ဗိုလ်ကြီးတစ်ဦး၏ အရိုက်ခံရသည့် ကျောင်းဆရာမမှ အမှုဖွင့်သော်လည်း စခန်းမှုးမရှိဆိုကာ မတူပီရဲစခန်းမှ အမှုလက်မခံ

ဗိုလ်ကြီးတစ်ဦး၏ အရိုက်ခံရသည့် ကျောင်းဆရာမမှ အမှုဖွင့်သော်လည်း စခန်းမှုးမရှိဆိုကာ မတူပီရဲစခန်းမှ အမှုလက်မခံ

ဗိုလ်ကြီးတစ်ဦးမှ ကျောင်းဆရာမတစ်ဦးအပေါ် ကိုယ်ထိလက်ရောက် ကျူးလွန်မှုခြင်းကြောင့် ရဲစခန်းတွင် အမှုဖွင့်ထားသော်လည်း စခန်းမှုးမရှိဟုဆိုကာ မတူပီရဲစခန်းမှ အမှုလက်မခံကြောင်း အရိုက်ခံရသူ ဆရာမနုဘောင်ကပြောသည်။

  အရိုက်ခံရသူ ဆရာမနုဘောင်က “  ဒီနေ့တော့ ရဲစခန်းသွားပြီးတော့ အမှုသွားဖွင့်တယ်။ စခန်းမှုးမရှိဘူးလို့ပြောတယ်။ ခွင့်ပြုချက်တွေလို တယ် ဆေးစစ်ချက်တွေလိုတယ် ပြီးတော့ ပုဒ်မတပ်ရမယ်လို့ ရဲစခန်းကပြောတယ်”ဟုပြောသည်။

ဆရာမနုဘောင်သည် မတူပီမြို့ပေါ် အခြေခံပညာ အထက်တန်းကျောင်း(အ.ထ.က ၁) တွင် ဓာတ်ခွဲကျွမ်းကျင်ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်သည်။ ထိုသို့ ဒီဇင်ဘာလ ၁၈ရက်နေ့တွင် ဗိုလ်ကြီး ပြည့်စုံမင်းက  ဆရာမနုဘောင်အပေါ် ကိုယ်ထိလက်ရောက်ကျူးလွန်ခြင်းဖြစ်သည်ဟု ဆရာမနုဘောင်ကပြောသည်။

ဆရာမ နုဘောင်က “သူနဲ့ကျွန်မက ၂၀၁၆ ခုနှစ် ကိုးလပိုင်းလောက်မှာ စသိကြတယ် ပြီးတော့ ချစ်သူရည်းစားတွေဖြစ်သွားတယ်။ ၂၀၁၇ ခုနှစ် ခုနှစ်လပိုင်းလောက်မှာ ကျတော့ ငွေရေးကြေးရေး ကိစ္စတွေပါလာတယ်။ ကျမကလည်း တခြားလူဆီကနေ အာမခံပြီးတော့ သူ့ကိုငွေချေးပေးလိုက်တယ်။ ပြန်မဆပ်ဘူး အဖေအမေတွေကို ပြောပြတယ်။ ရပ်မိရပ်ဖတွေကိုခေါ်ပြီး မနေ့ညက နောက်ဆုံးချိန်းထားတယ်။ ဒါပေမယ့် သူက စာချုပ်စာတမ်းတွေနဲ့ငွေအပြည့်အစုံယူလာတယ်။ နောက်နောင်လည်း ပက်သက်မှုမရှိတော့ဘူး။ တခြားကိစ္စတွေနဲ့လည်း မတိုင်တော့ဘူး။ အဲလိုမျိုးပါတဲ့ စာချုပ်ကိုယူလာတယ်။ ငွေကိုပြန်ပေးဖို့  ငွေတော့ပါလာတယ်။ ငွေရရှိကြောင်းတော့ လက်မှတ်ထိုးပေးမယ်။ ကျန်တဲ့ဟာတွက်တော့ လက်မှတ်မထိုးပေးနိုင်ဘူးလို့ ပြောထားလိုက်တယ်။ ငွေကိုယူပြီးတော့ အပြင်မှာဘဲနေလိုက်တယ်။ သူကျွန်မ နောက်ကိုလိုက်လာပြီးတော့ မင်းတပ်သွားတဲ့ လမ်းဘက်ကို ခေါ်သွားပြီး လက်မှတ်ထိုးမလား မထိုးဘူးလာဆိုပြီးတော့ ပါးတွေရိုက် ဆံပင်တွေစောင့်ဆွဲတယ်။  ပါးစပ်တွေကိုပိတ်တယ်။ နောက် နောက်ဆုံးတော့ မခံနိုင်လို့ လက်မှတ်ထိုးပေးလိုက်တယ်”ဟုပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ဗိုလ်ကြီးပြည့်စုံမင်းက “ ကျွန်တော်အဲသလိုလုပ်ခဲ့တာဘာမှမရှိဘူး။ သူပြောသလို လုပ်ခဲ့တာတွေဘာမှမရှိဘူး။ သူ့အိမ်ကိုလည်း ကျွန်တော်ကိုယ်တိုင် ပြန်လိုက်ပို့ခဲ့တယ်” ဟုပြောသည်။

May 2, 2026
အိန္ဒိယ - မြန်မာနယ်စပ်အနီးမှာရှိတဲ့ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ Khawpuichhip ကျေးရွာကို...
May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း မြို့နယ်များနဲ့ မကွေးတိုင်း ယောဒေသအစပ်နေရာတွေကို စစ်ကော်မရှင်က ဧပြီလ ၃၀...
April 30, 2026
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို ဧပြီလ ၂၉ ရက်နေ့ မနက်ပိုင်း ၁၀ နာရီ ၁၅...
April 28, 2026
မင်းတပ်မြို့နဲ့ ဆယ်မိုင်ကျော်အကွာသာရှိတဲ့ မကွေးတိုင်း၊ ကံကြီးကျေးရွာထဲကို စစ်ကော်မရှင်တပ်တွေက...