ဟားခါးမြို့တွင် (၃) ရက်အတွင်း ကြိုးဆွဲချ သေဆုံးမှု နှစ်ကြိမ်ဖြစ်ပွား

ဟားခါးမြို့တွင် (၃) ရက်အတွင်း ကြိုးဆွဲချ သေဆုံးမှု နှစ်ကြိမ်ဖြစ်ပွား
by -
Salai Benezar

ချင်းပြည်နယ် ဟားခါးမြို့တွင် စက်တင်ဘာလ ၁ရက်နေ့နှင့် ၃ရက်နေ့တို့တွင် ကြိုးဆွဲချသေဆုံးမှုဖြစ်ခဲ့ပြီး သုံးရက်အတွင်း ကြိုးဆွဲချ သေဆုံးမှုနှစ်ကြိမ်ဖြစ်ပွားကြောင်း ဟားခါးမြို့မ ရဲစခန်းက အတည်ပြုပြောကြားသည်။

“ဒီနေ့သေတာတော့ အမျိုးသမီးလို့သိရတယ်၊ ဘာကြောင့်၊ ဘယ်လိုဆိုတာ တိတိကျကျမသိရသေးဘူး၊ သွားစစ်ဆေးနေကြတုန်းဘဲရှိပါသေးတယ်၊ ရဲကြေးနန်းထွက်မှ တိတိကျကျသိရပါမယ်” ဟု ဟားခါးမြို့ မြို့မရဲစခန်းမှ ဒုရဲအုပ် ကိုသိန်းထွဋ်ဦးမှ ပြောသည်။

စက်တင်ဘ ၃ရက် ယနေ့တွင်သေဆုံးသူမှာ အသက် ၃၀ ဝန်းကျင် ကလေးတစ်ယောက်မိခင်ဖြစ်ပြီး ဟားခါးမြို့ စျေးသစ်ရပ်ကွက်ရှိ အော်တိုရုံးအထက်ဘက်ရှိ နေအိမ်တွင် ကြိုးဆွဲချသေဆုံးခဲ့ခြင်းဖြစ်သည်။

စက်တင်ဘာ ၁ရက်နေ့က သေဆုံးခဲ့သူမှာ ဗိုလ်ချုပ်လမ်းတွင် နေထိုင်သူ အသက် ၁၅နှစ်အရွယ် မောင်ဗန်ရမ်ဘွေးဖြစ်ပြီး ချင်းရိုးရာ တဘက်စောင်ဖြင့် တန်းလန်းသေဆုံးနေသည်ကို မိခင်ဖြစ်သူမှ တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ယခုနှစ်အတွင်း ချင်လူငယ်များ မိမိကိုယ်ကိုယ် အဆုံးစီရင်မှု အရေအတွက် များလာခြင်းနှင့်ပတ်သတ်ပြီး ဟားခါးမြို့နေ မြို့မိမြို့ဖ ဦးဟရန်ဗုန်းက “ခုနောက်ပိုင်း ချင်းလူငယ်လေးတွေ ကြိုးဆွဲချ သေဆုံးမှုများလာတာ တစ်ကယ်စိတ်မကောင်းဘူး၊ လူငယ်လေးတွေကိုစုပြီး အဲဒီပိုင်းမှာ သိနားလည်တဲ့ ပညာရှင်တွေခေါ်ပြီး ပညာပေးဟောပွဲတွေ လုပ်သင့်တယ်လို့မြင်ပါတယ်” ဟု ပြောသည်။

ယခုနှစ်အတွင်း ပြည်တွင်း၌ အကြောင်းအမျိုးမျိုးကြောင့် မိမိကိုယ်ကိုယ် အဆုံးစီရင်သည့် ချင်းလူငယ် ငါးဦးခန့် ရှိပြီဖြစ်ကြောင်းသိရသည်။

 

ဓာတ်ပုံ - Crd
August 28, 2026
ချင်းပြည်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာတော် Reverend...
ဓာတ်ပုံ - Crd
August 27, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အငှားယာဉ်မောင်းနှင်နေသည့် အသက် ၂၇ နှစ်အရွယ် ချင်းလူငယ် Pa Do Sian...
ဓာတ်ပုံ - (CPU/CPA က ဂိတ်ဆောက်လုပ်မှုကို ဒေသခံများ ကန့်ကွက် ဆန္ဒဖော်ထုတ်နေစဉ်)
August 24, 2026
ချင်းပြည်၊ မတူပီမြို့နယ်၊ လေဆင်းကျေးရွာတွင် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/...
ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...