ပလက်ဝမြို့နယ်တွင်းက စစ်ဘေးရှောင်များ အနီးနားကျေးရွာများတွင် အလုပ်ရှာပြီး စားဝတ်နေရေးဖြေရှင်းနေရ

ပလက်ဝမြို့နယ်တွင်းက စစ်ဘေးရှောင်များ အနီးနားကျေးရွာများတွင် အလုပ်ရှာပြီး စားဝတ်နေရေးဖြေရှင်းနေရ

ရက္ခိုင့်တပ်မတော်(AA) နှင့် မြန်မာစစ်တပ်ကြား စစ်ပွဲကြောင့် ပလက်ဝမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ဒုက္ခသည်များအနေဖြင့် အစားအသောက်ပြတ် လပ်နေပြီဖြစ်သည့်အတွက် ဘေးနားရှိကျေးရွာများတွင် အလုပ်အကိုင်ရှာဖွေပြီး စားဝတ်နေရေးကိစ္စဖြေရှင်းနေရသည်ဟု စစ်ဘေးရှောင်ဒုက္ခကယ်ဆယ်ရေး အတွင်းရေးမှုး ကိုကျော်အောင်ကပြောသည်။

ကိုကျော်အောင်က “အခုနီးစပ်ရာအမျိုးတွေ၊ ကျေးရွာတွေဆီမှာအလုပ်ရှာတယ်။ အဲဒီကနေရတဲ့ဟာနဲ့ပဲ သူတို့ရုန်းကန်ကြရတယ်။ ဘာသာရေးအသင်းအဖွဲ့ ကတော့ နည်းနည်းပါးပါးလှူတာတော့ရှိတယ်။ ဒါပေမယ့် နေရာတိုင်းတော့မရဘူး” ဟုပြောသည်။

ချင်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပလက်ဝမြို့နယ်အတွင်း စစ်ဘေးရှောင်ဒုက္ခသည်များအတွက် ကျေးရွာအုပ်စုများမှ ပေးပို့လာသည့် စာရင်းအတိုင်း ထွေအုပ်က စာရင်းပြုစုကာ လိုအပ်သလို ကူညီထောက်ပံ့မှုများပြုလုပ်ပေးလျက်ရှိကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိ စည်ပင်ဝန်ကြီး ဦးစိုးထက်က ချင်းဝေါလ်သတင်းဌာနသို့ဖြေကြားခဲ့သည်။

ကိုကျော်အောင်က အစိုးရအနေဖြင့် စစ်ဘေးဒုက္ခသည်များစတင်ထွက်ပြေးလာသည့်အချိန်တွင်သာ ထောက်ပံ့မှုပေးခြင်းဖြစ်ပြီး နောက်ပိုင်းတွင် အစိုးရဖက်မှ ထောက်ပံ့မှုမျိုးမရရှိတော့ကြောင်း ပြောသည်။

ကိုကျော်အောင်က “ အစိုးရကနေထောက်ပံ့ပေးတယ်ဆိုတာက ဒုက္ခသည်တွေ စထွက်ပြေးလာတဲ့အချိန်မှာထောက်ပံ့ပေးတယ်။ အဲဒီထောက်ပံ့မှုတွေကိုလည်း ရတယ်။ နောက်ပိုင်းကျတော့ သူတို့ထောက်ပ့ံတာမရှိတော့ဘူး” ဟုပြောသည်။

လက်ရှိအချိန်တွင် ပလက်ဝမြို့နယ် ရှင်းလက်ဝ၊ မီးဇာ၊ ကင်းတလင်းနှင့် စဉ်ဘောင်ပျဉ်တို့တွင် စစ်ဘေးဒုက္ခသည်များ ခိုလှုံတိန်းရှောင်လျက်ရှိကြသည်။

ချင်းပြည်နယ်အစိုးရ၏ စာရင်းတွင် ပလက်ဝမြို့နယ်အတွင်း စစ်ဘေးရှောင်ဒုက္ခသည် ၁၃၃၁ ဦးရှိပြီး ချင်းလူ့အခွင့်အရေးအဖွဲ့၏ အစီအရင်ခံစာတွင်မူ အိန္ဒိယနိုင်ငံဖက်သို့ထွက်ပြေးသည့် ဒုက္ခသည်များအပါအဝင် ဒုက္ခသည်ပေါင်း ၆၀၀၀ ကျော်ရှိကြောင်း ဖော်ပြထားသည်။

May 2, 2026
အိန္ဒိယ - မြန်မာနယ်စပ်အနီးမှာရှိတဲ့ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ Khawpuichhip ကျေးရွာကို...
May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း မြို့နယ်များနဲ့ မကွေးတိုင်း ယောဒေသအစပ်နေရာတွေကို စစ်ကော်မရှင်က ဧပြီလ ၃၀...
April 30, 2026
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို ဧပြီလ ၂၉ ရက်နေ့ မနက်ပိုင်း ၁၀ နာရီ ၁၅...
April 28, 2026
မင်းတပ်မြို့နဲ့ ဆယ်မိုင်ကျော်အကွာသာရှိတဲ့ မကွေးတိုင်း၊ ကံကြီးကျေးရွာထဲကို စစ်ကော်မရှင်တပ်တွေက...