တီးတိန်မြို့နယ်ပိုင် မြေဧက ၃၀၀ ကျော်ကို ကလေးတက္ကသိုလ်နယ်မြေအဖြစ် လွှဲပြောင်းရန် ကွင်းဆင်းမြေတိုင်း

တီးတိန်မြို့နယ်ပိုင် မြေဧက ၃၀၀ ကျော်ကို ကလေးတက္ကသိုလ်နယ်မြေအဖြစ် လွှဲပြောင်းရန် ကွင်းဆင်းမြေတိုင်း

ကလေးတက္ကသိုလ်တည်ဆောက်ထားသည့် ချင်းပြည်နယ် တီးတိန်မြို့နယ်အတွင်းရှိ နယ်မြေကို ကလေးတက္ကသိုလ်နယ်မြေအဖြစ် လွှဲပြောင်းအသုံးပြုရန်အတွင် တာဝန်ရှိသူများ ကွင်းဆင်းတိုင်းတာခဲ့သည်ဟု ခိုင်ကမ်း ပြန်/ဆက် သတင်းစာမျက်နှာတွင် ဖော်ပြထားသည်။

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ဆီးယင်းသစ်တောကြိုးဝိုင်းမှ ကလေးတက္ကသိုလ်နယ်မြေအဖြစ် လွှဲပြောင်းအသုံးပြုရန်အတွက် ကြိုးဝိုင်းတောမြေအဖြစ်မှ ပယ်ဖျက်ပြီးဖြစ်သည့် မြေဧက ၃၀၈.၅၆ ကိုစက်တင်ဘာလ ၅ ရက်ကတည်းက တိုင်းတာခဲ့ခြင်းဖြစ်သည်။

ထိုသို့ မြေနေရာတိုင်းတာမှုကို ခိုင်ကမ်းမြို့အုပ်ချုပ်ရေးမှုး၊ တီးတိန်မြို့နယ် လယ်ယာစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ခိုင်ကမ်းမြို့ နယ်မြေတာဝန်ခံ၊ ခိုင်ကမ်းမြို့စည်ပင်သာယာရေးကော်မတီဥက္ကဌ၊ တာဝန်ခံ၊ သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများ၊ ခိုင်ကမ်းမြို့အမှတ် (၂) ရပ်ကွက်အုပ်ချုပ်ရေးမှုးတို့မှ ကွင်းဆင်းတိုင်းတာခဲ့ခြင်းဖြစ်ကြောင်း ခိုင်ကမ်း ပြန်/ဆက် အွန်လိုင်းသတင်းစာမျက်နှာတွင်ဖော်ပြထားသည်။

ကလေးတက္ကသိုလ်နယ်မြေ စုစုပေါင်း ၃၅၈ ဧကရှိသည့်အနက် ချင်းပြည်နယ် တီးတိန်မြို့နယ်၊ ဆီးယင်းသစ်တောကြိုးဝိုင်းမှ ကလေးတက္ကသိုလ်နယ်မြေအဖြစ် လွှဲပြောင်းအသုံးပြုရန် ကြိုးဝိုင်းတောမြေအဖြစ်မှ ပယ်ဖျက်ပြီးဖြစ်သည့် ၃၀၈.၅၆ မှာ ကလေးတက္ကသိုလ်အတွက် မြေပိုင်ဆိုင်မှု အထောက်အ ထားမရှိသေးသဖြင့် ကူညီဆောင်ရွက်ပေးရန် ကလေးတက္ကသိုလ်က ဇူလိုင်လ ၂၃ ရက်နေ့စွဲဖြင့် တီးတိန်မြို့နယ်သို့ အကူအညီတောင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကလေးတက္ကသိုလ်သည် ယခင်က ချင်းပြည်နယ် အတွက်ရည်ရွယ်တည်ဆောက်ခဲ့သည့် ခိုင်ကမ်းကောလိပ်ကို ကလေးတက္ကသိုလ်အဖြစ် ပြောင်းလဲခေါ်ဝေါပြီး စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိသည့် တက္ကသိုလ်အဖြစ် ပြောင်းလဲခဲ့သည်။

May 2, 2026
အိန္ဒိယ - မြန်မာနယ်စပ်အနီးမှာရှိတဲ့ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ Khawpuichhip ကျေးရွာကို...
May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း မြို့နယ်များနဲ့ မကွေးတိုင်း ယောဒေသအစပ်နေရာတွေကို စစ်ကော်မရှင်က ဧပြီလ ၃၀...
April 30, 2026
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို ဧပြီလ ၂၉ ရက်နေ့ မနက်ပိုင်း ၁၀ နာရီ ၁၅...
April 28, 2026
မင်းတပ်မြို့နဲ့ ဆယ်မိုင်ကျော်အကွာသာရှိတဲ့ မကွေးတိုင်း၊ ကံကြီးကျေးရွာထဲကို စစ်ကော်မရှင်တပ်တွေက...