည်ထိန်းချုပ်လိုက်သည့် ချင်းပြည်၊ ဖလမ်းမြို့ပေါ်သို့...