မွန်အမျိုးသားပညာရေးကော်မတီ ရန်ပုံငွေပန်းချီပြပွဲ

မွန်အမျိုးသားပညာရေးကော်မတီ ရန်ပုံငွေပန်းချီပြပွဲ

(၇၂)ကြိမ်မြောက် မွန်အမျိုးသားနေ့အထိမ်းအမှတ်အဖြစ် မွန်အမျိုးသားပညာရေးအထောက်အကူပြုရန်ပုံငွေရရှိရန်ရည်ရွယ်သည့် ပန်းချီပြပွဲကို မော်လမြိုင်မြို့ ရာမညဟိုတယ်တွင် ယနေ့မှစ၍ သုံးရက်တိုင်ပြသသွားမည်ဖြစ်သည်။

အဆိုပါ ပန်းချီပြပွဲတွင် ပန်းချီဆရာ မောင်သိန်းဝင်း၊ မိအိမြတ်နိုးဦးနှင့် မိအဲမဏိအိန်တို့၏ ပန်းချီးကားချပ်များကို ပြသသွားမည်ဖြစ်သည်။

ပန်းချီကားစုစုပေါင်း (၁၈၀)ကျော်ပြသသွားမည်ဖြစ်ပြီး ပန်းချီကားအမျိုးအစားများမှာ Soft Pastel, Oil Pastel, Water Colour, Oil Colour, Mixed Mediun, Acrylic, Colour Pencial, Charcoal တို့ဖြစ်သည်။

ပန်းချီကားဈေးနှုန်းများမှာ အနိမ့်ဆုံး (၇)သောင်းကျပ်မှ အများဆုံး (၁၀)သိန်းကျပ်အထိဖြစ်ပြီး မည်သူမဆို အားပေးဝယ်ယူပြီး မွန်အမျိုးသားပညာရေးအတွက် ကူညီနိုင်ကြောင်း သိရသည်။

ဓာတ်ပုံ-MOI
June 26, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်မှုထမ်း အကြုံးဝင်တဲ့ လူငယ်တွေကို  မှတ်ပုံတင် ...
June 25, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ် ရတခတိုင်းမှူးအသစ် လက်ထက်မှာ...
ဓာတ်ပုံ-MOI
June 24, 2026
မွန်ပြည်နယ်မှာ သက်ဆိုင်ရာ ရပ်ကွက်နဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို ဥပဒေအတိုင်း မရွေးချယ်ဘဲ...
ဓာတ်ပုံ-CJ
June 23, 2026
မွန်ပြည်နယ်အတွင်းရှိ ရပ်ကွက်နဲ့ ကျေးရွာတွေမှာ မည်သူမဆို ခွင့်ပြုချက် မရှိဘဲ အသံချဲ့စက်...