ကန့်ကွက်မှုများရှိခဲ့သော်လည်း ဟားခါး GTI ကျောင်းနယ်မြေတွင် ပြည်နယ်တရားလွှတ်တော်ရုံး တည်ဆောက်ရန် အတည်ပြု

ကန့်ကွက်မှုများရှိခဲ့သော်လည်း ဟားခါး GTI ကျောင်းနယ်မြေတွင် ပြည်နယ်တရားလွှတ်တော်ရုံး တည်ဆောက်ရန် အတည်ပြု
by -
Salai Benezer

ချင်းပြည်နယ် ဟားခါးမြို့ရှိ GTI ကျောင်းနယ်မြေတွင် ချင်းပြည်နယ်အစိုးရမှ တရားလွှတ်တော်ရုံးတည်ဆောက်ရန် ပြင်ဆင်နေမှုနှင့်ပတ်သက်သက်ပြီး ကျောင်းသားအဖွဲ့အစည်းများမှ ကန့်ကွက်မှုများရှိခဲ့သော်လည်း အစိုးရ၏ အစီအမံတိုင်း ဆက်လက်အကောင်အထည်ဖော်ရန် အတည်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။

ဟားခါး GTI ကျောင်းအုပ် ဒေါက်တာ တလွန်ဇထန်းမှ “သူတို့ဘက်က တရားလွှတ်တော်ရုံး မဆောက်လို့မဖြစ်တဲ့ပုံစံနဲ့ ပြောလာတယ်၊ တရားလွှတ်တော်ရုံးတည် ဆောက်ဖို့ကို ဘတ်ဂျက်တင်တုန်းက အဲဒီမြေနေရာကို တိုင်းပြီးတင်ထားတဲ့အတွက် တစ်ကယ်လို့ အဲဒီမြေနေရာမှာသာမဆောက်ခဲ့လို့ရှိရင် ဘတ်ဂျတ် ရုတ်သိမ်းခံရဖို့အခြေအနေဖြစ်နေတယ်၊ နေပြည်တော်ဘက်က ညွှန်မှူးကလည်း လာရောက်ဆွေးနွေးပေးတော့့ နောက်ဆုံး နှစ်ဘက်စလုံးအဆင်ပြေအောင် ကျွန်တော်တို့ဘက်က အလျှော့ပေးလိုက်ဖို့ဆုံးဖြတ်လိုက်တာပါ၊ နောက်ပိုင်းလည်း အစိုးရနှင့်အဆက်အဆံအမြဲလုပ်ရမယ်၊ ကျွန်တော်တို့မှာလည်း စီမံကိန်းတွေ အများကြီးရှိနေသေးတော့၊ နောက်ပိုင်းအစိုးရနှင့် ဆက်ဆံရေးထိခိုက်မှာကိုလည်း မလိုလားတာကြောင့်ပါ” ဟုပြောသည်။

ဟားခါး GTI ကျောင်းနယ်မြေတွင် အစိုးရလွှတ်တော်ရုံးတည်ဆောက်မည့်ကိစ္စကို ညှိနှိုင်းပေးရန် ပြည်ထောင်စုအဆင့် ညွှန်ကြားရေးမှူးမှ လာရောက်ခဲ့ပြီး အဆိုပါနယ်မြေတွင် တည်ဆောက်ရန် စီစဉ်ထားသည့် GTI ကျောင်းဆောင်ကို တစ်ခြားနေရာတွင် တည်ဆောက်ရန် အတည်ပြုခဲ့ကြောင်း သိရသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ချင်းပြည်နယ် လူမှုရေးဝန်ကြီး ပေါင်လွန်မင်းထန်ကို ဆက်သွယ်မေးမြန်းရာ “ကျောင်းအုပ်ကြီးအပါအဝင် ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေနှင့် ညှိညှိနှိုင်းနှိုင်းဆွေးနွေးပါတယ်၊ ကျောင်းသားဘက်ကလည်း အစတုန်းကလိုချင်တာတင်ပြတယ်၊ ညှိနှိုင်းလိုက်တော့အဆင်ပြေသွားပါပြီ ကျောင်းသားတွေဘက်ကလည်း ကျောင်းဆောင်ကို လမ်းမဘေးမှာ ကြီးကြီးကျယ်ကျယ်ဆောက်ချင်တယ်၊ ဒါပေမဲ့ အစိုးရကလည်း တရားရေးလွှတ်တော်က အရေးကြီးတဲ့ကဏ္ဍမှာပါနေတော့ နေပြည်တော်က ညွှန်ကြားရေးမှူးကိုယ်တိုင်လာပြီး အားလုံးဆွေးနွေးကြတော့ ပေးဖို့ဆုံးဖြတ်လိုက်တာပါ”ဟု ပြောသည်။

ဟားခါး GTI ကျောင်းမြေနေရာတွင် အစိုးရလွှတ်တော်ရုံးတည်ဆောက်မည့် ကိစ္စကို ဟားခါး GTI ကျောင်းသားသမဂနှင့် တစ်နိုင်းငံလုံးရှိ ကျောင်းသားအဖွဲ့အစည်းများမှ အပြင်းအထန် ရှုံ့ချကြောင်း ထုတ်ပြန်ခဲ့သော်လည်း နောက်ဆုံးတွင် နှစ်ဦးနှစ်ဘက် အဆင်ပြေရန် GTI ကျောင်းဖက်မှ အလျှော့ ပေးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ဟားခါး GTI ကျောင်းသားမဂ္ဂမှ ဆလိုင်း ဆန်လိန်းမှ “နေပြည်တော်ကနေ ညွှန်ကြားရေးမှူးတစ်ယောက်လာပြီးဆွေးနွေးတယ်၊ ကျွန်တော်တို့ဘက်က နစ်နာတာတွေရှိလာနိုင်တဲ့အတွက် ကျွန်တော်တို့မြေပေါ်မှာ တရားလွှတ်တော်အဆောက်အဦးလည်းဆောက်မယ် ကျွန်တော်တို့လိုအပ်နေတဲ့ ကျောင်းဆောင်သစ်တွေ လက်တွေ့ခန်းတွေနှင့် ဆရာ/ဆရာမ အဆောင်တွေကို ဆောက်ပေးဖို့ နှစ်ဦးနှစ်ဘက်သဘောတူလိုက်ပါတယ်” ဟု ပြောသည်။

Most read this week

December 18, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခွန်လီ ( Khuangli )ကျေးရွာအနီးအနားကို မနေ့ဒီဇင်ဘာလ ၁၆ ရက်နေ့က...
December 17, 2025
ချင်းပြည်နယ်ရှိ ချင်းဘာသာစကားများ အပါအဝင် မြန်မာပြည်ရှိ ဘာသာစကား (၂၀) မျိုးဖြင့်...
December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...