လူနာ​သေဆုံးမူနှင်​့ပတ်​သက်​ပြီးထန်တလန်မြို့ ပြည်သူ့ဆေးရုံအုပ်ကို ပြည်နယ်အဆင့်မှ ခေါ်ယူသတိပေး

လူနာ​သေဆုံးမူနှင်​့ပတ်​သက်​ပြီးထန်တလန်မြို့ ပြည်သူ့ဆေးရုံအုပ်ကို ပြည်နယ်အဆင့်မှ ခေါ်ယူသတိပေး

ချင်းပြည်နယ်၊ ထန်တလန်ပြည်သူ့ဆေးရုံတွင် ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးသေဆုံးခဲ့မှုနှင့်ပတ်သက်ပြီး ဆေးရုံတာဝန်ခံကို ပြည်နယ်ပြည်သူ့ကျန်းမာရေး/ကုသရေးဦးစီးဌာနမှုးက စက်တင်ဘာ (၅) ရက်နေ့က ခေါ်ယူသတိပေးခဲ့ကြောင်းသိရသည်။

ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ စီမံအုပ်ချုပ်ရေးအရာရှိ ဦးနိန်ဟုန်းက “ ပြည်နယ်မှုးကတော့ မနေ့က ခေါ် ယူသတိပေး တယ်။ ဌာနဆိုင်ရာမှာ ခေါ်ယူ သတိပေးခံရတယ်ဆိုတာ အတော်လေးနက်တာပေါ့။ မြို့နယ်ဆရာဝန်ကလည်း အသစ်ဆိုတော့ အတွေ့အကြုံအရလည်းလိုအပ်သေး တာပေါ့။ ပြည်နယ်မှုးကတော့ စီမံဆောင်ရွက်ရမယ့် လုပ်ငန်းတွေချပြပေးထားတယ်။ ထန်တလန်မြို့ ပြည်သူ့ဆေးရုံတာ ဝန်ခံကလည်း သူ့အနေနဲ့ လုပ်ငန်းပိုင်းတွေမှာ အတွေ့အကြုံအားနည်းပါတယ်ဆိုတာမျိုးဝန်ခံတယ်” ဟုပြောသည်။

သူကဆက်ပြီး ထန်တလန်မြို့နယ် ပြည်သူ့ဆေးရုံအုပ် ကို ပြည်နယ်အဆင့်မှ တရားဝင်စာဖြင့် အသိပေးမှုလည်း ဆက်လည်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းပြောသည်။ 

လက်ရှိထန်တလန်မြို့နယ်ပြည်သူ့ဆေးရုံအုပ်သည် တိုက်နယ်ဆေးရုံမှ ရာထူးတိုးဖြင့် ထန်တလန်မြို့ ပြည် သူ့ဆေးရုံသို့ ပြောင်းရွှေ့လာခြင်းဖြစ်ပြီး တာဝန်ထမ်းဆောင်မှု လပိုင်းဝန်းကျင်သာရှိသေးသည်ဟု သိရသည်။

ထန်တလန်မြို့ပြည်သူ့ဆေးရုံတွင် ကိုယ်ဝန်ပျက်ကျမှုကြောင့် ဆေး ရုံတက်ခဲ့သည့် ကိုယ်ဝန်သည် Lal Dim Rem မှာ ဆေးရုံ တက်ပြီး နှစ်ရက်အကြာ သြဂုတ်လ (၁၁) ရက်နေ့တွင်သေ ဆုံးခဲ့ သည်။ သေးဆုံးမှုနှင့် ပတ်သက်ပြီး ဆေးရုံတာဝန်ခံမှ ဟားခါးပို့စ် စာစောင်တွင် ဖြေရှင်းချက်များရေးခဲ့ရာမှ လူနာရှင်ဖက်နှင့် အပြန်အလှန် သတင်းချေပရာ ကနေစပြီး ပြည်နယ်အဆင့် တာဝန်ရှိ သူတွေ၏ ရှေးဦးစစ်ဆေးမှုများပြုလုပ်ခဲ့သည်။



 

ဓာတ်ပုံ - Crd
August 28, 2026
ချင်းပြည်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာတော် Reverend...
ဓာတ်ပုံ - Crd
August 27, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အငှားယာဉ်မောင်းနှင်နေသည့် အသက် ၂၇ နှစ်အရွယ် ချင်းလူငယ် Pa Do Sian...
ဓာတ်ပုံ - (CPU/CPA က ဂိတ်ဆောက်လုပ်မှုကို ဒေသခံများ ကန့်ကွက် ဆန္ဒဖော်ထုတ်နေစဉ်)
August 24, 2026
ချင်းပြည်၊ မတူပီမြို့နယ်၊ လေဆင်းကျေးရွာတွင် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/...
ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...