မတူပီခရိုင်ရုံးတည်ဆောက်မည့်ကိစ္စ ခွင့်ပြုချက်မရလည်း ဆန္ဒထုတ်ဖော်မည်ဟုဆို

မတူပီခရိုင်ရုံးတည်ဆောက်မည့်ကိစ္စ ခွင့်ပြုချက်မရလည်း ဆန္ဒထုတ်ဖော်မည်ဟုဆို

ချင်းပြည်နယ်၊ မတူပီမြို့တွင် ခရိုင်အုပ်ချုပ်ရေးရုံးကို မြို့နှင့်ကိုးမိုင်အကွာတွင် တည်ဆောက်မည့်အပေါ် ဒေသခံမြို့မိမြို့ဖများမှ ကန့်ကွက်သည့်အနေဖြင့် ခွင့်ပြုချက်မရလည်း ဆန္ဒထုတ်ဖော်သွားမည်ဖြစ်ကြောင်း မြို့မိမြို့ဖများကပြောသည်။

ဦးသိန်းမင်းက “စည်ပင်ကော်မတီ၊ မြို့မိမြို့ဖ တာဝန်ရှိတဲ့လူအားလုံးက ခရိုင်ရုံးကို သက်မှတ်ထားတဲ့ မြေနေရာမှာဘဲ ဆောက်ပေးပါလို့တောင်းဆိုတယ်။ မြေနေရာလည်းအများကြီးရှိတယ် ဆောက်ပေးပါလို့ တောင်းဆိုတဲ့ကြားက သူတို့က အဲဒီနေရာမကြိုက်ဘူး  သူတို့လိုချင်တဲ့နေရာက  မြို့ကနေရှစ်မိုင်လောက်ဝေးတဲ့ကျေးရွာနေရာမှာ ဆောက်ချင်ကြတာ။  မြို့ပေါ်လူထုက ခရိုင်ရုံးလိုမျိုး ရုံးဆိုတာ မြို့တွင်းမှာဘဲ လုပ်ရမယ်ဆိုပြီးတော့  ကျွန်တော်တို့က ဆန္ဒဖော်ထုတ်ကြမှာပါ ဆန္ဒထုတ်ဖော်နိုင်ဖို့ ခွင့်ပြုချက်ကိုလည်း မြို့နယ်ရုံးမှာတင်နေတုန်းဘဲ”ဟုပြောသည်။

မတူပီမြို့တွင် ရပ်ကွက်(၅)ခုရှိပြီး စန်းဘောန်ရပ်ကွက်၊ခိုဘွေရပ်ကွက် ၊လောင်ဗန်းရပ်ကွက်၊ငလား ရပ်ကွက် (၄)ခုမှ မြို့မိမြို့ဖ အားလုံးမှ ဆန္ဒထုတ်ဖော် ကြမည်ဟုလည်း သိရသည်။

မတူပီမြို့မိမြို့ဖဖြစ်သူ ဦးဘူဖွဲ့က “ခရိုင်အုပ်ချုပ်ရေးရုံးကိုတော့  စည်ပင်နယ်နိမိတ် မှာဘဲဖြစ်ဖြစ် ကောင်းတဲ့တစ်နေရာမှာ  ပြည်သူလူထုအတွက် ဆောက်ပေးပါလို့ တောင်းဆိုချင်တယ်။ မနေ့ညကဆိုရင် မြို့မိမြို့ဖတွေအားလုံး  အစည်းအဝေး သေချာလုပ်ပြီပေါ့။ ချင်းပြည်နယ်အစိုးရက  စည်ပင်ကော်မတီရဲ့တင်ပြချက်ကို  ဘာမှဂရုမစိုက်တဲ့ အတွက်မြို့မိမြို့ဖအနေနဲ့ ဆန္ဒထုတ်ဖော်ဖို့ ဆုံးဖြတ်ပြီးသားဆိုတော့ ခွင့်ပြုချက်ရရမရရ ဆန္ဒထုတ်ဖော်သွားကြမယ်လို့ အားလုံးက ဒီလိုဘဲဆုံးဖြက်ကြတယ်”ဟုပြောသည်။

မတူပီမြို့ကို ခရိုင်အဖြစ်တိုးမြှင့်ရန်အတွက် ယခင်ချင်းပြည်နယ်ဝန်ကြီးချုပ်ဦးဟုန်းငိုင်း လက်ထက်က အမှုတွဲတင်ထားခြင်းဖြစ်ပြီး NLD အစိုးရသစ်လက်ထက်တွင် ခရိုင်မြို့အဖြစ် တိုးမြှင့်ခံရသည်။

ဓာတ်ပုံ - Crd
August 27, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အငှားယာဉ်မောင်းနှင်နေသည့် အသက် ၂၇ နှစ်အရွယ် ချင်းလူငယ် Pa Do Sian...
ဓာတ်ပုံ - (CPU/CPA က ဂိတ်ဆောက်လုပ်မှုကို ဒေသခံများ ကန့်ကွက် ဆန္ဒဖော်ထုတ်နေစဉ်)
August 24, 2026
ချင်းပြည်၊ မတူပီမြို့နယ်၊ လေဆင်းကျေးရွာတွင် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/...
ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...
ဓါတ်ပုံ - Crd
August 13, 2026
စစ်တပ်က ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့တွင် ပြန်လည်ထိန်းချုပ်လိုက်သည့် ချင်းပြည်၊ ဖလမ်းမြို့ပေါ်သို့...