တာဝန်ယူသည့် ကုမ္ပဏီ၏ဒီဇိုင်းပိုင်းအမှားများကြောင့် သီမြစ်မြစ်ရေတင်စီမံကိန်း၂၀၁၉နှစ်ဆန်းပိုင်းမှ ပြီးနိုင်မည်ဟုဆို

တာဝန်ယူသည့် ကုမ္ပဏီ၏ဒီဇိုင်းပိုင်းအမှားများကြောင့် သီမြစ်မြစ်ရေတင်စီမံကိန်း၂၀၁၉နှစ်ဆန်းပိုင်းမှ ပြီးနိုင်မည်ဟုဆို
by -
Salai Benezer

ချင်းပြည်နယ် ဟားခါးမြို့ ရေပေးဝေရေးအတွက် တည်ဆောက်နေသည့် သီမြစ်မြစ်ရေတင်စီမံကိန်းအတွက် မြို့တွင်းဖြန့်ဝေရေးလိုင်းလုပ်ဆောင်ရာတွင် တာဝန်ယူသည့် ကုမ္ပဏီမှ ဒီဇိုင်းပိုင်းအမှားများကြောင့် ၂၀၁၉နှစ်ဆန်းပိုင်းမှ ပြီးနိုင်မည်ဟု စည်ပင်ဝန်ကြီး ဦးစိုးထက်ထံမှ သိရသည်။

“ဟားခါးမြစ်ရေတင်စီမံကိန်းက သီမြစ်ဆည်ကနေ မြို့ပေါ်တင်တဲ့အပိုင်းတော့ ပြီးသွားပြီ မြို့တွင်းဖြန့်တဲ့လိုင်းကို ကမ္ပဏီနှစ်ခုနှင့်လုပ်ရာမှာ ကုမ္ပဏီတစ်ခုက Personal ကိစ္စနှင့်မလုပ်နိုင်တော့တာကြောင့် KMDL ကုမ္ပဏီကဘဲဆက်လုပ်ပါတယ်၊ KMDL ကလုပ်ရာမှာ ဒီဇိုင်းပိုင်းကို ကောင်းကောင်းမလုပ်ထားတော့ အသေးစိတ်ပြန်စစ်ခိုင်းပြီးတော့ ပြန်ဆွဲခိုင်းနေတယ်၊ သူဆွဲတဲ့ ဒီဇိုင်းက မြေပြင်မှာ လုပ်ချင်ရာလုပ်ပြီးတော့မှ နောက်ကနေလိုက်ဆွဲတဲ့ ဒီဇိုင်းဖြစ်နေတယ်၊ အဲဒါကြောင့် မြေပြင်နှင့် ဒီဇိုင်းဆွဲထားတာနဲ့ တစ်ထပ်တည်းဖြစ်အောင် ပြန်စစ်နေပါတယ်၊ သူတို့ပြောတာတော့ နှစ်လသုံးလဆိုရင်ပြီးမယ်လို့တော့ပြောတယ်၊ သူတို့ဘက်ကရော ကျွန်တော်တို့ဘက်ကရော သေသေချာချာလုပ်ရင်တော့ ၂၀၁၉ နှစ်ဆန်းပိုင်းမှာ ပြီးနိုင်မယ်”ဟု ချင်းပြည်နယ် စည်ပင်ဝန်ကြီး ဦးစိုးထက်မှ ဖြေကြားခဲ့သည်။

သီမြစ်မြစ်ရေတင်စည်မံကိန်း မြို့တွင်းဖြန့်ဝေရေးလိုင်းဆောင်ရွက်ရာတွင် ကုမ္ပဏီ နှစ်ခုမှ တာဝန်ယူထားသော်လည်း ယခုအခါ KMDL ကုပ္မဏီတစ်ခုတည်းကသာ တာဝန်ယူနေရသဖြင့် ငွေရေကြေးလိုအပ်ချက်များလည်း ရှိနေသဖြင့် ပြည်ထောင်စုလွှတ်တော်သို့ အမြန်ဆုံးဆောင်ရွက်ပေးရန် တင်ပြထားကြောင်း သိရသည်။

ဟားခါးမြို့ ရေပေဝေရေးစီမံကိန်း နှောင့်နှေးနေမှုနှင့် ပတ်သတ်ပြီး ဟားခါးမြို့ခံ ကိုထောင်ပီးမှ “အစိုးရကလည်း တောက်လျှောက် ရေပေးဝေရေးစီမံကိန်း လုပ်နေတယ်လို့တော့ ကြားတယ် လက်ရှိမှာတော့ မရနိုင်သေးဘူးပေါ့နော်၊ ဆောင်ရွက်တဲ့ ကုမ္ပဏီရော အစိုးရပိုင်းအနေနဲ့ရော Procedure တွေ လုပ်ထုံးလုပ်နည်းတွေတော့ ရှိမှာပေါ့ အဲဒါတော့ အသေးစိတ်မသိဘူး ဒါပေမဲ့ ကျွန်တော်တို့ကတော့ ဆောင်ရွက်ပြီဆိုရင် ပြည်သူတွေသုံးလို့ရတဲ့အထိ ပြီးပြတ်တဲ့အထိတော့ အစိုးရကနေပြီးတော့ မြန်မြန်လေး ဆောင်ရွက်ပေးစေချင်တယ်” ဟုပြောသည်။

ဟားခါးမြစ်ရေတင်စီမံကိန်းကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှစတင်ကကာ ငွေကျပ် ၈.၈ ဘီလီယမ်ဖြင့် စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး သီမြစ်ဆည်တည်ဆောက်ခြင်းနှင့် သီမြစ်ဆည်မှ မြို့တွင်းရှိ ရေလှောင်ကန်သို့ ရေအရောက် တင်ပို့နိုင်ရန် ဆောင်ရွက်ပြီးဖြစ်သော်လည်း မြို့တွင်းဖြန့်ဝေရေးလုပ်ငန်း ဆောင်ရွက်ရာတွင် နှောင့်နှေးနေသဖြင့် ယခုချိန်ထိ မပြီးနိုင်ခြင်းဖြစ်ကြောင်း သိရသည်။

Most read this week

December 18, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခွန်လီ ( Khuangli )ကျေးရွာအနီးအနားကို မနေ့ဒီဇင်ဘာလ ၁၆ ရက်နေ့က...
December 17, 2025
ချင်းပြည်နယ်ရှိ ချင်းဘာသာစကားများ အပါအဝင် မြန်မာပြည်ရှိ ဘာသာစကား (၂၀) မျိုးဖြင့်...
December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...