နယ်နိမိတ် အငြင်းအပွားမှုများကို အမြန်ဆုံးပြေလည်အောင် ဖြေရှင်းပေးရန် သဘောထားထုတ်ပြန်

နယ်နိမိတ် အငြင်းအပွားမှုများကို အမြန်ဆုံးပြေလည်အောင် ဖြေရှင်းပေးရန် သဘောထားထုတ်ပြန်

မကွေးတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်ဒေသ အကြား နယ်နိမတ် အငြင်းပွားမှုများကို အမြန်ဆုံးပြေလည်အောင် ညှိနှိုင်းပေးရန် ကန်ပက်လက်မြို့နယ်လူမှုအသင်းအဖွဲ့များ ကွန်ယက်နှင့် ကျောက်တောင်ကျေးရွာလူထုမှ ၁၅ ရက်နေ့က သဘောထားထုတ် ကြေညာထုတ်ပြန်လိုက်သည်ဟု သိရသည်။

သဘောထား ထုတ်ပြန်ချက်များတွင် နယ်နမိတ်အငြင်းအပွားမှုများနှင့် ပက်သက်၍ ပေါ်ပေါက်လာသောကျေးရွာ အချင်းချင်းကြား ပဋိပက္ခများကိုတိုင်းရင်းသား စည်းလုံးညီညွက်ရေးကို ရှေးရှု၍သက်ဆိုင်ရာမှ အမြန်ဆုံးပြေလည်အောင် ညှိနှိုင်းပေးရန် နှင့် မကွေးတိုင်းနှင့်ချင်းပြည်နယ် နယ်နမိတ်ဘုတ်တိုင်များကို တရားဝင်ညှိနှိုင်းသတ်မှတ်ခြင်း မပြုလုပ်နိုင်သေးမီ မကွေးတိုင်းဒေသကြီးဖက်မှနေ၍ နယ်မြေခြားဘုတ်တိုင်များ ထပ်မံစိုက်ထူခြင်းကိုရပ်ဆိုင်းထားပေးရန် နှင့် ကန်ပက်လက်မြို့နှင့် ဆောမြို့ကြားကားလမ်းမိုင်တိုင်အမှတ် (၇၅/ဝ) ပေါ်တွင် ချင်းပြည်နယ် အတွင်း စိုက်ထူထားသော နယ်ခြား ဆိုင်းဘုတ်ကို အမြန်ဆုံးပြန်လည် ဖျက်သိမ်းပေးရန် တို့ဖြစ်သည်။



နယ်နိမိတ် ပြဿနာဖြစ်ပွားမှုကို သက်ဆိုင်ရာက အလေးထားဆောင်ရွက်ပေးရန် ဖိအားပေးသည့် အနေဖြင့် မကွေးတိုင်းဒေသရှိ အညာရွာ(၅)ရွာ အသုံးပြုသော ဆည်မြောင်းကို ချင်းပြည်နယ်ဖက်မှပိတ်လိုက်ခြင်း ဖြစ်ကြောင်းလည်းသိရသည်။

ဖြစ်စဉ်မှာ မကွေးတိုင်း ဆောမြို့နယ် ရေရှင်ကျေးရွာ အုပ်ချုပ်ရေးမှူးဒေါ်တိုးတိုးမှ ရွာခြင်းဆက်လမ်း ဖောက်လုပ်မည့်အပေါ် ဟန့်တားခြင်း၊ နယ်နိမိတ်ဘုတ်တိုင်များကို ၎င်းဧ။်သဘောအရ သက်မှတ်ခြင်းတို့ကြောင့် ကန်ပက်လက်မြို့နယ်ရှိ ကျောက်တောင် ကျေးရွာနှင့် ဆောမြို့နယ်ရှိ ရေရှင်ကျေးရွာ အချင်းချင်းအငြင်းပွားမှုများ ဖြစ်ကြောင်းလည်းသိရသည်။

ဓာတ်ပုံ - Crd
August 27, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အငှားယာဉ်မောင်းနှင်နေသည့် အသက် ၂၇ နှစ်အရွယ် ချင်းလူငယ် Pa Do Sian...
ဓာတ်ပုံ - (CPU/CPA က ဂိတ်ဆောက်လုပ်မှုကို ဒေသခံများ ကန့်ကွက် ဆန္ဒဖော်ထုတ်နေစဉ်)
August 24, 2026
ချင်းပြည်၊ မတူပီမြို့နယ်၊ လေဆင်းကျေးရွာတွင် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/...
ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...
ဓါတ်ပုံ - Crd
August 13, 2026
စစ်တပ်က ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့တွင် ပြန်လည်ထိန်းချုပ်လိုက်သည့် ချင်းပြည်၊ ဖလမ်းမြို့ပေါ်သို့...