မင်းတပ်မြို့ အရှေ့ပြင်ရပ်ကွက်တွင် အော်ရီဒူးတာဝါတိုင်တည်ဆောက်မည့်အပေါ် ပြည်သူများကန့်ကွက်

မင်းတပ်မြို့ အရှေ့ပြင်ရပ်ကွက်တွင် အော်ရီဒူးတာဝါတိုင်တည်ဆောက်မည့်အပေါ် ပြည်သူများကန့်ကွက်

ချင်းပြည်နယ် မင်းတပ်မြို့ အရှေ့ပြင်ရပ်ကွက်တွင် အော်ရီဒူးတာဝါတိုင် တည်ဆောက်မည့်အပေါ် လူနေအိမ်နှင့်အရမ်းနေကပ်နေသဖြင့် ကန့်ကွက်ရခြင်းဖြစ်ကြောင်း မင်းတပ်မြို့ ဒေသခံ ဆလိုင်းရှင်းအောင်လိန် ထံမှ သိရသည်။

ဒေသခံကန့်ကွက်သူ ရှင်းအောင်လိန်က “အော်ရီးဒူးတာဝါတိုင်ကို မစိုက်နဲ့ လို့ တားတာတော့မဟုတ်ဘူး စိုက်လို့ရပါတယ် အိမ်နဲ့တအားနီးတဲ့ အခါကြတော့ အကျိုးသက်ရောက်မှုများတယ် ပြီးတော့အိမ်မှာက ကလေးတွေနဲ့ဆိုတော့ ကလေးတွေကျန်းမာရေးအတွက်လည်း မကောင်းဘူး၊ အန္တရယ်လည်းများတယ် ကျွန်တော်တို့ကကုမ္ပဏီကိုမကြိုက်ဘူး၊ လူတွေကိုလည်းမုန်းလို့ ဆိုတာမျိုးနဲ့ ကန့်ကွက်တာမဟုတ်ဘူး ကျွန်တော်တို့ရဲ့ ကျန်းမာရေး အသက်အန္တရယ် စိုးရိမ်လို့ အိမ်နားမှာတော့မစိုက်န့် အိမ်နဲ့ကပ်လွန်းတယ် တခြားနေရာကိုရွေ့ ပေးစေချင်တယ်၊ ကျွန်တော်တို့ ဘက်ကကန့် ကွက်တာကိုလက်မခံရင် အထက်ကိုတင်ပြမယ် ဦးအောင်သန်းကိုလည်း ဖုန်းဆက်ထားတယ်”ဟုပြောသည်။

အရှေ့ ပင်ရပ်ကွက်နေ ပြည်သူများမှ ၎င်းတို့ ၏ ရပ်ကွက်ထဲတွင် တရားမဝင် တာဝါတိုင်လာရောက် တည်ဆောက်ခြင်းအပေါ် ကန့်ကွက်ကြကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် လက်မှတ်ရေးထိုးခဲ့ကြပြီး ဆွေးနွေးညိနှိုင်းရန်အတွက် အုပ်ချုပ်မှူးမှ ကုမ္မဏီတာဝန်ရှိသူ၊ မြေပိုင်ရှင်နှင့် ကန့်ကွက်ပြည်သူများကိုဖိတ်ခေါ်ခဲ့ ရာ ကုမ္ပဏီဘက်နှင့် မြေပိုင်ရှင်ဘက်မှ လာရောက်ခဲ့ခြင်းမရှိခဲ့ဘဲ ကန့် ကွက်ပြည်သူများသာ လာရောက်ခဲ့ သည်ဟု အုပ်ချုပ်ရေးမှူးဦးနိုင်းအွမ်က ပြောသည်။

အုပ်ချုပ်ရေးမှူး ဦးနိုင်းအွမ်က “(ECO)ကုမ္ပဏီက စည်ပင်(EO)ဆီကနေ ထောက်ခံစာရလို့ ပါတဲ့ ကျွန်တော်လည်းပြောတယ် စည်ပင်က ထောက်ခံတာက တာဝါတိုင်ဆောက်မဲ့ အမှုတွက်(EO)ကထောက်ခံပေး တာဖြစ်မယ် ခင်ဗျားတို့တရားဝင်မဟုတ်ဘူး တရားဝင်ဖြစ်ဖို့ က မြို့နယ်အုပ်ချူပ်ရေးမှူးက တရားဝင်ခွင့်ပြုတဲ့စာ ရရင်တော့ တရားဝင်ဖြစ်တယ် ခင်ဗျားတို့ အဲဒီတရားဝင်စာလည်းမရဘဲနဲ ့ အဲလို်သွားလုပ်လို့လာပြီးကန့်ကွက်တာလို့လည်း ကုမ္မဏဘက်ကို ပြောပြခဲ့ပါတယ်”ဟုပြောသည်။

မြေပိုင်ရှင် နှင့် ကုမ္ပဏီမှလည်း လာဆွေးနွေးညှိနှိုင်းခြင်းမရှိခဲ့၍ အရှေ့ပင်ရပ်ကွက်မှကန့် ကွက်ပြည်သူ (၄၂)ယောက်ရဲ့ ကန့်ကွက်စာကို အထက်မြို့နယ်ရုံးသို့တင်ခဲ့ပြီးပြီဟု လည်း ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးနိုင်းအွမ်ကပြောသည်။

 

ဓာတ်ပုံ - Crd
August 28, 2026
ချင်းပြည်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာတော် Reverend...
ဓာတ်ပုံ - Crd
August 27, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အငှားယာဉ်မောင်းနှင်နေသည့် အသက် ၂၇ နှစ်အရွယ် ချင်းလူငယ် Pa Do Sian...
ဓာတ်ပုံ - (CPU/CPA က ဂိတ်ဆောက်လုပ်မှုကို ဒေသခံများ ကန့်ကွက် ဆန္ဒဖော်ထုတ်နေစဉ်)
August 24, 2026
ချင်းပြည်၊ မတူပီမြို့နယ်၊ လေဆင်းကျေးရွာတွင် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/...
ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...