ပြည်နယ်နှင့်တိုင်းအစိုးရများမှ ဆောင်ရွက်နိုင်သည့်ကိစ္စများကို ၎င်းကိုယ်တိုင်ဖြေရှင်းပေးနေရသည်မှာ အလေ့အကျင့်အရမကောင်းဟု အတိုင်ပင်ခံပုဂ္ဂိုလ်မှဆို

ပြည်နယ်နှင့်တိုင်းအစိုးရများမှ ဆောင်ရွက်နိုင်သည့်ကိစ္စများကို ၎င်းကိုယ်တိုင်ဖြေရှင်းပေးနေရသည်မှာ အလေ့အကျင့်အရမကောင်းဟု အတိုင်ပင်ခံပုဂ္ဂိုလ်မှဆို

ကလေးမြို့ရှိ မြို့တော်ခန်းမတွင် ဇန်နဝါရီလ ၂၂ရက်နေ့တွင်ကျင်းပခဲ့သည့် နိုင်ငံတော်အတိုင်ပင်ခံနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲတွင် အတိုင်ပင်ခင်ပုဂ္ဂိုလ်မှ ပြည်နယ်နှင့်တိုင်းအစိုးရများအနေဖြင့် ဆောင်ရွက်နိုင်သည့်ကိစ္စများကို ၎င်းကိုယ်တိုင်ဖြေရှင်းပေးနေရသည်မှာ အလေ့အကျင့်အရမကောင်းဟု ပြောကြားခဲ့ကြောင်းသိရသည်။

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်မှ “ပြည်သူတွေဆီက အမေးအဖြေတွေကို ကျွန်မတို့ထားခဲ့မှာပါ၊ တိုင်းအစိုးရအနေနဲ့ မေးထားတဲ့ပြည်သူတွေဆီကို ရအောင်ပို့ပေးပါ၊ ဒါမှမဟုတ် သက်ဆိုင်ရာဝန်ကြီးဌာနကနေပြီး ခေါ်ပြီးတော့ ဒီအဖြေတွေကို ခေါ်ပြီးတော့ ပေးလိုက်ပါ၊ ပြသနာတွေကို ပြည်သူလူထုနှင့်သေချာတွေ့ပြီးတော့ဖြေပါ၊ ဒီကိစ္စတွေက ကျွန်မလာတော့မှ ဖြေရှင်းရမယ့်ကိစ္စတွေမဟုတ်ဘူး၊ ဒီလိုပြောချင်းအားဖြင့် ကျွန်မတို့အစိုးရနှင့် မဆိုင်တဲ့ကိစ္စတွေရှိတယ်လို့ ဆိုလိုတာမဟုတ်ပါဘူး၊ ပြည်နယ်/တိုင်း အစိုးရမှ လုပ်နိုင်တဲ့ကိစ္စတွေကို ကျွန်မတို့က ဝင်ဝင်ပြီးတော့ လုပ်နေရတာလည်း အလေ့အကျင့်အရမကောင်းဘူး၊ အချိန်ကန့်သန့်မှုအရလည်း ဖြစ်နိုင်ခြေမရှိပါဘူး” ဟု ပြည်သူများထံမှ တင်ပြလာသော မေးခွန်းများကို ဖြေကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

ထို့ပြင် ပြည်သူများအနေဖြင့် တိုင်းနှင့်ပြည်နယ်အစိုးရအဖွဲ့ဝင်များကို မလိုအပ်တာများကိုမတောင်းဆိုဘဲ လိုအပ်သည့်ကိစ္စများကို မိသားစုသဖွယ် တောင်းဆိုပြီး ဆွေးနွေးစရာရှိသည့်ကိစ္စရပ်များကို ပွင့်ပွင့်လင်လင်းနှင့် ဟိုဘက်ဒီဘက်မျှတအောင် ဆွေးနွေးအဖြေရှာရန် တိုက်တွန်းပြောကြားခဲ့သည်။

အတိုင်ပင်ခံပုဂ္ဂိုလ်မှဆက်ပြီး “ကိုယ့်ရဲ့ပြည်နယ်တိုင်းထဲက ပြည်သူလူထုနဲ့ မကြာခဏတွေ့ဆုံပွဲတွေလုပ်ပါ။ ဝန်ကြီးတိုင်းဝန်ကြီးတိုင်း မှာတာဝန်ရှိပါတယ်၊ကိုယ့်ရဲ့ဝန်ကြီးဌာနနဲ့ ပတ်သက်တဲ့ကိစ္စတွေကို ပြည်သူလူထုနဲ့ မကြာခဏ နယ်လှည့်ပြီး ဆွေးနွေးပါ။ ဒူးတိုက်ဆွေးနွေးပွဲတွေလုပ်ပါ။ ဒူးတိုက်ဆွေးနွေးပွဲတွေဆို ဘယ်တော့မှ စိတ်မဝင်စားဘူး။ ဒူးမတိုက်ဘဲနဲ့ ကုလားထိုင်ပေါ်ထိုင်ပြီး တစ်ယောက်နဲ့တစ်ယောက် မျက်နှာချင်းဆိုင်ထိုင်ပြီးတော့ ဆွေးနွေး တယ်ဆိုရင်လည်း ဆွေးနွေးပါ။ဆွေးနွေးပြီးတော့မှာ ပြည်သူတွေကိုရှင်းပြပါ ခက်ခက်ခဲခဲ ရှင်းပြရမယ့်ဟာတွေ လည်းမဟုတ်ပါဘူး။” ဟုဖြည့်စွက်ပြောခဲ့သည်။

အဆိုပါတွေ့ဆုံပွဲကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ စစ်ကိုင်းတိုင်းဝန်ကြီးချုပ်နှင့် စစ်ကိုင်းတိုင်းဝန်ကြီးများ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများနှင့် ကျောင်းသား/ကျောင်းသူများတက်ရောက်ခဲ့ကြာသည်။

May 2, 2026
အိန္ဒိယ - မြန်မာနယ်စပ်အနီးမှာရှိတဲ့ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ Khawpuichhip ကျေးရွာကို...
May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း မြို့နယ်များနဲ့ မကွေးတိုင်း ယောဒေသအစပ်နေရာတွေကို စစ်ကော်မရှင်က ဧပြီလ ၃၀...
April 30, 2026
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို ဧပြီလ ၂၉ ရက်နေ့ မနက်ပိုင်း ၁၀ နာရီ ၁၅...
April 28, 2026
မင်းတပ်မြို့နဲ့ ဆယ်မိုင်ကျော်အကွာသာရှိတဲ့ မကွေးတိုင်း၊ ကံကြီးကျေးရွာထဲကို စစ်ကော်မရှင်တပ်တွေက...