ကန်ပက်လက်မြို့တွင် နိုင်ငံတော်အတိုင်ပင်ခံလာမည့်ရက် မသေချာသေး

ကန်ပက်လက်မြို့တွင် နိုင်ငံတော်အတိုင်ပင်ခံလာမည့်ရက် မသေချာသေး

ကြားဖြတ်ရွေးကောက်ပွဲရှိသည့် ကန်ပက်လက်မြို့တွင် နိုင်ငတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည် လာမည်ဖြစ်ပြီး မည်သည့်နေ့တွင်ရောက်ရှိမည်ကိုမူ အတိအကျမပြောနို င်သေးကြောင်း ချင်းပြည်နယ်လွှတ်တော်ဒု – ဥက္ကဌ ဦးအောင်သန်းကပြောသည်။

ဦးအောင်သန်းက “ လာတော့လာမယ်။ ဘယ်တော့လာမလဲတော့မသိရသေးဘူး။ အဓိကတော့ ကန်ပက်လက်ကိုလာတာပေါ့။ ပြီးတော့ ခေါ်နူးစုမ်တောင်တက်မယ်ထင်တယ်။ မင်းတပ်မြို့နယ်က ကျေးရွာတစ်ခုမှ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက လှူဒါန်းထားတဲ့ ကျောင်းရှိတယ်။ အဲဒီကိုလည်း သွားချင်တယ်ပြောပေမယ့် ခုလမ်းမကောင်းဘူးပြောကြတော့ မသွားဖြစ်လောက်ဘူး။ထင်တယ်။ မတူပီကိုတော့ မသွားတော့ဘူး” ဟုပြောသည်။

နိုဝင်ဘာလတွင်ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲ တစ်ဖြည်းဖြည်းနီးလာချိန်တွင် ပြည်ခိုင်ဖြိုးပါတီမှ ဗဟိုပါတီဥက္ကဌနှင့် အဖွဲ့ဝင်များလည်း ကန်ပက်လက်မြို့တွင် လာရောက်ကာ လူထုတွေ့ဆုံပွဲတက်ရောက်ပြီး ကိုယ်စားလှယ်လောင်းမိတ်ဆက်ပေးမှုကိုဆောင်ရွက်ခဲ့သည်။

အဲန်အယ်ဒီပါတီမှ တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးများမှလည်း ပြီးခဲ့သည့်အပတ်တွင် ပါတီစည်းရုံးရေးများ လာရောက်လုပ်ဆောင်ခဲ့သည်။

ကန်ပက်လက်မြို့နယ်တွင် ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ၊ ချင်းတိုးတက်ရေးပါတီ၊ ပြည်ခိုင်ဖြိုးပါတီနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ တို့ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

ချင်းပြည်နယ်၌ ကြားဖြတ်ရွေးကောက်ပွဲအတွက် ကန်ပက်လက်မြို့နယ်နှင့် မတူပီမြို့နယ် နှစ်နေရာရှိသော်လည်း ပါတီခေါင်းဆောင်ပိုင်းအတော်များများမှာ ပြည်သူ့လွှတ်တော်နေရာလစ်လပ်သည့် ကန်ပက်လက်မြို့အထိသာလာရောက်မှုလျက်ရှိကြသည်။

ဓာတ်ပုံ - Crd
August 28, 2026
ချင်းပြည်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာတော် Reverend...
ဓာတ်ပုံ - Crd
August 27, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အငှားယာဉ်မောင်းနှင်နေသည့် အသက် ၂၇ နှစ်အရွယ် ချင်းလူငယ် Pa Do Sian...
ဓာတ်ပုံ - (CPU/CPA က ဂိတ်ဆောက်လုပ်မှုကို ဒေသခံများ ကန့်ကွက် ဆန္ဒဖော်ထုတ်နေစဉ်)
August 24, 2026
ချင်းပြည်၊ မတူပီမြို့နယ်၊ လေဆင်းကျေးရွာတွင် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/...
ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...