ယခုနှစ် ဟားခါးကောလိပ်တွင် အဝေးသင်စာမေးပွဲဖြေဆိုသူ ယခင်နှစ်ထက် ကျောင်းသား/သူဦးရေ သုံးဆပိုများ

ယခုနှစ် ဟားခါးကောလိပ်တွင် အဝေးသင်စာမေးပွဲဖြေဆိုသူ ယခင်နှစ်ထက် ကျောင်းသား/သူဦးရေ သုံးဆပိုများ

ချင်းပြည်နယ် ဟားခါးမြို့ရှိ ဟားခါးကောလိပ်တွင် ဒုတိယအကြိမ်အဖြစ် အဝေးသင်စားမေးပွဲအား အောက်တိုဘာလ ၂ရက်နေ့မှ စတင်ဖြေဆိုနေကြပြီဖြစ်ပြီး ယခုနှစ်တွင် ဖြေဆိုမည့် ကျောင်းသား/သူဦးရေ အရင်နှစ်ထက် သုံးဆပိုများကြောင်း ဟားခါးကောလိပ် အဝေးသင်ဌာနမှ သိရသည်။

“ဒီနှစ်အတွက် ပထမသုတ်တွေက အောက်တိုဘာ ၂ရက်နေ့ကနေ စာမေးပွဲစဖြေပါပြီ၊ ပထမသုတ်ကတော့ အနီးကပ်သင်တန်းမရှိပါဘူး၊ ဒီနှစ်ဖြေမယ့် ကျောင်းသားဦးရေက အားလုံးပေါင်း လေးရာကျော်ပါတယ်၊ သမိုင်းမေဂျာတော့ အများဆုံးဖြစ်မယ်ပေါ့နော်၊ အရင်နှစ်က ကျောင်းသားအားလုံးပေါင်း တစ်ရာကျော်ဘဲရှိတယ်၊ ဒီနှစ်က သုံးဆလောက်ပိုများသွားတာပေါ့နော်” ဟုဟားခါးကောလိပ်မှ အဝေးသင်ဌာနမော်ကွန်းထိန်း ဦးအောင်ဇော်မိုးမှ ပြောသည်။

ဟားခါးကောလိပ်တွင် အဝေးသင်စားမေးပွဲအား ၂၀၁၇-၂၀၁၈ ပညာသင်နှစ်မှ စတင် လက်ခံခဲ့ပြီး အဆိုပါနှစ်တွင် ကျောင်းသားဦးရေ တစ်ရာကျော်ဖြေဆိုခဲ့ပြီး ဖြေဆိုသည့်အထဲမှ အနည်းငယ်သာ ကျရှုံးခဲ့ကြောင်း သိရသည်။

ဟားခါးကောလိပ်၏ ကျောင်းအုပ်ကြီး ဒေါက်တာလျန်ဇာခုပ်မှ “ဒီနှစ်က သိပ္ပံတွဲကနည်းနည်းဘဲရှိပါတယ်၊ ၀ိဇ္ဇာတွဲကတော့ ပိုများပါတယ်၊ ပထမသုတ်တွေကတော့ အနီးကပ်သင်တန်းမရှိဘူး၊ ဒေးတွေတက်နေတဲ့အချိန် စနေ တနင်္ဂနွေလိုမျိုးမှာကျောင်းလာတက်ကြတယ် ခုစာမေးပွဲဖြေတယ်၊ ၀ိဇ္ဇာတွေကျတော့ ၁၂ရက်နေ့ကနေ အနီးကပ်သင်တန်းဆယ်ရက်တက်မယ် ပြီးရင် စားမေးပွဲဖြေမယ်ပေါ့၊ အဲဒါကတော့ အရင်နှစ်နဲ့ပုံမှန်ပါဘဲ”ဟု ဖြေကြားခဲ့သည်။

May 2, 2026
အိန္ဒိယ - မြန်မာနယ်စပ်အနီးမှာရှိတဲ့ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ Khawpuichhip ကျေးရွာကို...
May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း မြို့နယ်များနဲ့ မကွေးတိုင်း ယောဒေသအစပ်နေရာတွေကို စစ်ကော်မရှင်က ဧပြီလ ၃၀...
April 30, 2026
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို ဧပြီလ ၂၉ ရက်နေ့ မနက်ပိုင်း ၁၀ နာရီ ၁၅...
April 28, 2026
မင်းတပ်မြို့နဲ့ ဆယ်မိုင်ကျော်အကွာသာရှိတဲ့ မကွေးတိုင်း၊ ကံကြီးကျေးရွာထဲကို စစ်ကော်မရှင်တပ်တွေက...